ကိုဗစ်ဖြစ်ပွားပြီးနောက် နှလုံးကို စစ်ဆေးရာတွင် ပြဿနာရှိနေတဲ့ အူဘာမီယန်း

ဂါနာနဲ့ သရေကျတဲ့ ဂါဘွန် အသင်းတွင် အာဆင်နယ်တိုက်စစ်မှူး

အူဘာမီယန်းဟာ ပါဝင်ခဲ့ခြင်း မရှိဘဲ ကိုဗစ်ဖြစ်ပွားပြီးနောက်

နှလုံးကို စစ်ဆေးရာတွင် ပြဿနာရှိနေတာကြောင့်

ပွဲစဉ်အား လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ကစားသမားရဲ့ အခြေအနေက မပြင်းထန်ဘဲ

သက်သာလာပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က အူဘာမီယန်းဟာ ကိုဗစ်ပိုးတွေ့ရှိမှုနဲ့အတူ

ကင်မရွန်းသို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ထိုကြောင့် ပွဲပြန်မကစားမီ ကြိုတင်သတိထားမှုအနေဖြင့်

ကျန်းမာရေးအတွက် စစ်ဆေးချက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ’ CAF ရဲ့

ဆေးဘက်ဆိုင်ရာစစ်ဆေးချက်တွေအရအူဘာမီယန်း၊

မာရီယိုလီမီနာနဲ့ အိတ်ဇယ်မီရီတို့ဟာ ကိုဗစ်ပိုးကင်းရုံသာရှိသေးတာကြောင့်

အသင်းနဲ့ပူးပေါင်းနိုင်ဦးမှာမဟုတ်သေးပါဘူး’

‘ထွက်ပေါ်လာတဲ့ဆေးစစ်ချက်တွေအရ နှလုံးပိုင်းဆိုင်ရာပြဿနာတွေနဲ့

ရင်ဆိုင်နေကြရတာကြောင့် CAF အနေနဲ့ အရဲစွန့်တာမျိုး

မပြုလုပ်ချင်ခဲ့တာပါ’ လို့ပြောခဲ့တာပါ။

ဂါဘွန်အသင်းဟာ အာဖရိကနိုင်ငံများဖလားအဖွင့်ပွဲမှာ

ကိုမိုရို့စ်အသင်းကို အာရွန်ဆာလမ်ဘူပန်ဇ်ဒါရဲ့

တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အူဘာမီယန်းကတော့ ဒီဇင်ဘာလဆန်းပိုင်းက

အဲဗာတန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ပြီးကတည်းက

ပွဲကစားခွင့်မရတော့တာဖြစ်ပြီး အရန်ခုံကနေ ၅မိနစ်သာပါဝင်ခွင့်ရခဲ့တာပါ။

zawgyi























