
ဘီလ်ဘာအိုအသင်းတိုက်စစ်မှူး အီနာကီဝီလျံဟာ စပိန်စူပါဖလားဗိုလ်လုပွဲအပြီးမှာ
ညီဖြစ်သူအပေါ်သူ့ရဲ့ပြုမူပြပုံကြောင့် အစ်ကိုကြီးပီသလွန်းသူအဖြစ်
သတ်မှတ်ခံနေရပြီးတွစ်တာပေါ်မှာ ချီးကျူးဂုဏ်ပြုခံနေရပါတယ်။
အဲဒီဗိုလ်လုပွဲကို ဆော်ဒီ အာရေဗျနိုင်ငံမှာ ကျင်းပခဲ့ပြီး
ဘီလ်ဘာအိုက ၂-၀ နဲ့အရေးနိမ့်ကာဒုတိယနဲ့သာကျေနပ်ခဲ့ရပါတယ်။
ရီးရဲလ်အတွက် ဂိုးတွေကို ဘင်ဇီမာနဲ့ လူကာမိုဒရစ် တို့ကသွင်းယူပေးခဲ့ကြတာပါ။
ပွဲအပြီးမှာဘီလ်ဘာအိုတစ်သင်းလုံး စိတ်ပျက်နေကြပြီး
ဒီအထဲမှာ အီနာကီရဲ့ညီဖြစ်တဲ့ နီကိုဝီလျံလည်းပါဝင်ခဲ့ပါတယ်။
ဒါကြောင့်လည်း နီကို ဟာဒုတိယဆုတံဆိပ် လက်ခံရယူပြီးချိန်မှာ
သူ့ စိတ်ပျက်မှုကို မထိန်းချုပ်နိုင်ဘဲ
လည်ပင်းမှာချိတ်ဆွဲထားရာကနေချွတ်ပစ်ခဲ့ပါတယ်။
ဒါကိုသူ့အစ်ကို အီနာကီ ကဆုတံဆိပ် ကိုပြန်ဝတ်ဖို့နဲ့ မလေးမစားမလုပ်ဖို့
လက်ဟန်နဲ့ပြုလုပ်ပြခဲ့တာပါ။
ဒါကြောင့်လည်း နီကို ကသူ့ဆုတံဆိပ်ကိုပြန်ပြီးဝတ်ဆင်ခဲ့ ရပါတယ်။
ဒီဖြစ်ရပ်ကို မျက်စေ့လျင်တဲ့ပရိသတ်တစ်ဦးကတွေ့မြင်သွားခဲ့ပြီး
တွစ်တာပေါ်မှာချီးကျူးနေကြတာပါ။ နီကို ဟာဒီပွဲမှာဘီလ် ဘာအိုအတွက်
အစ်ကိုဖြစ်သူနဲ့အတူပွဲထွက်ကစားခဲ့ရတာပါ။
ဒါကြောင့်လည်း LaLigaLowdown ဆိုတဲ့ တွစ်တာအကောင့်မှာ
သူတို့ညီအစ်ကိုနှစ်ဦးရဲ့ဆုပေးပွဲအခမ်းအနားက ပြုမူနေကြတဲ့
ဗီဒီယိုဖိုင်ကိုတင်ပြီး ” စံပြအစ်ကိုကြီးပါ။
အစ်ကိုဖြစ်သူတိုင်း ညီတွေကိုလမ်းညွှန်ပြသ သင့်တဲ့ပုံစံပါ။
အစ်ကိုကြီးအဖ အရာပီသတဲ့သူ” လို့ရေးသားခဲ့ပါတယ်။
အီနာကီ ဟာဘီလ်ဘာအို အသင်းအတွက်ပွဲပေါင်း ၃၀၀ ကျော်ကစားခဲ့သူဖြစ်ပြီး
သူ့ညီဖြစ်တဲ့ နီကို အသင်းမှာစတင်ပွဲထွက်ပြီးနောက် ညီဖြစ်သူဘက်က နေ
မားမားမတ်မတ်ရပ်တည်ပေးသူအဖြစ်နာမည်ကျော်ပါတယ်။
နီကို ဟာပြီးခဲ့တဲ့ ဧပြီလကသူ့အသက် ၁၈ နှစ်အရွယ်မှာ
ဘီလ်ဘာအိုအတွက်စတင်ပွဲထွက်ခဲ့ရသူပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီအစောပိုင်းတုန်းကလည်း နီကို ကို
ပြိုင်ဘက်အိုဆာဆူနာကစား သမား အဗီလာ က
ပြင်းထန်စွာဖျက်ထုတ်ခဲ့လို့ အီနာကီ ကသွားပြီး
ထိပ်တိုက်တွေ့တဲ့ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပါသေးတယ်။
ဒီဖျက် ထုတ်မှုမှာ နီကို ဟာဘာမှမထိခိုက်ခဲ့ပေမယ့်
ထိလိုက်ရင်လည်းဒဏ်ရာအပြင်းအထန်ရနိုင်လို့
အီနာကီ ကတုံ့ပြန်ခဲ့တာဖြစ်ပါ တယ်။
နီကိုဟာ ဆီမီးဖိုင်နယ်တုန်းက အက်သလက်တီကို
အသင်းကိုအနိုင်ရခဲ့ရာမှာ အနိုင်ဂိုးသွင်းယူပေးခဲ့သူလည်းဖြစ်ပါ တယ်။
