UEFA ကရန်းစ်အသင်းကို အနိုင်ပေးလိုက်တာကြောင့်  အုပ်စုအဆင့်ကနေထွက်ခဲ့ရတဲ့ စပါး

Europa Conference League ပြိုင်ပွဲအုပ်စုကနေ ထွက်လိုက်ရပြီဖြစ်တဲ့ စပါးအသင်း

စပါးနဲ့ရန်းစ်အသင်းတို့ရဲ့ပွဲစဉ် မကစားဖြစ်တော့တာကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်

(UEFA)က ရန်းစ်အသင်းကို အနိုင်ပေးခဲ့တဲ့အတွက် စပါးအသင်းဟာ

ဒီရာသီ Europa Conference League အုပ်စုအဆင့်ကနေထွက်ခဲ့ရပြီဖြစ်ပါတယ်။

စပါးနဲ့ရန်းစ်အသင်းတို့ရဲ့ပွဲက ဒီဇင်ဘာလ(၉)ရက်ကတည်းက

ယှဉ်ပြိုင်ကစားရမှာဖြစ်ပေမယ့် စပါးအသင်းမှာ ကစားသမားတွေနဲ့ဝန်ထမ်းတွေ

ကိုဗစ်ရောဂါကူးစက်ခံစားနေရလို့ ပွဲရွှေ့ဆိုင်းခဲ့ရပြီး စပါးအသင်းက

အုပ်စုကတက်ဖို့အတွက် ဒီပွဲကို မဖြစ်မနေကစားဖို့ဆန္ဒရှိပေမယ့်

တိကျသေချာတဲ့အဖြေတစ်ခုမထွက်လာတာကြောင့် အခုဆိုရင် UEFA က

ရန်းစ်အသင်းကို (၃-၀)ဂိုးနဲ့အနိုင်ပေးလိုက်ပြီဖြစ်သလို အုပ်စု(G)က ရန်းစ်၊

ဗွီတက်ဆေးအသင်းတို့ နောက်တစ်ဆင့်တက်သွားပြီဖြစ်ပါတယ်။

စပါးအသင်းမှာ စီနီယာကစားသမား(၉)ဦး၊ နည်းပြအဖွဲ့ဝင်(၅)ဦးအပြင်

ယူ-၂၃ကစားသမားတွေပါ ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပြီး

အဲဒီအတွက် ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ ဘရိုက်တန်၊

လက်စတာတို့နဲ့ပွဲတွေကိုပါ ရွှေ့ဆိုင်းခဲ့ရပါတယ်။

စပါးအသင်းက “UEFA ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့သာမက

ဒီပွဲပြန်ကစားဖို့အတွက် ဒီထက်အချိန်ပိုပြီးတော့ခွင့်မပြုပေးတဲ့အတွက်

ကျွန်တော်တို့ ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ UEFA ရဲ့ထုတ်ပြန်ချက်ကို

ကျွန်တော်တို့လက်ခံရမှာဖြစ်ပြီး အသင်းပါဝင်ယှဉ်ပြိုင်နေတဲ့ပြိုင်ပွဲတွေမှာ

အာရုံစိုက်ကစားရမှာပဲဖြစ်ပါတယ်”လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီ FA ဖလားမှာ တတိယအဆင့်၊

လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်ရောက်ရှိနေပြီး ပရီးမီးယားလိဂ်မှာတော့

အဆင့်(၇)နေရာမှာရပ်တည်နေတာကြောင့် လာမယ့်ရာသီ

ဥရောပဝင်ခွင့်တစ်နေရာရရှိအောင်ကြိုးစားရမှာပါ။

zawgyi

UEFA ကရန္းစ္အသင္းကို အႏိုင္ေပးလိုက္တာေၾကာင့္  အုပ္စုအဆင့္ကေနထြက္ခဲ့ရတဲ့ စပါး

Europa Conference League ၿပိဳင္ပြဲအုပ္စုကေန ထြက္လိုက္ရၿပီျဖစ္တဲ့ စပါးအသင္း

စပါးနဲ႔ရန္းစ္အသင္းတို႔ရဲ႕ပြဲစဥ္ မကစားျဖစ္ေတာ့တာေၾကာင့္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္

