
UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်ဂန်နူဟာ တိုက်ခိုက်ရေး





သမားဘဝကနေအနားယူပြီး ပထမဆုံးအပတ်မှာတင်
ဆော်ဒီနိုင်ငံအထိသွားရောက်ပြီး ရော်နယ်ဒိုနဲ့တွေ့ဆုံခဲ့တယ်လို့





Dailymail သတင်းစာကဖော်ပြလိုက်ပါတယ်။ လက်ရှိမှာတော့
ကမ္ဘာ့ချန်ပီယံဟောင်း အန်ဂန်နူဟာ UFC ကမ္ဘာ့ချန်ပီယံအဖြစ်ကနေ
အနားယူခဲ့ပြီးနောက် ဘဝသစ်တစ်ခုစတင်ဖို့ပြင်ဆင်နေချိန်မှာ





ရော်နယ်ဒိုနဲ့သွားရောက်တွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားတွေ
ရယူခဲ့တာဖြစ်တယ်။ ပြိုင်ပွဲကထွက်ခွာပြီး ပထမပတ်အတွင်းမှာပဲ





ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ကိုသွားရောက်ပြီး ရော်နယ်ဒိုနဲ့
တွေ့ဆုံခဲ့တဲ့ အန်ဂန်နူရဲ့လုပ်ရပ်ကအံ့အားသင့်စရာဖြစ်ခဲ့သလို
ပေါ်တူဂီစူပါစတားကို GOAT အဖြစ်သတ်မှတ်ပေးလိုက်တာက





စိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်။ ရော်နယ်ဒိုတစ်ယောက်
ဥရောပမှာမရှိတော့ပေမဲ့ ထာဝရအကောင်းဆုံးနဲ့





ပက်သတ်လို့ကတော့ ငြင်းခုန်လို့ကောင်းဆဲဆိုတာကို
အန်ဂန်နူက သက်သေပြလိုက်တာပါ။ ကင်မရွန်း-ပြင်သစ်
နွယ်ဖွားတိုက်ခိုက်ရေးသမားဟာ သူတို့နှစ်ယောက်ရဲ့





ခင်မင်ရင်းနှီးစွာတွေ့ဆုံခဲ့တဲ့ ပုံရိပ်တွေကို အင်စတာဂရမ်မှာ
မျှဝေပြီး “ဒီနေ့တော့ ရီယာ့ဒ်မှာရှိတဲ့(ဆိတ်ပုံ)နဲ့ စကားပြော





ကောင်းတယ်၊ အရမ်းစိတ်လှုပ်ရှားမိတယ် @cristiano” လို့
ရေးသားပြီး ပို့စ်တင်ခဲ့တာဖြစ်တယ်။ ရော်နယ်ဒိုကလည်း
သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှာ “ဒီနေ့ ကမ္ဘာ့ချန်ပီယံ





@francisngannou နဲ့တွေ့ခွင့်ရတာ အရမ်းကောင်းပါတယ်” လို့
မျှဝေခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပို့စ်အောက်မှာတော့ အန်ဂန်နူက





“မင်းနဲ့ဆွေးနွေးရတာအရမ်းကောင်းတယ်၊ မင်းရဲ့ကြင်နာမှုရှိတဲ့
စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်။
အရမ်းစိတ်လှုပ်ရှားဖို့ကောင်းခဲ့ပါတယ်” လို့ မှတ်ချက်ပေး





တုံ့ပြန်သွားခဲ့တာဖြစ်တယ်။ ဘာပဲပြောပြော အားကစား
လောကနဲ့ပက်သတ်တဲ့ နာမည်ကျော်တွေအပေါ်





ရော်နယ်ဒိုက လွှမ်းမိုးမှုအပြည့်ရှိနေဆဲဆိုတာကိုတွေ့ရမှာပါ။
zawgyi
UFC ေလာက ကႏႈတ္ထြက္ၿပီး စိတ္ဓာတ္ခြန္အားရဖို႔အတြက္ ေရာ္နယ္ဒိုနဲ႔ ေတြ႕ဆုံခဲ့တဲ့ ကမာၻ႔ခ်န္ပီယံေဟာင္း ဖရန္ဆစ္အန္ဂန္ႏူ





UFC ဟဲဗီးဝိတ္ခ်န္ပီယံေဟာင္း အန္ဂန္ႏူဟာ တိုက္ခိုက္ေရး
သမားဘဝကေနအနားယူၿပီး ပထမဆုံးအပတ္မွာတင္





