VAR နည်းပညာဟာ ခံစားချက်ကိုဂိမ်းထဲကဖြတ်တောက်လိုက်ပြီး လူတိုင်းအတွက်မှန်ကန်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မရှိရင် ပျက်စီးသွားလိမ့်မယ်လို့ ကွန်တီဝေဖန်

စပို့တင်းနဲ့ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့နောက်ကျအနိုင်ဂိုးကိုခွင့်မပြုတာနဲ့ပတ်သတ်လို့ စပါးနည်းပြကွန်တီဟာ VAR နည်းပညာနဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခဲမကျေနိုင်သေးပါဘူး။

ဒါဟာ ‘ဘောလုံးမဟုတ်သလို’ သွင်းဂိုးအတွက်အောင်ပွဲခံအပြီး ဆုံးဖြတ်ချက်ပြန်ယူရတာဟာ ခံစားချက်ကိုဂိမ်းထဲက ဖြတ်တောက်လိုက်သလိုဖြစ်သွားတယ်လို့ အီတလီသားက

ဝေဖန်ခဲ့ပါတယ်။ ဟယ်ရီကိန်းသွင်းဂိုးဟာ ပုံမှန်အားဖြင့်ခွင့်ပြုသွားရတော့မှာဖြစ်ပေမဲ့ ကစားသမားရပ်တန့်နေချိန်မှာ အမှန်တကယ်လူကျွံနေခဲ့တယ်လို့ VAR က

ကြားဝင်ဆုံးဖြတ်ပေးခဲ့တာဖြစ်တယ်။ VAR နဲ့ပတ်သတ်လို့ကွန်တီက “ကျွန်တော့် အမြင်ကိုပြောင်းလဲမှာမဟုတ်ဘူး။

ဆုံးဖြတ်ချက်မှားယွင်းသလို ကျွန်တော်တို့အသင်းကို ထိခိုက်နစ်နာစေခဲ့တယ်။

ဂိုးသွင်းလိုက်တယ်၊ အုပ်စုကျွတ်ပြီလို့ခံစားရတဲ့အတွက်အောင်ပွဲခံတယ်၊ နောက်တော့ ဒီအနေအထားကို VAR ပြန်ကြည့်ပြီးဆုံးဖြတ်ချက်ချဖို့ ၅မိနစ်လောက် စောင့်ခဲ့ရတယ်။

မှန်သလား၊ မှားသလား ဇဝေဇဝါဖြစ်နေတာဟာ ဘောလုံးမဟုတ်ပါဘူး။ ဒီနည်းလမ်းက ခင်ဗျားတို့ရဲ့ခံစားချက်ကိုဖြတ်တောက်ပစ်လိုက်တဲ့အတွက် ဘောလုံးမဟုတ်သလို

အထူးသဖြင့် ကစားသမားတွေရဲ့စိတ်ခံစား ချက်ကိုဖြတ်တောက်ပစ်လိုက်တယ်။ ဂိုးမသွင်းခင်နဲ့ ဂိုးသွင်းအပြီးကြားထဲမှာ ဘာဖြစ်အုံးမလဲဆိုတာ မသိနိုင်တော့ဘူး။ ဂိုးမသွင်းခင်

တစ်မိနစ်အလိုမှာ ကစားသမားတစ်ယောက် လဲကျခဲ့တာကိုပြန်ရှာတွေ့ရင် သွင်းဂိုးကပယ်ဖျက်ခံရမှာပါ။ ဒါပေမဲ့ သူတို့လိုချင်တဲ့အခိုက်အတန့်မှာသာ

ဒီအခြေအနေတွေဖြစ်ပေါ်လာတတ်ပါတယ်။ လူတိုင်းအတွက်မှန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိအောင် လုပ်နိုင်ဖို့လိုပါတယ်။

ကွဲပြားတဲ့ ဖွင့်ဆိုချက်တွေဆိုရင်တော့ VAR က ဒီနည်းလမ်းနဲ့ပဲပျက်စီးသွားပါလိမ့်မယ်” လို့ သတိပေးပြောဆိုခဲ့ပါတယ်။

(Zawgyi)

VAR နည္းပညာဟာ ခံစားခ်က္ကိုဂိမ္းထဲကျဖတ္ေတာက္လိုက္ၿပီး လူတိုင္းအတြက္မွန္ကန္တဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္မရွိရင္ ပ်က္စီးသြားလိမ့္မယ္လို႔ ကြန္တီ ေဝဖန္

