UEFA ကလိမ်ကကျစ်လုပ်ခဲ့တယ်

ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် မဲခွဲပွဲက

ရှက်စရာကောင်းတဲ့မဲခွဲပွဲဖြစ်သလို UEFA ကလည်း ကလိမ်ကကျစ်လုပ်ခဲ့တယ်လို့

ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်မဲခွဲပွဲမှာ ကနဦးထွက်ပေါ်လာတဲ့ရလဒ်တွေအရ

ရီးယဲလ်အသင်းဟာ ဘင်ဖီကာအသင်းနဲ့ဆုံတွေ့ရမှာဖြစ်ပေမယ့်

မကြာခင်မှာပဲ နည်းစနစ်ပိုင်းအားနည်းချက်ကြောင့် UEFA က

ပထမထွက်ပေါ်ခဲ့တဲ့အတွဲအဖက်တွေကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး

နောက်တစ်ကြိမ်မဲပြန်ခွဲတာမှာတော့ ရီးယဲလ်အသင်းက

ပြင်သစ်ထိပ်သီး PSG အသင်းနဲ့ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ရီးယဲလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းနဲ့လမ်းခွဲခဲ့တဲ့

၀ါရင့်နောက်ခံလူဟောင်းရာမို့စ်၊ လာလီဂါမှာ ပြိုင်ဘက်တွေအဖြစ်

နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရဖူးတဲ့ ဘာစီလိုနာကစားသမားဟောင်းမက်ဆီတို့နဲ့

ရင်ဆိုင်ရတော့မှာဖြစ်ပြီး ရာသီကုန်ကျရင် သူတို့ခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့

ဘာပေနဲ့ ဆုံတွေ့ရတော့မှာပါ။ ပထမထွက်ပေါ်လာတဲ့အတွဲအဖက်အရ

PSG အသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ဆုံတွေ့မှာဖြစ်တာကြောင့်

မက်ဆီ+စီရော်နယ်လ်ဒိုတို့ တစ်ကျော့ပြန်ဆုံတွေ့တော့မယ်ဆိုပြီး

ယူဆခဲ့ကြပေမယ့် မဲပြန်ခွဲမှုအရ ရီးယဲလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းကတော့ UEFA ရဲ့လုပ်ရပ်ကို ဒေါသပေါက်ကွဲခဲ့ပြီး

ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် ကလိမ်ကကျစ်လုပ်ခဲ့တယ်လို့

ဝေဖန်ပြောဆိုခဲ့သလို စပိန်လူမျိုးဘောလုံးပွဲဝေဖန်သုံးသပ်သူ

ဟိုဆေးလူးဝစ်ဇ်ဆန်းချက်ဇ်က “အမှားတစ်ခုကို နောက်ထပ်အမှားအကြီးကြီးတစ်ခု

ကျူးလွန်ပြီးတော့ ဖုံးဖိလို့မရပါဘူး”လို့ပြစ်တင်ပြောဆိုခဲ့ပါတယ်။

ရီးယဲလ်နဲ့ PSG အသင်းတို့ဟာ ၂၀၁၇-၁၈ ရာသီချန်ပီယံလိဂ်

ရှုံးထွက်(၁၆)သင်းအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး ရီးယဲလ်အသင်းက

အိမ်ကွင်းမှာ(၃-၁)ဂိုး၊ အဝေးကွင်းမှာ(၂-၁)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။

zawgyi

UEFA ကလိမ္ကက်စ္လုပ္ခဲ့တယ္

ရီးယဲလ္အသင္းဟာ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ မဲခြဲပြဲက

ရွက္စရာေကာင္းတဲ့မဲခြဲပြဲျဖစ္သလို UEFA ကလည္း ကလိမ္ကက်စ္လုပ္ခဲ့တယ္လို႔

ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ပါတယ္။ မေန႔ကျပဳလုပ္ခဲ့တဲ့

ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္မဲခြဲပြဲမွာ ကနဦးထြက္ေပၚလာတဲ့ရလဒ္ေတြအရ

ရီးယဲလ္အသင္းဟာ ဘင္ဖီကာအသင္းနဲ႔ဆုံေတြ႕ရမွာျဖစ္ေပမယ့္

မၾကာခင္မွာပဲ နည္းစနစ္ပိုင္းအားနည္းခ်က္ေၾကာင့္ UEFA က

ပထမထြက္ေပၚခဲ့တဲ့အတြဲအဖက္ေတြကို ျပန္လည္ပယ္ဖ်က္ခဲ့ၿပီး

ေနာက္တစ္ႀကိမ္မဲျပန္ခြဲတာမွာေတာ့ ရီးယဲလ္အသင္းက

ျပင္သစ္ထိပ္သီး PSG အသင္းနဲ႔ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ရီးယဲလ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းနဲ႔လမ္းခြဲခဲ့တဲ့

၀ါရင့္ေနာက္ခံလူေဟာင္းရာမို႔စ္၊ လာလီဂါမွာ ၿပိဳင္ဘက္ေတြအျဖစ္

ႏွစ္ေပါင္းမ်ားစြာရင္ဆိုင္ခဲ့ရဖူးတဲ့ ဘာစီလိုနာကစားသမားေဟာင္းမက္ဆီတို႔နဲ႔

ရင္ဆိုင္ရေတာ့မွာျဖစ္ၿပီး ရာသီကုန္က်ရင္ သူတို႔ေခၚယူဖို႔ပစ္မွတ္ထားေနတဲ့

ဘာေပနဲ႔ ဆုံေတြ႕ရေတာ့မွာပါ။ ပထမထြက္ေပၚလာတဲ့အတြဲအဖက္အရ

PSG အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ဆုံေတြ႕မွာျဖစ္တာေၾကာင့္

မက္ဆီ+စီေရာ္နယ္လ္ဒိုတို႔ တစ္ေက်ာ့ျပန္ဆုံေတြ႕ေတာ့မယ္ဆိုၿပီး

ယူဆခဲ့ၾကေပမယ့္ မဲျပန္ခြဲမႈအရ ရီးယဲလ္အသင္းနဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ရီးယဲလ္အသင္းကေတာ့ UEFA ရဲ႕လုပ္ရပ္ကို ေဒါသေပါက္ကြဲခဲ့ၿပီး

ရွက္စရာေကာင္းတဲ့လုပ္ရပ္ျဖစ္တဲ့အျပင္ ကလိမ္ကက်စ္လုပ္ခဲ့တယ္လို႔

ေဝဖန္ေျပာဆိုခဲ့သလို စပိန္လူမ်ိဳးေဘာလုံးပြဲေဝဖန္သုံးသပ္သူ

ဟိုေဆးလူးဝစ္ဇ္ဆန္းခ်က္ဇ္က “အမွားတစ္ခုကို ေနာက္ထပ္အမွားအႀကီးႀကီးတစ္ခု

က်ဴးလြန္ၿပီးေတာ့ ဖုံးဖိလို႔မရပါဘူး”လို႔ျပစ္တင္ေျပာဆိုခဲ့ပါတယ္။

ရီးယဲလ္နဲ႔ PSG အသင္းတို႔ဟာ ၂၀၁၇-၁၈ ရာသီခ်န္ပီယံလိဂ္

ရႈံးထြက္(၁၆)သင္းအဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီး ရီးယဲလ္အသင္းက

အိမ္ကြင္းမွာ(၃-၁)ဂိုး၊ အေဝးကြင္းမွာ(၂-၁)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္ခဲ့ပါတယ္။