‘Winning team! @Cristiano are you ok?’ ဆိုပြီး ရော်နယ်ဒိုကို နောက်ပြောင်ခဲ့တဲ့ မာတစ်

မန်ယူအသင်းကွင်းလယ်လူ မာတစ် ဟာသူ့ကစားဖော်စီရော်နယ်ဒိုရဲ့အတ္တကို

လှောင်ပြောင်မှုတွေလုပ်ဖို့ ဝန်မလေးခဲ့ပါဘူး။ စီရော်နယ်ဒိုဟာ မန်ယူကို

ဒုတိယအကြိမ်ပြန်ရောက်ပြီးနောက် လေ့ကျင့်ရေးကွင်းမှာနှစ်ဖက်ခွဲကစားတိုင်း

အနိုင်ရခဲ့ပါတယ်။ သူ အနိုင်ရပြီးတိုင်းမှာလည်း သူနဲ့တစ်သင်းတည်းကျခဲ့တဲ့

ကစားဖော်တွေနဲ့တွဲရိုက်ထားတဲ့ပုံကိုဆိုရှယ်မီဒီယာပေါ်မှာတင်ကာ

Winning Team လို့မှတ်ချက်ရေးလေ့ရှိပါတယ်။

ဒါပေမယ့် ဒီတစ်ပတ်ထဲမှာတော့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ

စီရော် နယ်ဒိုပါတဲ့အသင်းရှုံးပွဲစကြုံခဲ့ပြီးနောက် ဆားဘီးယားလက်ရွေးစင်မာတစ်က

သူကစားဖော်ကိုရှုံးပွဲကြုံခဲ့မှန်းမသိသိအောင် မျက်နှာပြောင်ခဲ့တာဖြစ်ပါတယ်။

မာတစ်ဟာ သူနဲ့တစ်သင်းတည်းကစားခဲ့တဲ့ ကစားဖော်တွေနဲ့ အောင်ပွဲခံနေတဲ့ပုံကိုတင်ပြီး

‘Winning team! @Cristiano are you ok?’

(အနိုင်ရတဲ့အသင်း။ မင်းအဆင်ပြေလားစီရော်နယ်ဒို) ဆိုပြီးစာရေးသားကာ

သူ့ ရဲ့အင်စတာဂရမ်ပေါ်တင်ခဲ့တာပါ။ မာတစ်ဟာဆိုရှယ်မီဒီယာပေါ်မှာ

followers ၂ သန်းအထိရှိပြီး သူတင်တဲ့ပုံမှာ ကစားဖော် တွေက

လက်တွေမြှောက်ကာပြုံးရယ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်။

ပေါ်တူဂီစူပါစတားဖြစ်တဲ့ စီရော်နယ်ဒိုဟာပြိုင်ဆိုင်ရတာကိုနှစ်သက်သူဖြစ်ပြီး

အနိုင်ရလိုစိတ်ကြီးမားတဲ့ အတ္တရှိသူအဖြစ်လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။

ဒါကြောင့်လေ့ကျင့်ရေးကွင်းမှာလည်း အနိုင်ရအောင်အားထုတ်လေ့ရှိပြီး

အနိုင်ရပြီးတိုင်း လည်း Winning Team ဆိုပြီး ကစားဖော်တွေနဲ့ပုံကို

အင်စတာဂရမ်ပေါ်တင်လေ့ရှိတာပါ။ မန်ယူအသင်းမှာ ကိုဗစ်ပိုးပျံနှံမှု ကြောင့်

သူတို့ကစားရမယ့်ပွဲတွေကိုရွှေ့ခဲ့ရတဲ့အပြင် လေ့ကျင့်ရေးကွင်းကိုလည်း

ပိတ်ခဲ့ရပေမယ့် မကြာသေးခင်ကလေ့ကျင့်ခန်း အစီအစဥ်မှာတော့

ကစားသမားအားလုံးနီးပါးပါဝင်နိုင်ခဲ့တာကြောင့် နယူးကာဆယ်နဲ့ပွဲမှာ

အင်အားအပြည့်ပါဝင်နိုင်မယ်လို့ လည်း ယုံကြည်ထားကြပါတယ်။

zawgyi

‘Winning team! @Cristiano are you ok?’ ဆိုၿပီး ေရာ္နယ္ဒိုကို ေနာက္ေျပာင္ခဲ့တဲ့ မာတစ္

