
အဲဗာတန်တိုက်စစ်မှုးရစ်ချာလီဆန်ဟာ တနင်္လာညကစားခဲ့တဲ့
အာဆင်နယ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့ပေမယ့်
သူသွင်းတဲ့ ပထမဆုံး ၂ ဂိုးက VAR နဲ့ ပယ်ချခံလိုက်ရပါတယ်။
အဲဒီပွဲမှာ ရစ်ချာလီဆန်ဟာ ပထမပိုင်းပြီးကာနီးမှာ ဖရီးကစ်ကနေ
အဲဗာတန်အတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်
လူကျွံတယ်ဆိုပြီး VAR ရဲ့ပယ်ချခြင်းကို ခံခဲ့ရပါတယ်။
ပိုဆိုးသွားတာက ပထမပိုင်းရဲ့နာကျင်အချိန်ပိုမှာပဲ ကွင်းလယ်လူ
အိုဒီဂတ်ရဲ့သွင်းယူမှုနဲ့ အာဆင်နယ်က တကယ်ဦးဆောင်နိုင်ခဲ့တာပါ။
အဲဒီနောက် ဒုတိယပိုင်း ၅၈ မိနစ်မှာ ရစ်ချာလီဆန်ဟာ အဲဗာတန်အတွက်
ချေပဂိုးအဖြစ် သွင်းယူခဲ့လို့ အဲဗာတန်ပရိသတ်တွေ အောင်ပွဲခံခဲ့ပေမယ့်
မကြာခင်မှာပဲ VAR ဆုံးဖြတ်ချက်ကြောင့် တိတ်ဆိတ်သွားခဲ့ရပါတယ်။
VAR ကြည့်လိုက်တော့ ရစ်ချာလီဆန်ဟာ အရမ်းကို
မဆိုစလောက်လေး လူကျွံနေတာတွေ့ရတယ်။
သာမန်မျက်စိနဲ့ဆိုရင် လူကျွံတယ်လို့တောင် မထင်ရတာကြောင့်
အဲဗာတန်ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။
ဒါပေမဲ့လည်း ရစ်ချာလီဆန်ဟာ ပွဲချိန် ၇၉ မိနစ်အရောက်မှာတော့
အဲဗာတန်အတွက် တကယ်ချေပနိုင်ခဲ့ပါတယ်။
သူခေါင်းတိုက်သွင်းယူခဲ့တဲ့ အဲဒီချေပဂိုးဟာ ဒီတစ်ကြိမ်မှာတော့
လူကျွံဘောအတွက် မေးခွန်းထုတ်စရာမလိုခဲ့ပါဘူး။
ဒ့ါအပြင် ပွဲပြီးခါနီးနာကျင်အချိန်ပိုမှာ တိုက်စစ်ကစားဖော်ဂရေးက
အဲဗာတန်အတွက် အနိုင်ဂိုးသွင်းသွားလို့ ၂ ကြိမ်တိုင်ပယ်ချခံခဲ့ရတဲ့
ရစ်ချာလီဆန်အတွက် ကျေနပ်စရာဖြစ်သွားပါတယ်။
ဒါပေမဲ့လည်း အဲဒီဘရာဇီးသားဟာ အာဆင်နယ်နဲ့ပွဲမှာ
သူဟက်ထရစ်သွင်းခဲ့တယ်လို့ပဲ မှတ်ယူထားပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီပွဲအပြီးမှာ ဟက်ထရစ်ဆိုတဲ့စာနဲ့အတူ
ရယ်စရာအီမိုဂျီတွေပါထည့်ပြီး ပွဲကန်တဲ့ဘောလုံးပိုက်ထားတဲ့ပုံကို
ဆိုရှယ်မီဒီယာထက်မှာ တင်ခဲ့လို့ပါ။
zawgyi