ေဆာ္ဒီႏိုင္ငံအထိသြားေရာက္ၿပီး ေရာ္နယ္ဒိုနဲ႔ေတြ႕ဆုံခဲ့တယ္လို႔
Dailymail သတင္းစာကေဖာ္ျပလိုက္ပါတယ္။ လက္ရွိမွာေတာ့
ကမာၻ႔ခ်န္ပီယံေဟာင္း အန္ဂန္ႏူဟာ UFC ကမာၻ႔ခ်န္ပီယံအျဖစ္ကေန





အနားယူခဲ့ၿပီးေနာက္ ဘဝသစ္တစ္ခုစတင္ဖို႔ျပင္ဆင္ေနခ်ိန္မွာ
ေရာ္နယ္ဒိုနဲ႔သြားေရာက္ေတြ႕ဆုံၿပီး စိတ္ဓာတ္ခြန္အားေတြ





ရယူခဲ့တာျဖစ္တယ္။ ၿပိဳင္ပြဲကထြက္ခြာၿပီး ပထမပတ္အတြင္းမွာပဲ
ေဆာ္ဒီႏိုင္ငံ ရီယာ့ဒ္ၿမိဳ႕ကိုသြားေရာက္ၿပီး ေရာ္နယ္ဒိုနဲ႔
ေတြ႕ဆုံခဲ့တဲ့ အန္ဂန္ႏူရဲ႕လုပ္ရပ္ကအံ့အားသင့္စရာျဖစ္ခဲ့သလို





ေပၚတူဂီစူပါစတားကို GOAT အျဖစ္သတ္မွတ္ေပးလိုက္တာက
စိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ပါတယ္။ ေရာ္နယ္ဒိုတစ္ေယာက္





ဥေရာပမွာမရွိေတာ့ေပမဲ့ ထာဝရအေကာင္းဆုံးနဲ႔
ပက္သတ္လို႔ကေတာ့ ျငင္းခုန္လို႔ေကာင္းဆဲဆိုတာကို
အန္ဂန္ႏူက သက္ေသျပလိုက္တာပါ။ ကင္မ႐ြန္း-ျပင္သစ္





ႏြယ္ဖြားတိုက္ခိုက္ေရးသမားဟာ သူတို႔ႏွစ္ေယာက္ရဲ႕
ခင္မင္ရင္းႏွီးစြာေတြ႕ဆုံခဲ့တဲ့ ပုံရိပ္ေတြကို အင္စတာဂရမ္မွာ





မွ်ေဝၿပီး “ဒီေန႔ေတာ့ ရီယာ့ဒ္မွာရွိတဲ့(ဆိတ္ပုံ)နဲ႔ စကားေျပာ
ေကာင္းတယ္၊ အရမ္းစိတ္လႈပ္ရွားမိတယ္ @cristiano” လို႔
ေရးသားၿပီး ပို႔စ္တင္ခဲ့တာျဖစ္တယ္။ ေရာ္နယ္ဒိုကလည္း





သူ႔ရဲ႕အင္စတာဂရမ္စာမ်က္ႏွာမွာ “ဒီေန႔ ကမာၻ႔ခ်န္ပီယံ
@francisngannou နဲ႔ေတြ႕ခြင့္ရတာ အရမ္းေကာင္းပါတယ္” လို႔





မွ်ေဝခဲ့ပါတယ္။ ေရာ္နယ္ဒိုရဲ႕ ပို႔စ္ေအာက္မွာေတာ့ အန္ဂန္ႏူက
“မင္းနဲ႔ေဆြးေႏြးရတာအရမ္းေကာင္းတယ္၊ မင္းရဲ႕ၾကင္နာမႈရွိတဲ့
စကားလုံးေတြအတြက္ ေက်းဇူးတင္ပါတယ္။





အရမ္းစိတ္လႈပ္ရွားဖို႔ေကာင္းခဲ့ပါတယ္” လို႔ မွတ္ခ်က္ေပး
တုံ႔ျပန္သြားခဲ့တာျဖစ္တယ္။ ဘာပဲေျပာေျပာ အားကစား





ေလာကနဲ႔ပက္သတ္တဲ့ နာမည္ေက်ာ္ေတြအေပၚ
ေရာ္နယ္ဒိုက လႊမ္းမိုးမႈအျပည့္ရွိေနဆဲဆိုတာကိုေတြ႕ရမွာပါ။