VAR အဆုံးအဖြတ်အတွက် မက်ဆီနဲ့အလောင်းအစားလုပ်ခဲ့ရာမှာ ယူရို ၁၀၀ ရှုံးခဲ့တယ်လို့ ဆက်ဇနီ ဖွင့်ဟ

ပိုလန်ဂိုးသမားဆက်ဇနီဟာ အငြင်းပွားဖွယ်ရာပင်နယ်တီအဆုံးအဖြတ်အတွက် မက်ဆီနဲ့ ယူရို ၁၀၀ လောင်းကြေးထပ်ခဲ့ပြီး ရှုံးနိမ့်သွားတယ်လို့ ဝန်ခံလိုက်ပါတယ်။

အသက် ၃၂နှစ်အရွယ် ဂျူဗင်တပ်ဂိုးသမားဟာ မက်ဆီကိုပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာတော့ ကွင်းလယ်ဒိုင်က VAR အကူအညီနဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဆက်ဇနီရဲ့ ကာကွယ်ပုံက ဧရိယာထဲမှာဂိုးသမားတစ်ယောက်ရဲ့စိန်ခေါ်နိုင်စွမ်းရှိတဲ့ပုံစံလောက်နဲ့ မက်ဆီကိုအနည်းငယ်သာထိခိုက်ခဲ့ပေမဲ့ အာဂျင်တီးနားအသင်းပင်နယ်တီ

ကန်ခွင့်ရရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ ၁၂ ကိုက်အကွာက မက်ဆီရဲ့ ကန်ချက်ကိုတော့ ဆက်ဇနီကအသေသပ်ဆုံး ကာကွယ်ပုတ်ထုတ်ပြနိုင်ခဲ့တာဖြစ်တယ်။ ဆက်ဇနီက “ပင်နယ်တီမတိုင်ခင်မှာ

ကျွန်တော်တို့စကားပြောခဲ့ကြတယ်။ ဒိုင်လူကြီးပင်နယ်တီပေးလိမ့်မှာမဟုတ်ဘူးလို့ ယူရို ၁၀၀ လောင်းကြေးထပ်လိုက်တယ်၊ မက်ဆီနဲ့အလောင်းအစားမှာ ကျွန်တော်ရှုံးသွားတယ်။

ကမ္ဘာ့ဖလားမှာ ဒါမျိုးခွင့်ပြုသလားဆိုတာ မသိပါဘူး။ ဒီကိစ္စနဲ့ပတ်သတ်လို့ ကျွန်တော်တားမြစ်ခံရတော့မယ်ထင်တယ်။ အခုလိုအချိန်မှာတော့ ဂရုမစိုက်ပါဘူး။ သူ့ကိုလည်းပေးမှာမဟုတ်ပါဘူး။

သူက ယူရို ၁၀၀ လောက်ကိုဂရုစိုက်မှာလည်း မဟုတ်ဘူးလေ” လို့ ပွဲပြီးအင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

VAR အဆုံးအျဖတ္အတြက္ မက္ဆီနဲ႔အေလာင္းအစားလုပ္ခဲ့ရာမွာ ယူ႐ို ၁၀၀ ရႈံးခဲ့တယ္လို႔ ဆက္ဇနီ ဖြင့္ဟ

ပိုလန္ဂိုးသမားဆက္ဇနီဟာ အျငင္းပြားဖြယ္ရာပင္နယ္တီအဆုံးအျဖတ္အတြက္ မက္ဆီနဲ႔ ယူ႐ို ၁၀၀ ေလာင္းေၾကးထပ္ခဲ့ၿပီး ရႈံးနိမ့္သြားတယ္လို႔ ဝန္ခံလိုက္ပါတယ္။

အသက္ ၃၂ႏွစ္အ႐ြယ္ ဂ်ဴဗင္တပ္ဂိုးသမားဟာ မက္ဆီကိုျပစ္ဒဏ္က်ဴးလြန္ခဲ့ခ်ိန္မွာေတာ့ ကြင္းလယ္ဒိုင္က VAR အကူအညီနဲ႔ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဆက္ဇနီရဲ႕ ကာကြယ္ပုံက

ဧရိယာထဲမွာဂိုးသမားတစ္ေယာက္ရဲ႕စိန္ေခၚႏိုင္စြမ္းရွိတဲ့ပုံစံေလာက္နဲ႔ မက္ဆီကိုအနည္းငယ္သာထိခိုက္ခဲ့ေပမဲ့ အာဂ်င္တီးနားအသင္းပင္နယ္တီကန္ခြင့္ရရွိသြားခဲ့ပါတယ္။

ဒါေပမဲ့ ၁၂ ကိုက္အကြာက မက္ဆီရဲ႕ ကန္ခ်က္ကိုေတာ့ ဆက္ဇနီကအေသသပ္ဆုံးကာကြယ္ပုတ္ထုတ္ျပႏိုင္ခဲ့တာျဖစ္တယ္။ ဆက္ဇနီက “ပင္နယ္တီမတိုင္ခင္မွာ ကြၽန္ေတာ္တို႔စကားေျပာခဲ့ၾကတယ္။

ဒိုင္လူႀကီးပင္နယ္တီေပးလိမ့္မွာမဟုတ္ဘူးလို႔ ယူ႐ို ၁၀၀ ေလာင္းေၾကးထပ္လိုက္တယ္၊ မက္ဆီနဲ႔အေလာင္းအစားမွာ ကြၽန္ေတာ္ရႈံးသြားတယ္။ ကမာၻ႔ဖလားမွာ ဒါမ်ိဳးခြင့္ျပဳသလားဆိုတာမသိပါဘူး။

ဒီကိစၥနဲ႔ပတ္သတ္လို႔ ကြၽန္ေတာ္တားျမစ္ခံရေတာ့မယ္ထင္တယ္။ အခုလိုအခ်ိန္မွာေတာ့ ဂ႐ုမစိုက္ပါဘူး။ သူ႔ကိုလည္းေပးမွာမဟုတ္ပါဘူး။ သူက ယူ႐ို ၁၀၀ ေလာက္ကိုဂ႐ုစိုက္မွာလည္း မဟုတ္ဘူးေလ” လို႔

ပြဲၿပီးအင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။