၀ါးနုက  ၀ါးရင့်ကို ပတ်လို့မရဘူး ဂါဗီ

ဘာစီလိုနာအသင်းလူငယ်ကွင်းလယ်လူ ဂါဗီ ဟာ

ရီးရဲလ်မက်ဒရစ်ဝါရင့်ကွင်းလယ်လူ တိုနီခရူးစ်ကို

အင်စတာဂရမ်ပေါ်မှာလှောင်ပြောင်တဲ့ပို့စ်တင်ခဲ့ပြီးနောက်

ချက်ချင်းဆိုသလိုပြန်ဖျက်ပေးလိုက်ရတယ်လို့ သိရပါတယ်။

သူတို့နှစ်သင်းတွေ့ဆုံခဲ့တဲ့ စပိန်စူပါဖလားမှာ ဘာစီလိုနာဟာ

နောက်ကနေ ၂ ကြိမ်တိုင်လိုက်ပြီးချေပခဲ့ပေမယ့်

အချိန်ပိုပထမပိုင်းမှာ ရီးရဲလ်က ဗယ်လ်ဗာဒီကအနိုင်ဂိုးသွင်းခဲ့တဲ့အတွက်

၃-၂ နဲ့ရှုံးခဲ့ပါတယ်။ ဂါဗီ ဟာဒီပွဲမှာ တိုနီခရူးစ်နဲ့ ကွင်းလယ်တိုက်ပွဲဆင်နွှဲခဲ့ရပြီး

တစ်ကြိမ်မှာတော့ ခရူးစ်ကိုကွင်းထဲမှာလဲကျအောင်သူလုပ်နိုင်ခဲ့ပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ ဂါဗီဟာ ခရူးစ်လဲကျပြီး

နောက်သူထွက်သွားတဲ့ပုံကို ဘာပုံစာမှရေးထိုးခြင်းမရှိဘဲ

အင်စတာဂရမ်ပေါ်မှာတင်ခဲ့တာပါ။

ဒါပေမယ့်သူဟာအဲဒီပို့စ်ကိုချက်ခြင်းဆိုသလိုပြန်ဖျက်လိုက်ရပါတယ်။

ဒါဟာဘာကြောင့်လည်းဆိုတာတော့မသိရပေမယ့် ဖြစ်နိုင်ချေနှစ်ခုသာရှိပြီး

တစ်ခုကဝါရင့်ကစားသမားကြီးကို မလေးစားရာရောက်လို့

ဝေဖန်မှုတွေခံရနိုင်ဖို့ရှိတာကြောင့်နဲ့ နောက်တစ်ချက်က

ဘာစီလိုနာကအနိုင်မရဘဲ အခုလိုတင်လိုက်တဲ့အတွက်

အရှက်ရစရာဖြစ်နိုင် တာတွေကြောင့်ဘဲဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ခရူးစ်ဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှာ

အဓိကကျသူတစ်ဦးဖြစ်ပြီး ဂျာမနီအသင်းနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလားကို

ဆွတ်ခူးနိုင်ခဲ့သလို ရီးရဲလ်နဲ့လည်း ချန်ပီယံလိဂ်ဖလား ၄ ကြိမ်တောင်ရရှိခဲ့လို့

ဂုဏ်သိက္ခာအရှိဆုံး ဆုဖလားအများဆုံးရခဲ့တဲ့

ဘောလုံးသမားအနည်းငယ်ထဲမှာပါဝင်ပါတယ်။

အခုမှအသက် ၁၇ နှစ်ဘဲရှိသေးတဲ့ ဂါဗီ ဟာကစားသမားဘဝကို

အရှိန်ယူကာစဖြစ်လို့ ဒီလိုဝါရင့်ကြီးကိုမလေးမစားမလုပ်သင့်ဘူးဆိုတဲ့

ဝေဖန်မှုတွေတော့ရှိနေပါတယ်။

ဒါပေမယ့် ဂါဗီဟာဒီရာသီမှာခြေစွမ်းလျင်မြန်စွာတိုးတက်လာနေလို့

ဘာစီလိုနာအတွက် ၂၅ တောင်ကစားထားရတဲ့အပြင်

စပိန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရသေးသူဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာဟာ သူ့ကိုစာချုပ်သစ်ချုပ်ဖို့လည်း

အလျင်အမြန်ကြိုးစားနေပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်မှာ ထွက်ခွာကြေးက