zawgyi
အၿမဲတမ္း အစ္ကိုႀကီအဖ အရာပီသလြန္းတဲ့ အီနာကီဝီလ်ံ
ဘီလ္ဘာအိုအသင္းတိုက္စစ္မႉး အီနာကီဝီလ်ံဟာ စပိန္စူပါဖလားဗိုလ္လုပြဲအၿပီးမွာ
ညီျဖစ္သူအေပၚသူ႔ရဲ႕ျပဳမူျပပုံေၾကာင့္ အစ္ကိုႀကီးပီသလြန္းသူအျဖစ္
သတ္မွတ္ခံေနရၿပီးတြစ္တာေပၚမွာ ခ်ီးက်ဴးဂုဏ္ျပဳခံေနရပါတယ္။
အဲဒီဗိုလ္လုပြဲကို ေဆာ္ဒီ အာေရဗ်ႏိုင္ငံမွာ က်င္းပခဲ့ၿပီး
ဘီလ္ဘာအိုက ၂-၀ နဲ႔အေရးနိမ့္ကာဒုတိယနဲ႔သာေက်နပ္ခဲ့ရပါတယ္။
ရီးရဲလ္အတြက္ ဂိုးေတြကို ဘင္ဇီမာနဲ႔ လူကာမိုဒရစ္ တို႔ကသြင္းယူေပးခဲ့ၾကတာပါ။
ပြဲအၿပီးမွာဘီလ္ဘာအိုတစ္သင္းလုံး စိတ္ပ်က္ေနၾကၿပီး
ဒီအထဲမွာ အီနာကီရဲ႕ညီျဖစ္တဲ့ နီကိုဝီလ်ံလည္းပါဝင္ခဲ့ပါတယ္။
ဒါေၾကာင့္လည္း နီကို ဟာဒုတိယဆုတံဆိပ္ လက္ခံရယူၿပီးခ်ိန္မွာ
သူ႔ စိတ္ပ်က္မႈကို မထိန္းခ်ဳပ္ႏိုင္ဘဲ
လည္ပင္းမွာခ်ိတ္ဆြဲထားရာကေနခြၽတ္ပစ္ခဲ့ပါတယ္။
ဒါကိုသူ႔အစ္ကို အီနာကီ ကဆုတံဆိပ္ ကိုျပန္ဝတ္ဖို႔နဲ႔ မေလးမစားမလုပ္ဖို႔
လက္ဟန္နဲ႔ျပဳလုပ္ျပခဲ့တာပါ။ ဒါေၾကာင့္လည္း နီကို က
သူ႔ဆုတံဆိပ္ကိုျပန္ၿပီးဝတ္ဆင္ခဲ့ ရပါတယ္။
ဒီျဖစ္ရပ္ကို မ်က္ေစ့လ်င္တဲ့ပရိသတ္တစ္ဦးကေတြ႕ျမင္သြားခဲ့ၿပီး
တြစ္တာေပၚမွာခ်ီးက်ဴးေနၾကတာပါ။ နီကို ဟာဒီပြဲမွာဘီလ္ ဘာအိုအတြက္
အစ္ကိုျဖစ္သူနဲ႔အတူပြဲထြက္ကစားခဲ့ရတာပါ။
ဒါေၾကာင့္လည္း LaLigaLowdown ဆိုတဲ့ တြစ္တာအေကာင့္မွာ
သူတို႔ညီအစ္ကိုႏွစ္ဦးရဲ႕ဆုေပးပြဲအခမ္းအနားက ျပဳမူေနၾကတဲ့
ဗီဒီယိုဖိုင္ကိုတင္ၿပီး ” စံျပအစ္ကိုႀကီးပါ။
အစ္ကိုျဖစ္သူတိုင္း ညီေတြကိုလမ္းၫႊန္ျပသ သင့္တဲ့ပုံစံပါ။
အစ္ကိုႀကီးအဖ အရာပီသတဲ့သူ” လို႔ေရးသားခဲ့ပါတယ္။
အီနာကီ ဟာဘီလ္ဘာအို အသင္းအတြက္ပြဲေပါင္း ၃၀၀ ေက်ာ္ကစားခဲ့သူျဖစ္ၿပီး
သူ႔ညီျဖစ္တဲ့ နီကို အသင္းမွာစတင္ပြဲထြက္ၿပီးေနာက္ ညီျဖစ္သူဘက္က ေန
မားမားမတ္မတ္ရပ္တည္ေပးသူအျဖစ္နာမည္ေက်ာ္ပါတယ္။
နီကို ဟာၿပီးခဲ့တဲ့ ဧၿပီလကသူ႔အသက္ ၁၈ ႏွစ္အ႐ြယ္မွာ
ဘီလ္ဘာအိုအတြက္စတင္ပြဲထြက္ခဲ့ရသူပါ။
ၿပီးခဲ့တဲ့ ဇန္နဝါရီအေစာပိုင္းတုန္းကလည္း နီကို ကို
ၿပိဳင္ဘက္အိုဆာဆူနာကစား သမား အဗီလာ က
ျပင္းထန္စြာဖ်က္ထုတ္ခဲ့လို႔ အီနာကီ ကသြားၿပီး
ထိပ္တိုက္ေတြ႕တဲ့ျဖစ္ရပ္ေပၚေပါက္ခဲ့ပါေသးတယ္။
ဒီဖ်က္ ထုတ္မႈမွာ နီကို ဟာဘာမွမထိခိုက္ခဲ့ေပမယ့္
ထိလိုက္ရင္လည္းဒဏ္ရာအျပင္းအထန္ရႏိုင္လို႔
အီနာကီ ကတုံ႔ျပန္ခဲ့တာျဖစ္ပါ တယ္။
နီကိုဟာ ဆီမီးဖိုင္နယ္တုန္းက အက္သလက္တီကို
အသင္းကိုအႏိုင္ရခဲ့ရာမွာ အႏိုင္ဂိုးသြင္းယူေပးခဲ့သူလည္းျဖစ္ပါ တယ္။