(UEFA)က ရန္းစ္အသင္းကို အႏိုင္ေပးခဲ့တဲ့အတြက္ စပါးအသင္းဟာ

ဒီရာသီ Europa Conference League အုပ္စုအဆင့္ကေနထြက္ခဲ့ရၿပီျဖစ္ပါတယ္။

စပါးနဲ႔ရန္းစ္အသင္းတို႔ရဲ႕ပြဲက ဒီဇင္ဘာလ(၉)ရက္ကတည္းက

ယွဥ္ၿပိဳင္ကစားရမွာျဖစ္ေပမယ့္ စပါးအသင္းမွာ ကစားသမားေတြနဲ႔ဝန္ထမ္းေတြ

ကိုဗစ္ေရာဂါကူးစက္ခံစားေနရလို႔ ပြဲေ႐ႊ႕ဆိုင္းခဲ့ရၿပီး စပါးအသင္းက

အုပ္စုကတက္ဖို႔အတြက္ ဒီပြဲကို မျဖစ္မေနကစားဖို႔ဆႏၵရွိေပမယ့္

တိက်ေသခ်ာတဲ့အေျဖတစ္ခုမထြက္လာတာေၾကာင့္ အခုဆိုရင္ UEFA က

ရန္းစ္အသင္းကို (၃-၀)ဂိုးနဲ႔အႏိုင္ေပးလိုက္ၿပီျဖစ္သလို အုပ္စု(G)က ရန္းစ္၊

ဗြီတက္ေဆးအသင္းတို႔ ေနာက္တစ္ဆင့္တက္သြားၿပီျဖစ္ပါတယ္။

စပါးအသင္းမွာ စီနီယာကစားသမား(၉)ဦး၊ နည္းျပအဖြဲ႕ဝင္(၅)ဦးအျပင္

ယူ-၂၃ကစားသမားေတြပါ ကိုဗစ္ေရာဂါကူးစက္ခံခဲ့ရတာျဖစ္ၿပီး

အဲဒီအတြက္ ပရီးမီးယားလိဂ္ပြဲေတြျဖစ္တဲ့ ဘ႐ိုက္တန္၊

လက္စတာတို႔နဲ႔ပြဲေတြကိုပါ ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

စပါးအသင္းက “UEFA ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္လို႔သာမက

ဒီပြဲျပန္ကစားဖို႔အတြက္ ဒီထက္အခ်ိန္ပိုၿပီးေတာ့ခြင့္မျပဳေပးတဲ့အတြက္

ကြၽန္ေတာ္တို႔ ဝမ္းနည္းရပါတယ္။ ဒါေပမဲ့ UEFA ရဲ႕ထုတ္ျပန္ခ်က္ကို

ကြၽန္ေတာ္တို႔လက္ခံရမွာျဖစ္ၿပီး အသင္းပါဝင္ယွဥ္ၿပိဳင္ေနတဲ့ၿပိဳင္ပြဲေတြမွာ

အာ႐ုံစိုက္ကစားရမွာပဲျဖစ္ပါတယ္”လို႔ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

စပါးအသင္းဟာ ဒီရာသီ FA ဖလားမွာ တတိယအဆင့္၊

လိဂ္ဖလားကြာတားဖိုင္နယ္အဆင့္ေရာက္ရွိေနၿပီး ပရီးမီးယားလိဂ္မွာေတာ့

အဆင့္(၇)ေနရာမွာရပ္တည္ေနတာေၾကာင့္ လာမယ့္ရာသီ

ဥေရာပဝင္ခြင့္တစ္ေနရာရရွိေအာင္ႀကိဳးစားရမွာပါ။