VAR ေၾကာင့္ မရေပမယ့္ ကိုယ့္ဘာကိုယ္ ဟက္ထရစ္တယ္ကြာ
အဲဗာတန္တိုက္စစ္မႈးရစ္ခ်ာလီဆန္ဟာ တနလၤာညကစားခဲ့တဲ့
အာဆင္နယ္နဲ႔ပြဲမွာ ဟက္ထရစ္သြင္းႏိုင္ခဲ့ေပမယ့္
သူသြင္းတဲ့ ပထမဆုံး ၂ ဂိုးက VAR နဲ႔ ပယ္ခ်ခံလိုက္ရပါတယ္။
အဲဒီပြဲမွာ ရစ္ခ်ာလီဆန္ဟာ ပထမပိုင္းၿပီးကာနီးမွာ ဖရီးကစ္ကေန
အဲဗာတန္အတြက္ ဦးေဆာင္ဂိုးကို ေခါင္းတိုက္သြင္းယူခဲ့ေပမယ့္
လူကြၽံတယ္ဆိုၿပီး VAR ရဲ႕ပယ္ခ်ျခင္းကို ခံခဲ့ရပါတယ္။
ပိုဆိုးသြားတာက ပထမပိုင္းရဲ႕နာက်င္အခ်ိန္ပိုမွာပဲ ကြင္းလယ္လူ
အိုဒီဂတ္ရဲ႕သြင္းယူမႈနဲ႔ အာဆင္နယ္က တကယ္ဦးေဆာင္ႏိုင္ခဲ့တာပါ။
အဲဒီေနာက္ ဒုတိယပိုင္း ၅၈ မိနစ္မွာ ရစ္ခ်ာလီဆန္ဟာ အဲဗာတန္အတြက္
ေခ်ပဂိုးအျဖစ္ သြင္းယူခဲ့လို႔ အဲဗာတန္ပရိသတ္ေတြ ေအာင္ပြဲခံခဲ့ေပမယ့္
မၾကာခင္မွာပဲ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ တိတ္ဆိတ္သြားခဲ့ရပါတယ္။
VAR ၾကည့္လိုက္ေတာ့ ရစ္ခ်ာလီဆန္ဟာ အရမ္းကို
မဆိုစေလာက္ေလး လူကြၽံေနတာေတြ႕ရတယ္။
သာမန္မ်က္စိနဲ႔ဆိုရင္ လူကြၽံတယ္လို႔ေတာင္ မထင္ရတာေၾကာင့္
အဲဗာတန္ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရတယ္။
ဒါေပမဲ့လည္း ရစ္ခ်ာလီဆန္ဟာ ပြဲခ်ိန္ ၇၉ မိနစ္အေရာက္မွာေတာ့
အဲဗာတန္အတြက္ တကယ္ေခ်ပႏိုင္ခဲ့ပါတယ္။
သူေခါင္းတိုက္သြင္းယူခဲ့တဲ့ အဲဒီေခ်ပဂိုးဟာ ဒီတစ္ႀကိမ္မွာေတာ့
လူကြၽံေဘာအတြက္ ေမးခြန္းထုတ္စရာမလိုခဲ့ပါဘူး။
ဒ့ါအျပင္ ပြဲၿပီးခါနီးနာက်င္အခ်ိန္ပိုမွာ တိုက္စစ္ကစားေဖာ္ဂေရးက
အဲဗာတန္အတြက္ အႏိုင္ဂိုးသြင္းသြားလို႔ ၂ ႀကိမ္တိုင္ပယ္ခ်ခံခဲ့ရတဲ့
ရစ္ခ်ာလီဆန္အတြက္ ေက်နပ္စရာျဖစ္သြားပါတယ္။
ဒါေပမဲ့လည္း အဲဒီဘရာဇီးသားဟာ အာဆင္နယ္နဲ႔ပြဲမွာ
သူဟက္ထရစ္သြင္းခဲ့တယ္လို႔ပဲ မွတ္ယူထားပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ အဲဒီပြဲအၿပီးမွာ ဟက္ထရစ္ဆိုတဲ့စာနဲ႔အတူ
ရယ္စရာအီမိုဂ်ီေတြပါထည့္ၿပီး ပြဲကန္တဲ့ေဘာလုံးပိုက္ထားတဲ့ပုံကို
ဆိုရွယ္မီဒီယာထက္မွာ တင္ခဲ့လို႔ပါ။