
WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီရဲ့ ညီဖြစ်သူ တွမ်မီဖြူရီဟာ





YouTuber တစ်ယောက်ဖြစ်တဲ့ ဂျိတ်ပေါလ်နဲ့ ဆော်ဒီနိုင် ရီယာ့ဒ်မြို့မှာ
ထိုးသတ်ဖို့စစဉ်ထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ပွဲက ဖေဖော်ဝါရီလ





၂၆ ရက်နေ့မှာထိုးသတ်ဖို့ရှိနေတာဖြစ်တယ်။ ဘွတ်ကီအချို့ရဲ့
အလေးပေးချက်မှာတော့ လက်ဝှေ့အသိုင်းအဝိုင်းနဲ့အနီးစပ်ဆုံးနေလာခဲ့တဲ့
တွမ်မီဖြူရီက အံ့အားသင့်စရာအနေအထားနဲ့ underdog ဖြစ်နေပါတယ်။





ဂျိတ်ပေါလ်ရဲ့အနေအထားကိုကြည့်ရင်တော့ ပရော်ဖက်ရှင်နယ်
လက်ဝှေ့သမားသက်တမ်း ၃နှစ်လောက်သာရှိသေးပြီး





လက်ဝှေ့သမားအမည်ခံတွေနဲ့တစ်ပွဲမျှမထိုးသတ်ဖူးသေးတာဖြစ်တယ်။
တွမ်မီဖြူရီကတော့ ဂျိတ်ပေါလ်ကိုရှုံးခဲ့ရင် နာမည်ပါပြောင်းပြီး
လက်ဝှေ့လောကကိုစွန့်ခွာသွားမယ်လို့ ကတိပေးထားပါတယ်။





အစ်ကိုဖြစ်တဲ့ ဟဲဗီးဝိတ်ချန်ပီယံတိုင်ဆန်ဖြူရီက
“တကယ်လို့ သူရှုံးခဲ့ရင်တော့ ရော်နယ်ဒိုရဲ့ကိုယ်ရေးကိုယ်တာ





နည်းပြအဖြစ်နဲ့ ဆော်ဒီမှာနေခဲ့ရမယ်လို့ပြောထားပါတယ်။
သူ့ဘက်ကလည်း သဘောတူထားတယ်။ ရှုံးကြေးလေးယူ၊
အခန်းတစ်ခန်းငှားပြီး ရော်နယ်ဒိုကိုစောင့်ရှောက်ရမှာပါ” လို့





ဟာသလုပ်ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ညီဖြစ်သူဟာ အသက် ၈နှစ်
အရွယ်လောက်ကတည်းက လက်ဝှေ့နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းမှာ





ကျင်လည်ခဲ့သူဖြစ်သလို လူငယ်အရွယ်မှာ အပျော်တမ်း ၁၂ ပွဲလောက်
ထိုးသတ်ပြီးတဲ့နောက် စခန်းသွင်းလေ့ကျင့်မှုတွေနဲ့ဖြတ်သန်း
ထားတယ်လို့ တိုင်ဆန်ဖြူရီကဆိုပါတယ်။





zawgyi
YouTuber ဂ်ိတ္ေပါလ္နဲ႔ထိုးလို႔ရႈံးရင္ေတာ့ ေရာ္နယ္ဒိုနဲ႔သာေနရစ္ခဲ့ေတာ့လို႔ ညီျဖစ္သူတြမ္မီကို တိုင္ဆန္ျဖဴရီ ဟာသလုပ္ေျပာဆို





WBC ဟဲဗီးဝိတ္ခ်န္ပီယံ တိုင္ဆန္ျဖဴရီရဲ႕ ညီျဖစ္သူ တြမ္မီျဖဴရီဟာ
YouTuber တစ္ေယာက္ျဖစ္တဲ့ ဂ်ိတ္ေပါလ္နဲ႔ ေဆာ္ဒီႏိုင္ ရီယာ့ဒ္ၿမိဳ႕မွာ
ထိုးသတ္ဖို႔စစဥ္ထားပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ပြဲက ေဖေဖာ္ဝါရီလ





၂၆ ရက္ေန႔မွာထိုးသတ္ဖို႔ရွိေနတာျဖစ္တယ္။ ဘြတ္ကီအခ်ိဳ႕ရဲ႕
အေလးေပးခ်က္မွာေတာ့ လက္ေဝွ႔အသိုင္းအဝိုင္းနဲ႔အနီးစပ္ဆုံးေနလာခဲ့တဲ့





တြမ္မီျဖဴရီက အံ့အားသင့္စရာအေနအထားနဲ႔ underdog ျဖစ္ေနပါတယ္။
ဂ်ိတ္ေပါလ္ရဲ႕အေနအထားကိုၾကည့္ရင္ေတာ့ ပေရာ္ဖက္ရွင္နယ္
လက္ေဝွ႔သမားသက္တမ္း ၃ႏွစ္ေလာက္သာရွိေသးၿပီး





လက္ေဝွ႔သမားအမည္ခံေတြနဲ႔တစ္ပြဲမွ်မထိုးသတ္ဖူးေသးတာျဖစ္တယ္။
တြမ္မီျဖဴရီကေတာ့ ဂ်ိတ္ေပါလ္ကိုရႈံးခဲ့ရင္ နာမည္ပါေျပာင္းၿပီး





လက္ေဝွ႔ေလာကကိုစြန႔္ခြာသြားမယ္လို႔ ကတိေပးထားပါတယ္။
အစ္ကိုျဖစ္တဲ့ ဟဲဗီးဝိတ္ခ်န္ပီယံတိုင္ဆန္ျဖဴရီက
“တကယ္လို႔ သူရႈံးခဲ့ရင္ေတာ့ ေရာ္နယ္ဒိုရဲ႕ကိုယ္ေရးကိုယ္တာ





နည္းျပအျဖစ္နဲ႔ ေဆာ္ဒီမွာေနခဲ့ရမယ္လို႔ေျပာထားပါတယ္။
သူ႔ဘက္ကလည္း သေဘာတူထားတယ္။ ရႈံးေၾကးေလးယူ၊





အခန္းတစ္ခန္းငွားၿပီး ေရာ္နယ္ဒိုကိုေစာင့္ေရွာက္ရမွာပါ” လို႔
ဟာသလုပ္ခဲ့တာျဖစ္တယ္။ ဒါေပမဲ့ ညီျဖစ္သူဟာ အသက္ ၈ႏွစ္
အ႐ြယ္ေလာက္ကတည္းက လက္ေဝွ႔နဲ႔နီးစပ္တဲ့အသိုင္းအဝိုင္းမွာ





က်င္လည္ခဲ့သူျဖစ္သလို လူငယ္အ႐ြယ္မွာ အေပ်ာ္တမ္း ၁၂ ပြဲေလာက္
ထိုးသတ္ၿပီးတဲ့ေနာက္ စခန္းသြင္းေလ့က်င့္မႈေတြနဲ႔ျဖတ္သန္း





ထားတယ္လို႔ တိုင္ဆန္ျဖဴရီကဆိုပါတယ္။