UFC စတားဟောင်းခါဗစ်ရဲ့သူငယ်ချင်းလည်းဖြစ် တိုင်ရွန်မင်ကို တုံ့ပြန်လိုက်တဲ့ နပန်းအရည်အသွေးကြောင့် ဘောလုံးက နားရင်MMA ကို ကြိုးစားသင့်တယ်ဆိုပြီး ပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ စီရော်နယ်ဒိုကို နောက်ပြောင်နေ

တနင်္ဂနွေညက ဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးတွေကို မမြင်တွေ့လိုက်ရပေမယ့်

အဲဒီပေါ်တူဂီစူပါစတားရဲ့နပန်းအရည်အသွေးကိုတော့ ကမ္ဘာတစ်ဝန်းလုံးရှုစားခဲ့ကြရပါတယ်။

ဥရောပဘောလုံးရာသီက တော်တော်အရှိန်ရနေပြီဖြစ်ပေမယ့် စီရော်နယ်ဒိုဟာ အခုချိန်ထိ ပြိုင်ပွဲအရပ်ရပ်မှာ ၃ ဂိုးသာ ရသေးတာပါ။

သူ့ကစားသမားဘဝမှာ ကြုံတောင့်ကြုံခဲအဖြစ် ဂိုးရဖို့ ရုန်းကန်နေရတဲ့ ရာသီတစ်ခုလည်း ဖြစ်နေပါတယ်။

ဗီလာနဲ့ပွဲရဲ့ဒုတိယပိုင်းမှာတော့ စီရော်နယ်ဒိုနဲ့ပြိုင်ဘက်နောက်ခံလူတိုင်ရွန်မင်တို့ကြားက အခိုက်အတန့်လေးဟာ မှတ်မှတ်ရရဖြစ်သွားခဲ့တာပါ။

တိုင်ရွန်မင်က နေရာလွတ်မရနိုင်အောင် စီရော်နယ်ဒိုကို ဖမ်းချုပ်ထားလို့

အဲဒါကို ပေါ်တူဂီသားက ဒေါသထွက်ပြီး တုံ့ပြန်ရာကနေ တစ်ယောက်နဲ့တစ်ယောက် နပန်းသတ်သလို ဖြစ်ခဲ့ကြပါတယ်။

နောက်ဆုံးတော့ စီရော်နယ်ဒိုက အင်္ဂလန်နောက်ခံလူကို မြက်ခင်းပေါ် လှဲသိပ်နိုင်ခဲ့တာပါ။

သူတို့နှစ်ယောက်ကြောင့် နှစ်ဖက်ကစားသမားတွေအကြေား ရုန်းရင်ဆန်ခတ်တောင် ဖြစ်သွားသေးတယ်။

ကံကောင်းတာက စီရော်နယ်ဒိုဟာ အဲဒီအဖြစ်အပျက်မှာ အဝါကတ်သာပြခံခဲ့ရတာပါ။

UFC ရဲ့အိုင်ကွန်တစ်ယောက်ဖြစ်ခဲ့တဲ့ ခါဗစ်နဲ့ သူငယ်ချင်းဆိုတော့ စီရော်နယ်ဒိုဟာ ကိုယ်ခံပညာနဲ့ပတ်သက်ရင် သူ့အလားအလာကို ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေက ဘောလုံးက နားရင်လည်း MMA ကို ကြိုးစားသင့်ကြောင်း စီရော်နယ်ဒိုကို နောက်ပြောင်နေကြတာပါ။

ခါဗစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက သူ့သူငယ်ချင်းစီရော်နယ်ဒိုကစားတာကိုကြည့်ဖို့ အိုးလ်ထရက်ဖို့ဒ်ကို လာခဲ့ဖူးပါတယ်။

zawgyi

UFC စတားေဟာင္းခါဗစ္ရဲ႕သူငယ္ခ်င္းလည္းျဖစ္ တိုင္႐ြန္မင္ကို တုံ႔ျပန္လိုက္တဲ့ နပန္းအရည္အေသြးေၾကာင့္

