VAR ကြောင့် ၂ ကြိမ်အနီကတ်အပြခံရပေမယ့်  ၂ ကြိမ်စလုံးအပြစ်လွတ်ခဲ့တဲ့ အဲလစ်ဆန်

လီဗာပူးအသင်းဂိုးသမား အဲလစ်ဆန်ဟာ ဘရာဇီးနဲ့ အီကွေဒေါ တို့ရဲ့

ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂ ကြိမ်အထုတ်ခံခဲ့ရပေမယ့် VAR ကြောင့်

၂ ကြိမ်စလုံးအထုတ်ခံရမှုကနေလွတ်ခဲ့တယ်လို့ သိရပါတယ်။

၁-၁ သရေကျခဲ့တဲ့အဲဒီပွဲမှာ ဒိုင်လူကြီးဟာအနီကတ်ပြ သမှု ၄ ကြိမ်ရှိခဲ့ပြီး

၂ ကြိမ်ကိုသာလျင်အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာအီကွေဒေါဂိုးသမား ဒိုမင်ဂွက်ဇ်ဟာ ဘရာဇီးတိုက် စစ်မှူး

မက်သီးယက်စ်ကန်ဟာ ရဲ့လည်ပင်းကိုကန်ခဲ့တဲ့အတွက်ပွဲချိန်

၁၅ မိနစ်ကတည်းကထုတ်ပယ်ခံလိုက်ရပါတယ်။

ဒါပေ မယ့်ဘရာဇီးရဲ့ လူတစ်ဦးအသာရမှုဟာ ၅ မိနစ်သာခံခဲ့ပြီး

မိနစ် ၂၀ မှာဘရာဇီးအသင်းရဲ့စပါးနောက်ခံလူ အီမာဆန်ဟာ

နှစ်ဝါ တစ်နီနဲ့ထုတ်ပယ်ခံလိုက်ရပြန်ပါတယ်။

ဒါပေမယ့်တကယ်အငြင်းပွားစရာဖြစ်ရပ်က ၂၆ မိနစ်မှာဆိုက်ရောက်လာခဲ့တာပါ။

ကျွံထွက်လာတဲ့ဘောလုံးကို ဂိုးဧရိယာအပြင်ဘက်ထိတက်ပြီ

းကန်ထုတ်ခဲ့ရာမှာ အဲလစ်ဆန် ကအီကွေဒေါတိုက်စစ်မှူး

အန်နာ ဗလန်စီယာကို ကန်မိခဲ့လို့ အနီကတ်အပြခံခဲ့ရပါတယ်။

ဒါပေမယ့် VAR ပြန်ကြည့်ပြီးတဲ့အချိန်မှာတော့

အဲလစ်ဆန်ကဘောလုံး ကိုအရင်ဦးအောင်ကန်ခဲ့တဲ့အတွက်

၃၁ မိနစ်မှာအဝါကတ်သာပြောင်းလဲပြသခံခဲ့ရလို့

ကွင်းထဲမှာဆက်ရှိနေခဲ့တာပါ။ နာကျင်အချိန်ပိုမှာလည်း

အဲလစ်ဆန်ဟာအနီကတ်ထပ်မံပြသခံရပြန်ပါတယ်။

ဘောလုံးဖမ်းရာမှာ မသေသပ်ခဲ့လို့သူလွတ် ထွက်သွားတဲ့ဘောလုံးကို

ပြန်ရဖို့ကြိုးစားရာမှာ ပရီစီယာဒိုရဲ့မျက်နှာကိုရိုက်မိသလိုဖြစ်သွားတဲ့အတွက်