စပို႔တင္းနဲ႔ပြဲစဥ္မွာ ဟယ္ရီကိန္းရဲ႕ေနာက္က်အႏိုင္ဂိုးကိုခြင့္မျပဳတာနဲ႔ပတ္သတ္လို႔ စပါးနည္းျပကြန္တီဟာ VAR နည္းပညာနဲ႔ ဆုံးျဖတ္ခ်က္ေတြအေပၚ အခဲမေက်ႏိုင္ေသးပါဘူး။

ဒါဟာ ‘ေဘာလုံးမဟုတ္သလို’ သြင္းဂိုးအတြက္ေအာင္ပြဲခံအၿပီး ဆုံးျဖတ္ခ်က္ျပန္ယူရတာဟာ ခံစားခ်က္ကိုဂိမ္းထဲကျဖတ္ေတာက္လိုက္သလိုျဖစ္သြားတယ္လို႔ အီတလီသားက

ေဝဖန္ခဲ့ပါတယ္။ ဟယ္ရီကိန္းသြင္းဂိုးဟာ ပုံမွန္အားျဖင့္ခြင့္ျပဳသြားရေတာ့မွာျဖစ္ေပမဲ့ ကစားသမားရပ္တန႔္ေနခ်ိန္မွာ အမွန္တကယ္လူကြၽံေနခဲ့တယ္လို႔

VAR ကၾကားဝင္ဆုံးျဖတ္ေပးခဲ့တာျဖစ္တယ္။ VAR နဲ႔ပတ္သတ္လို႔ ကြန္တီက “ကြၽန္ေတာ့္ အျမင္ကိုေျပာင္းလဲမွာမဟုတ္ဘူး။ ဆုံးျဖတ္ခ်က္မွားယြင္းသလို

ကြၽန္ေတာ္တို႔အသင္းကိုထိခိုက္နစ္နာေစခဲ့တယ္။ ဂိုးသြင္းလိုက္တယ္၊ အုပ္စုကြၽတ္ၿပီလို႔ခံစားရတဲ့အတြက္ေအာင္ပြဲခံတယ္၊ ေနာက္ေတာ့ ဒီအေနအထားကို

VAR ျပန္ၾကည့္ၿပီးဆုံးျဖတ္ခ်က္ခ်ဖို႔ ၅မိနစ္ေလာက္ ေစာင့္ခဲ့ရတယ္။ မွန္သလား၊ မွားသလား ဇေဝဇဝါျဖစ္ေနတာဟာ ေဘာလုံးမဟုတ္ပါဘူး။ ဒီနည္းလမ္းက

ခင္ဗ်ားတို႔ရဲ႕ခံစားခ်က္ကိုျဖတ္ေတာက္ပစ္ လိုက္တဲ့အတြက္ ေဘာလုံးမဟုတ္သလို အထူးသျဖင့္ ကစားသမားေတြရဲ႕စိတ္ခံစား ခ်က္ကိုျဖတ္ေတာက္ပစ္လိုက္တယ္။

ဂိုးမသြင္းခင္နဲ႔ ဂိုးသြင္းအၿပီးၾကားထဲမွာ ဘာျဖစ္အုံးမလဲဆိုတာ မသိႏိုင္ေတာ့ဘူး။

ဂိုးမသြင္းခင္ တစ္မိနစ္အလိုမွာ ကစားသမားတစ္ေယာက္လဲက်ခဲ့တာကိုျပန္ရွာေတြ႕ရင္ သြင္းဂိုးကပယ္ဖ်က္ခံရမွာပါ။

ဒါေပမဲ့ သူတို႔လိုခ်င္တဲ့အခိုက္အတန႔္မွာသာ ဒီအေျခအေနေတြျဖစ္ေပၚလာတတ္ပါတယ္။ လူတိုင္းအတြက္မွန္တဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ရွိေအာင္

လုပ္ႏိုင္ဖို႔လိုပါတယ္။ ကြဲျပားတဲ့ ဖြင့္ဆိုခ်က္ေတြဆိုရင္ေတာ့ VAR က ဒီနည္းလမ္းနဲ႔ပဲပ်က္စီးသြားပါလိမ့္မယ္” လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။