ေဘာလုံးက နားရင္MMA ကို ႀကိဳးစားသင့္တယ္ဆိုၿပီး ပရိသတ္ေတြက ဆိုရွယ္မီဒီယာေပၚမွာ စီေရာ္နယ္ဒိုကို ေနာက္ေျပာင္ေန

တနဂၤေႏြညက ဗီလာနဲ႔ကစားခဲ့တဲ့ပြဲမွာ စီေရာ္နယ္ဒိုရဲ႕သြင္းဂိုးေတြကို မျမင္ေတြ႕လိုက္ရေပမယ့္

အဲဒီေပၚတူဂီစူပါစတားရဲ႕နပန္းအရည္အေသြးကိုေတာ့ ကမာၻတစ္ဝန္းလုံးရႈစားခဲ့ၾကရပါတယ္။

ဥေရာပေဘာလုံးရာသီက ေတာ္ေတာ္အရွိန္ရေနၿပီျဖစ္ေပမယ့္ စီေရာ္နယ္ဒိုဟာ အခုခ်ိန္ထိ ၿပိဳင္ပြဲအရပ္ရပ္မွာ ၃ ဂိုးသာ ရေသးတာပါ။

သူ႔ကစားသမားဘဝမွာ ႀကဳံေတာင့္ႀကဳံခဲအျဖစ္ ဂိုးရဖို႔ ႐ုန္းကန္ေနရတဲ့ ရာသီတစ္ခုလည္း ျဖစ္ေနပါတယ္။

ဗီလာနဲ႔ပြဲရဲ႕ဒုတိယပိုင္းမွာေတာ့ စီေရာ္နယ္ဒိုနဲ႔ၿပိဳင္ဘက္ေနာက္ခံလူတိုင္႐ြန္မင္တို႔ၾကားက အခိုက္အတန႔္ေလးဟာ မွတ္မွတ္ရရျဖစ္သြားခဲ့တာပါ။

တိုင္႐ြန္မင္က ေနရာလြတ္မရႏိုင္ေအာင္ စီေရာ္နယ္ဒိုကို ဖမ္းခ်ဳပ္ထားလို႔

အဲဒါကို ေပၚတူဂီသားက ေဒါသထြက္ၿပီး တုံ႔ျပန္ရာကေန တစ္ေယာက္နဲ႔တစ္ေယာက္ နပန္းသတ္သလို ျဖစ္ခဲ့ၾကပါတယ္။

ေနာက္ဆုံးေတာ့ စီေရာ္နယ္ဒိုက အဂၤလန္ေနာက္ခံလူကို ျမက္ခင္းေပၚ လွဲသိပ္ႏိုင္ခဲ့တာပါ။

သူတို႔ႏွစ္ေယာက္ေၾကာင့္ ႏွစ္ဖက္ကစားသမားေတြအေၾကား ႐ုန္းရင္ဆန္ခတ္ေတာင္ ျဖစ္သြားေသးတယ္။

ကံေကာင္းတာက စီေရာ္နယ္ဒိုဟာ အဲဒီအျဖစ္အပ်က္မွာ အဝါကတ္သာျပခံခဲ့ရတာပါ။

UFC ရဲ႕အိုင္ကြန္တစ္ေယာက္ျဖစ္ခဲ့တဲ့ ခါဗစ္နဲ႔ သူငယ္ခ်င္းဆိုေတာ့ စီေရာ္နယ္ဒိုဟာ ကိုယ္ခံပညာနဲ႔ပတ္သက္ရင္ သူ႔အလားအလာကို ျပႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဆိုရွယ္မီဒီယာေပၚက ပရိသတ္ေတြက ေဘာလုံးက နားရင္လည္း MMA ကို ႀကိဳးစားသင့္ေၾကာင္း စီေရာ္နယ္ဒိုကို ေနာက္ေျပာင္ေနၾကတာပါ။

ခါဗစ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက သူ႔သူငယ္ခ်င္းစီေရာ္နယ္ဒိုကစားတာကိုၾကည့္ဖို႔ အိုးလ္ထရက္ဖို႔ဒ္ကို လာခဲ့ဖူးပါတယ္။