UEFA ကလပ်အဆင့်သတ်မှတ်ချက် အဆင့်မြင့်တက်မှု ယူနိုက်တက်ကမပါ

UEFA ကလပ်အဆင့်သတ်မှတ်ချက် အဆင့်မြင့်တက်မှု ယူနိုက်တက်ကမပါ

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၁-၂၂ ရာသီအတွက် ကလပ်အသင်း

အဆင့်သတ်မှတ်တွေကိုထုတ်ပြန်ကြေညာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေထဲမှာ

မန်ချက်စတာယူနိုက်တက်ကလွဲလို့ ကျန်တဲ့နာမည်ကျော်အသင်းတွေဖြစ်တဲ့

ချယ်လ်ဆီး၊ မန်စီးတီး၊ လီဗာပူးလ်အသင်းတို့ဟာ အဆင့်ရပ်တည်ချက်မြင့်တက်

လာပါတယ်။

UEFA ဟာ (၅)ရာသီအတွင်း ဥရောပကလပ်ပြိုင်ပွဲတွေမှာ ကလပ်

အသင်းတွေရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးတော့ အမှတ်ပေးတွက်ချက်တာဖြစ်ပြီး

၂၀၁၇-၁၈ ရာသီကနေ အခု ၂၀၂၁-၂၂ ရာသီအထိ ရလဒ်တွေကိုထည့်သွင်း

တွက်ချက်တာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဖလားရယူခဲ့တဲ့

၂၀၁၆-၁၇ ရာသီ မပါဝင်တော့တာကြောင့် အဆင့်ရပ်တည်မှုလျော့ကျသွားတာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အကြိမ်တုန်းက UEFA ကလပ်အဆင့်သတ်မှတ်

ချက်မှာ အဆင့်(၇)နေရာရခဲ့ပေမယ့် အခုအချိန်မှာတော့ အဆင့်(၉)နေရာ

ကျဆင်းသွားပြီး အကြောင်းရင်းကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းရဲ့

ဥရောပမှတ်တမ်းတွေက အားရစရာမကောင်းခဲ့ဘဲ မနှစ်ကယူရိုပါလိဂ်ဗိုလ်လုပွဲ

ရောက်ခဲ့တာ၊ ချန်ပီယံလိဂ်မှာလည်း ၂၀၁၉ ခုနှစ်မှာ ကွာတားဖိုင်နယ်အဆင့်သာ

အမြင့်ဆုံးရောက်ရှိခဲ့တာကလွဲလို့ ကြီးကြီးမားမားအောင်မြင်မှုမရခဲ့တဲ့အတွက်

အခုလိုအဆင့်လျော့ကျသွားတာပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့အဓိကပြိုင်ဘက် လီဗာပူးလ်အသင်းကတော့ ၂၀၁၉ ခုနှစ်မှာ

(၆)ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရယူခဲ့တဲ့အပြင် အဲဒါမတိုင်ခင် ရှေ့(၁)နှစ်မှာလည်း

ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိခဲ့တဲ့အတွက် ယူနိုက်တက်ကိုကျော်ဖြတ်ပြီးတော့

အရင်အဆင့်(၉)နေရာကနေ အဆင့်(၃)နေရာအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်

ဗိုလ်လုပွဲတက်ရောက်ခဲ့တဲ့မန်စီးတီးအသင်းကလည်း သူတို့ရဲ့မြို့ခံပြိုင်ဘက်ထက်

အဆင့်ရပ်တည်မှုကောင်းမွန်ခဲ့ပြီး အဆင့်(၂)နေရာကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

မနှစ်က ဒုတိယအကြိမ်မြောက်ချန်ပီယံလိဂ်ဖလားရယူခဲ့တဲ့ ချယ်လ်ဆီးအသင်း

ဟာလည်း အဆင့်(၁၁)နေရာကနေ အဆင့်(၄)နေရာအထိမြင့်တက်လာခဲ့ပါတယ်။

၂၀၁၉-၂၀ ရာသီမှာ ရီးယဲလ်အသင်းကို ကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးနေရာ

တက်လှမ်းခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အခုအချိန်မှာလည်း စုစုပေါင်းရမှတ်

(၁၂၂)မှတ်နဲ့အဆင့်(၁)နေရာကို ဆက်လက်သိမ်းပိုက်ထားဆဲပါပဲ။ UEFA ကလပ်

အဆင့်သတ်မှတ်ချက်မှာ ဆိုးဆိုးရွားရွားအဆင့်ကျဆင်းသွားတဲ့နောက်ထပ်တစ်သင်းက

လာလီဂါထိပ်သီးရီးယဲလ်အသင်းဖြစ်ပြီး အရင်က အဆင့်(၂)နေရာရပ်တည်နိုင်ခဲ့ပေ

မယ့် အခုအချိန်မှာတော့ အဆင့်(၇)နေရာအထိကျဆင်းသွားပြီဖြစ်ပါတယ်။

Zawgyi

UEFA ကလပ္အဆင့္သတ္မွတ္ခ်က္ အဆင့္ျမင့္တက္မႈ ယူႏိုက္တက္ကမပါ

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)က ၂၀၂၁-၂၂ ရာသီအတြက္ ကလပ္အသင္း