အနီကတ်အပြခံခဲ့ရပြီး ပင်နယ်တီပါပေးခဲ့ရတာပါ။

ဒါပေမယ့်ဒီတစ်ကြိမ်မှာလည်း အဲလစ်ဆန်ကံကောင်းခဲ့ပြီး

VAR ပြကွက်အရသူဟာ ပရီစီယာဒိုကို မ ထိခိုက်မိခင်မှာ

ဘောလုံးကိုအရင်ဦးထားလို့ သူ့အနီကတ်ကိုပယ်ဖျက်ခံခဲ့ရပြီး

ပင်နယ်တီလည်းမပေးခဲ့ရတော့ပါဘူး။

ဒါကြောင့် လည်းကွင်းထဲမှာ အိမ်ရှင်အီကွေဒေါပရိသတ်တွေရဲ့

ဆူပူသောင်းကျန်းမှုအနည်းငယ်ရှိခဲ့ပါသေးတယ်။

ဒီပွဲမှာ ဘရာဇီးက ၆ မိ နစ်မှာ ကက်စမဲရိုးရဲ့ဂိုးနဲ့ဦးဆောင်ခဲ့ပြီး

အီကွေဒေါအတွက် ဖိလစ်တောရက်စ်က ၇၅ မိနစ်မှာချေပခဲ့တာပါ။

ဘရာဇီးအသင်း ဟာ ၂၀၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်သလို

အီကွေဒေါကလည်း အဆင့် ၄ နေရာက ကိုလံဘီယာကို ၇ မှတ် ဖြတ်ပြီး

တတိယနေရာမှာရှိနေတဲ့အတွက် ခြေစစ်ပွဲအောင်ဖို့

သေချာသလောက်နီးပါးရှိနေပါတယ်။ အခုသရေပွဲကြောင့်

ဘရာ ဇီးဟာခြေစစ်ပွဲတွေမှာ ၁၄ ပွဲဆက်တိုက်ရှုံးပွဲမရှိဘဲ၁၁ ပွဲနိုင်ပြီး

၃ ပွဲသရေကျတဲ့ရလဒ်ကို ရယူထားနိုင်ပါတယ်။

zawgyi

VAR ေၾကာင့္ ၂ ႀကိမ္အနီကတ္အျပခံရေပမယ့္  ၂ ႀကိမ္စလုံးအျပစ္လြတ္ခဲ့တဲ့ အဲလစ္ဆန္

လီဗာပူးအသင္းဂိုးသမား အဲလစ္ဆန္ဟာ ဘရာဇီးနဲ႔ အီေကြေဒါ တို႔ရဲ႕

ကမာၻ႔ဖလားေျခစစ္ပြဲမွာ ၂ ႀကိမ္အထုတ္ခံခဲ့ရေပမယ့္ VAR ေၾကာင့္

၂ ႀကိမ္စလုံးအထုတ္ခံရမႈကေနလြတ္ခဲ့တယ္လို႔ သိရပါတယ္။

၁-၁ သေရက်ခဲ့တဲ့အဲဒီပြဲမွာ ဒိုင္လူႀကီးဟာအနီကတ္ျပ သမႈ ၄ ႀကိမ္ရွိခဲ့ၿပီး

၂ ႀကိမ္ကိုသာလ်င္အတည္ျပဳႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာအီေကြေဒါဂိုးသမား ဒိုမင္ဂြက္ဇ္ဟာ ဘရာဇီးတိုက္ စစ္မႉး