မန္ယူအသင္းကြင္းလယ္လူ မာတစ္ ဟာသူ႔ကစားေဖာ္စီေရာ္နယ္ဒိုရဲ႕အတၱကို

ေလွာင္ေျပာင္မႈေတြလုပ္ဖို႔ ဝန္မေလးခဲ့ပါဘူး။ စီေရာ္နယ္ဒိုဟာ မန္ယူကို

ဒုတိယအႀကိမ္ျပန္ေရာက္ၿပီးေနာက္ ေလ့က်င့္ေရးကြင္းမွာႏွစ္ဖက္ခြဲကစားတိုင္း

အႏိုင္ရခဲ့ပါတယ္။ သူ အႏိုင္ရၿပီးတိုင္းမွာလည္း သူနဲ႔တစ္သင္းတည္းက်ခဲ့တဲ့

ကစားေဖာ္ေတြနဲ႔တြဲ႐ိုက္ထားတဲ့ပုံကိုဆိုရွယ္မီဒီယာေပၚမွာတင္ကာ

Winning Team လို႔မွတ္ခ်က္ေရးေလ့ရွိပါတယ္။

ဒါေပမယ့္ ဒီတစ္ပတ္ထဲမွာေတာ့ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ

စီေရာ္ နယ္ဒိုပါတဲ့အသင္းရႈံးပြဲစႀကဳံခဲ့ၿပီးေနာက္ ဆားဘီးယားလက္ေ႐ြးစင္မာတစ္က

သူကစားေဖာ္ကိုရႈံးပြဲႀကဳံခဲ့မွန္းမသိသိေအာင္ မ်က္ႏွာေျပာင္ခဲ့တာျဖစ္ပါတယ္။

မာတစ္ဟာ သူနဲ႔တစ္သင္းတည္းကစားခဲ့တဲ့ ကစားေဖာ္ေတြနဲ႔ ေအာင္ပြဲခံေနတဲ့ပုံကိုတင္ၿပီး

‘Winning team! @Cristiano are you ok?’

(အႏိုင္ရတဲ့အသင္း။ မင္းအဆင္ေျပလားစီေရာ္နယ္ဒို) ဆိုၿပီးစာေရးသားကာ

သူ႔ ရဲ႕အင္စတာဂရမ္ေပၚတင္ခဲ့တာပါ။ မာတစ္ဟာဆိုရွယ္မီဒီယာေပၚမွာ

followers ၂ သန္းအထိရွိၿပီး သူတင္တဲ့ပုံမွာ ကစားေဖာ္ ေတြက

လက္ေတြေျမႇာက္ကာၿပဳံးရယ္ေနတာကိုလည္းေတြ႕ခဲ့ရပါတယ္။

ေပၚတူဂီစူပါစတားျဖစ္တဲ့ စီေရာ္နယ္ဒိုဟာၿပိဳင္ဆိုင္ရတာကိုႏွစ္သက္သူျဖစ္ၿပီး

အႏိုင္ရလိုစိတ္ႀကီးမားတဲ့ အတၱရွိသူအျဖစ္လည္း နာမည္ေက်ာ္ၾကားသူျဖစ္ပါတယ္။

ဒါေၾကာင့္ေလ့က်င့္ေရးကြင္းမွာလည္း အႏိုင္ရေအာင္အားထုတ္ေလ့ရွိၿပီး

အႏိုင္ရၿပီးတိုင္း လည္း Winning Team ဆိုၿပီး ကစားေဖာ္ေတြနဲ႔ပုံကို

အင္စတာဂရမ္ေပၚတင္ေလ့ရွိတာပါ။ မန္ယူအသင္းမွာ ကိုဗစ္ပိုးပ်ံႏွံမႈ ေၾကာင့္

သူတို႔ကစားရမယ့္ပြဲေတြကိုေ႐ႊ႕ခဲ့ရတဲ့အျပင္ ေလ့က်င့္ေရးကြင္းကိုလည္း

ပိတ္ခဲ့ရေပမယ့္ မၾကာေသးခင္ကေလ့က်င့္ခန္း အစီအစဥ္မွာေတာ့

ကစားသမားအားလုံးနီးပါးပါဝင္ႏိုင္ခဲ့တာေၾကာင့္ နယူးကာဆယ္နဲ႔ပြဲမွာ

အင္အားအျပည့္ပါဝင္ႏိုင္မယ္လို႔ လည္း ယုံၾကည္ထားၾကပါတယ္။