အဆင့္သတ္မွတ္ေတြကိုထုတ္ျပန္ေၾကညာခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာ

မန္ခ်က္စတာယူႏိုက္တက္ကလြဲလို႔ က်န္တဲ့နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့

ခ်ယ္လ္ဆီး၊ မန္စီးတီး၊ လီဗာပူးလ္အသင္းတို႔ဟာ အဆင့္ရပ္တည္ခ်က္ျမင့္တက္

လာပါတယ္။

UEFA ဟာ (၅)ရာသီအတြင္း ဥေရာပကလပ္ၿပိဳင္ပြဲေတြမွာ ကလပ္

အသင္းေတြရဲ႕စြမ္းေဆာင္ရည္ကိုၾကည့္ၿပီးေတာ့ အမွတ္ေပးတြက္ခ်က္တာျဖစ္ၿပီး

၂၀၁၇-၁၈ ရာသီကေန အခု ၂၀၂၁-၂၂ ရာသီအထိ ရလဒ္ေတြကိုထည့္သြင္း

တြက္ခ်က္တာျဖစ္တဲ့အတြက္ ယူႏိုက္တက္အသင္း ယူ႐ိုပါလိဂ္ဖလားရယူခဲ့တဲ့

၂၀၁၆-၁၇ ရာသီ မပါဝင္ေတာ့တာေၾကာင့္ အဆင့္ရပ္တည္မႈေလ်ာ့က်သြားတာပါ။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့အႀကိမ္တုန္းက UEFA ကလပ္အဆင့္သတ္မွတ္

ခ်က္မွာ အဆင့္(၇)ေနရာရခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ အဆင့္(၉)ေနရာ

က်ဆင္းသြားၿပီး အေၾကာင္းရင္းကေတာ့ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အသင္းရဲ႕

ဥေရာပမွတ္တမ္းေတြက အားရစရာမေကာင္းခဲ့ဘဲ မႏွစ္ကယူ႐ိုပါလိဂ္ဗိုလ္လုပြဲ

ေရာက္ခဲ့တာ၊ ခ်န္ပီယံလိဂ္မွာလည္း ၂၀၁၉ ခုႏွစ္မွာ ကြာတားဖိုင္နယ္အဆင့္သာ

အျမင့္ဆုံးေရာက္ရွိခဲ့တာကလြဲလို႔ ႀကီးႀကီးမားမားေအာင္ျမင္မႈမရခဲ့တဲ့အတြက္

အခုလိုအဆင့္ေလ်ာ့က်သြားတာပဲျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕အဓိကၿပိဳင္ဘက္ လီဗာပူးလ္အသင္းကေတာ့ ၂၀၁၉ ခုႏွစ္မွာ

(၆)ႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရယူခဲ့တဲ့အျပင္ အဲဒါမတိုင္ခင္ ေရွ႕(၁)ႏွစ္မွာလည္း

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲေရာက္ရွိခဲ့တဲ့အတြက္ ယူႏိုက္တက္ကိုေက်ာ္ျဖတ္ၿပီးေတာ့

အရင္အဆင့္(၉)ေနရာကေန အဆင့္(၃)ေနရာအထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ခ်န္ပီယံလိဂ္

ဗိုလ္လုပြဲတက္ေရာက္ခဲ့တဲ့မန္စီးတီးအသင္းကလည္း သူတို႔ရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္ထက္

အဆင့္ရပ္တည္မႈေကာင္းမြန္ခဲ့ၿပီး အဆင့္(၂)ေနရာကို ေရာက္ရွိသြားၿပီျဖစ္ပါတယ္။

မႏွစ္က ဒုတိယအႀကိမ္ေျမာက္ခ်န္ပီယံလိဂ္ဖလားရယူခဲ့တဲ့ ခ်ယ္လ္ဆီးအသင္း

ဟာလည္း အဆင့္(၁၁)ေနရာကေန အဆင့္(၄)ေနရာအထိျမင့္တက္လာခဲ့ပါတယ္။

၂၀၁၉-၂၀ ရာသီမွာ ရီးယဲလ္အသင္းကို ေက်ာ္ျဖတ္ၿပီးေတာ့ ထိပ္ဆုံးေနရာ

တက္လွမ္းခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ အခုအခ်ိန္မွာလည္း စုစုေပါင္းရမွတ္

(၁၂၂)မွတ္နဲ႔အဆင့္(၁)ေနရာကို ဆက္လက္သိမ္းပိုက္ထားဆဲပါပဲ။ UEFA ကလပ္

အဆင့္သတ္မွတ္ခ်က္မွာ ဆိုးဆိုး႐ြား႐ြားအဆင့္က်ဆင္းသြားတဲ့ေနာက္ထပ္တစ္သင္းက

လာလီဂါထိပ္သီးရီးယဲလ္အသင္းျဖစ္ၿပီး အရင္က အဆင့္(၂)ေနရာရပ္တည္ႏိုင္ခဲ့ေပ

မယ့္ အခုအခ်ိန္မွာေတာ့ အဆင့္(၇)ေနရာအထိက်ဆင္းသြားၿပီျဖစ္ပါတယ္။