မက္သီးယက္စ္ကန္ဟာ ရဲ႕လည္ပင္းကိုကန္ခဲ့တဲ့အတြက္ပြဲခ်ိန္

၁၅ မိနစ္ကတည္းကထုတ္ပယ္ခံလိုက္ရပါတယ္။

ဒါေပ မယ့္ဘရာဇီးရဲ႕ လူတစ္ဦးအသာရမႈဟာ ၅ မိနစ္သာခံခဲ့ၿပီး

မိနစ္ ၂၀ မွာဘရာဇီးအသင္းရဲ႕စပါးေနာက္ခံလူ အီမာဆန္ဟာ

ႏွစ္ဝါ တစ္နီနဲ႔ထုတ္ပယ္ခံလိုက္ရျပန္ပါတယ္။

ဒါေပမယ့္တကယ္အျငင္းပြားစရာျဖစ္ရပ္က ၂၆ မိနစ္မွာဆိုက္ေရာက္လာခဲ့တာပါ။

ကြၽံထြက္လာတဲ့ေဘာလုံးကို ဂိုးဧရိယာအျပင္ဘက္ထိတက္ၿပီ

းကန္ထုတ္ခဲ့ရာမွာ အဲလစ္ဆန္ ကအီေကြေဒါတိုက္စစ္မႉး

အန္နာ ဗလန္စီယာကို ကန္မိခဲ့လို႔ အနီကတ္အျပခံခဲ့ရပါတယ္။

ဒါေပမယ့္ VAR ျပန္ၾကည့္ၿပီးတဲ့အခ်ိန္မွာေတာ့

အဲလစ္ဆန္ကေဘာလုံး ကိုအရင္ဦးေအာင္ကန္ခဲ့တဲ့အတြက္

၃၁ မိနစ္မွာအဝါကတ္သာေျပာင္းလဲျပသခံခဲ့ရလို႔

ကြင္းထဲမွာဆက္ရွိေနခဲ့တာပါ။ နာက်င္အခ်ိန္ပိုမွာလည္း

အဲလစ္ဆန္ဟာအနီကတ္ထပ္မံျပသခံရျပန္ပါတယ္။

ေဘာလုံးဖမ္းရာမွာ မေသသပ္ခဲ့လို႔သူလြတ္ ထြက္သြားတဲ့ေဘာလုံးကို

ျပန္ရဖို႔ႀကိဳးစားရာမွာ ပရီစီယာဒိုရဲ႕မ်က္ႏွာကို႐ိုက္မိသလိုျဖစ္သြားတဲ့အတြက္

အနီကတ္အျပခံခဲ့ရၿပီး ပင္နယ္တီပါေပးခဲ့ရတာပါ။

ဒါေပမယ့္ဒီတစ္ႀကိမ္မွာလည္း အဲလစ္ဆန္ကံေကာင္းခဲ့ၿပီး

VAR ျပကြက္အရသူဟာ ပရီစီယာဒိုကို မ ထိခိုက္မိခင္မွာ

ေဘာလုံးကိုအရင္ဦးထားလို႔ သူ႔အနီကတ္ကိုပယ္ဖ်က္ခံခဲ့ရၿပီး

ပင္နယ္တီလည္းမေပးခဲ့ရေတာ့ပါဘူး။

ဒါေၾကာင့္ လည္းကြင္းထဲမွာ အိမ္ရွင္အီေကြေဒါပရိသတ္ေတြရဲ႕

ဆူပူေသာင္းက်န္းမႈအနည္းငယ္ရွိခဲ့ပါေသးတယ္။

ဒီပြဲမွာ ဘရာဇီးက ၆ မိ နစ္မွာ ကက္စမဲ႐ိုးရဲ႕ဂိုးနဲ႔ဦးေဆာင္ခဲ့ၿပီး

အီေကြေဒါအတြက္ ဖိလစ္ေတာရက္စ္က ၇၅ မိနစ္မွာေခ်ပခဲ့တာပါ။

ဘရာဇီးအသင္း ဟာ ၂၀၂၀ ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ၿပီးသားျဖစ္သလို

အီေကြေဒါကလည္း အဆင့္ ၄ ေနရာက ကိုလံဘီယာကို ၇ မွတ္ ျဖတ္ၿပီး

တတိယေနရာမွာရွိေနတဲ့အတြက္ ေျခစစ္ပြဲေအာင္ဖို႔

ေသခ်ာသေလာက္နီးပါးရွိေနပါတယ္။ အခုသေရပြဲေၾကာင့္

ဘရာ ဇီးဟာေျခစစ္ပြဲေတြမွာ ၁၄ ပြဲဆက္တိုက္ရႈံးပြဲမရွိဘဲ၁၁ ပြဲႏိုင္ၿပီး

၃ ပြဲသေရက်တဲ့ရလဒ္ကို ရယူထားႏိုင္ပါတယ္။