ပေါင်သန်း ၅၀ သာဖြစ်ပေမယ့် စာချုပ်သစ်မှာတော့

တောရက်စ်၊ ဖာတီနဲ့ ပီဒရီ တို့လိုဘဲပေါင်တစ်ဘီလီယံအထိ ထည့်သွင်းဖို့ရှိနေပါတယ်။

zawgyi

၀ါးႏုက  ၀ါးရင့္ကို ပတ္လို႔မရဘူး ဂါဗီ

ဘာစီလိုနာအသင္းလူငယ္ကြင္းလယ္လူ ဂါဗီ ဟာ

ရီးရဲလ္မက္ဒရစ္ဝါရင့္ကြင္းလယ္လူ တိုနီခ႐ူးစ္ကို

အင္စတာဂရမ္ေပၚမွာေလွာင္ေျပာင္တဲ့ပို႔စ္တင္ခဲ့ၿပီးေနာက္

ခ်က္ခ်င္းဆိုသလိုျပန္ဖ်က္ေပးလိုက္ရတယ္လို႔ သိရပါတယ္။

သူတို႔ႏွစ္သင္းေတြ႕ဆုံခဲ့တဲ့ စပိန္စူပါဖလားမွာ ဘာစီလိုနာဟာ

ေနာက္ကေန ၂ ႀကိမ္တိုင္လိုက္ၿပီးေခ်ပခဲ့ေပမယ့္

အခ်ိန္ပိုပထမပိုင္းမွာ ရီးရဲလ္က ဗယ္လ္ဗာဒီကအႏိုင္ဂိုးသြင္းခဲ့တဲ့အတြက္

၃-၂ နဲ႔ရႈံးခဲ့ပါတယ္။ ဂါဗီ ဟာဒီပြဲမွာ တိုနီခ႐ူးစ္နဲ႔ ကြင္းလယ္တိုက္ပြဲဆင္ႏႊဲခဲ့ရၿပီး

တစ္ႀကိမ္မွာေတာ့ ခ႐ူးစ္ကိုကြင္းထဲမွာလဲက်ေအာင္သူလုပ္ႏိုင္ခဲ့ပါတယ္။

အသက္ ၁၇ ႏွစ္သာရွိေသးတဲ့ ဂါဗီဟာ ခ႐ူးစ္လဲက်ၿပီး

ေနာက္သူထြက္သြားတဲ့ပုံကို ဘာပုံစာမွေရးထိုးျခင္းမရွိဘဲ

အင္စတာဂရမ္ေပၚမွာတင္ခဲ့တာပါ။

ဒါေပမယ့္သူဟာအဲဒီပို႔စ္ကိုခ်က္ျခင္းဆိုသလိုျပန္ဖ်က္လိုက္ရပါတယ္။

ဒါဟာဘာေၾကာင့္လည္းဆိုတာေတာ့မသိရေပမယ့္ ျဖစ္ႏိုင္ေခ်ႏွစ္ခုသာရွိၿပီး

တစ္ခုကဝါရင့္ကစားသမားႀကီးကို မေလးစားရာေရာက္လို႔

ေဝဖန္မႈေတြခံရႏိုင္ဖို႔ရွိတာေၾကာင့္နဲ႔ ေနာက္တစ္ခ်က္က

ဘာစီလိုနာကအႏိုင္မရဘဲ အခုလိုတင္လိုက္တဲ့အတြက္

အရွက္ရစရာျဖစ္ႏိုင္ တာေတြေၾကာင့္ဘဲျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ခ႐ူးစ္ဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္မွာ

အဓိကက်သူတစ္ဦးျဖစ္ၿပီး ဂ်ာမနီအသင္းနဲ႔အတူ ၂၀၁၄ ကမာၻ႔ဖလားကို

ဆြတ္ခူးႏိုင္ခဲ့သလို ရီးရဲလ္နဲ႔လည္း ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ေတာင္ရရွိခဲ့လို႔

ဂုဏ္သိကၡာအရွိဆုံး ဆုဖလားအမ်ားဆုံးရခဲ့တဲ့

ေဘာလုံးသမားအနည္းငယ္ထဲမွာပါဝင္ပါတယ္။

အခုမွအသက္ ၁၇ ႏွစ္ဘဲရွိေသးတဲ့ ဂါဗီ ဟာကစားသမားဘဝကို

အရွိန္ယူကာစျဖစ္လို႔ ဒီလိုဝါရင့္ႀကီးကိုမေလးမစားမလုပ္သင့္ဘူးဆိုတဲ့

ေဝဖန္မႈေတြေတာ့ရွိေနပါတယ္။

ဒါေပမယ့္ ဂါဗီဟာဒီရာသီမွာေျခစြမ္းလ်င္ျမန္စြာတိုးတက္လာေနလို႔

ဘာစီလိုနာအတြက္ ၂၅ ေတာင္ကစားထားရတဲ့အျပင္

စပိန္လက္ေ႐ြးစင္အသင္းမွာလည္း ေ႐ြးခ်ယ္ခံခဲ့ရေသးသူျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘာစီလိုနာဟာ သူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဖို႔လည္း

အလ်င္အျမန္ႀကိဳးစားေနပါတယ္။ သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာ ထြက္ခြာေၾကးက

ေပါင္သန္း ၅၀ သာျဖစ္ေပမယ့္ စာခ်ဳပ္သစ္မွာေတာ့

ေတာရက္စ္၊ ဖာတီနဲ႔ ပီဒရီ တို႔လိုဘဲေပါင္တစ္ဘီလီယံအထိ ထည့္သြင္းဖို႔ရွိေနပါတယ္။