The Guardian သတင်းစာကထုတ်ပြန်တဲ့ ၂၀၂၂ အတွင်းအကောင်းဆုံးဘောလုံးသမားအယောက် ၁၀၀ စာရင်းမှာ မက်ဆီထိပ်ဆုံးက ဦးဆောင်ခဲ့

ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းကိုချန်ပီယံဖြစ်စေခဲ့ပြီးနောက်

မက်ဆီဟာ ၂၀၂၂ ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားဘောလုံးသမားအဖြစ်

သတ်မှတ်ခံလိုက်ရပါတယ်။ ပီအက်စ်ဂျီစူပါစတားရဲ့အမှတ်တရ

နှစ်တစ်နှစ်မှာတော့ The Guardian သတင်းစာက သူတို့ရဲ့

ကမ္ဘာ့အကောင်းဆုံးကစားသမားအယောက် ၁၀၀ စာရင်းကို

ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒီစာရင်းမှာတော့ ဆယ်စုနှစ်

တစ်ခုကျော်အတွင်း မက်ဆီနဲ့အတူ ဘလွန်းဒီအော် ၁၂ကြိမ်ကို

မျှဝေယူခဲ့တဲ့ ရော်နယ်ဒိုဟာ အဆင့် ၅၁ နေရာမှာသာရပ်တည်နေခဲ့ပါတယ်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားဘက်ကို ဟက်ထရစ်

သွင်းနိုင်ခဲ့တဲ့ အမ်ဘာပီကတော့ မက်ဆီရဲ့နောက် ဒုတိယနေရာမှာ

ရပ်တည်ခဲ့တာပါ။ တတိယနေရာမှာ ရီးရဲလ်တိုက်စစ်မှူး

ဘန်ဇီမာရှိနေခဲ့ပြီး အဆင့် ၄ နေရာမှာတော့ မန်စီးတီးနဲ့အတူ

ပရီးမီးယားလိဂ်၁၉ပွဲမှာ ၂၅ဂိုး သွင်းထားတဲ့ဟာလန်းရပ်တည်ခဲ့ပါတယ်။

အဆင့် ၅ နေရာမှာ မိုဒရစ်ရပ်တည်ခဲ့ပြီး ဒီဘရိုင်း၊ လီဝန်ဒေါစကီး၊

ဗင်နီစီယက်စ်၊ ကော်တိုရစ်နဲ့ မိုဆာလက်တို့က အဆင့် ၁၀ အတွင်း

ရပ်တည်နိုင်ခဲ့ကြတာဖြစ်တယ်။ အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးဖြစ်တဲ့

ဟယ်ရီကိန်းက အဆင့် ၁၃ နေရာမှာရှိနေခဲ့ပြီး ကမ္ဘာ့တန်ကြေး

အမြင့်ဆုံးလို့သတ်မှတ်ခံထားရတဲ့ ဒေါ့တ်မန်ကွင်းလယ်လူ

ဘယ်လင်ဂမ်က အဆင့် ၁၄ နေရာမှာရပ်တည်ခဲ့တာပါ။

မက်ဆီတစ်ယောက် ပထမဆုံးအကြိမ်ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပြီး

နောက်ပိုင်းမှာတော့ သူနဲ့ရော်နယ်ဒိုရဲ့ရပ်တည်မှုတွေက

အတော်လေးအလှမ်းကွာလာတာကိုတွေ့ရပါတယ်။

zawgyi

The Guardian သတင္းစာကထုတ္ျပန္တဲ့ ၂၀၂၂ အတြင္းအေကာင္းဆုံးေဘာလုံးသမားအေယာက္ ၁၀၀ စာရင္းမွာ မက္ဆီထိပ္ဆုံးက ဦးေဆာင္ခဲ့

ကာတာကမာၻ႔ဖလားမွာ အာဂ်င္တီးနားအသင္းကိုခ်န္ပီယံျဖစ္ေစခဲ့ၿပီးေနာက္

မက္ဆီဟာ ၂၀၂၂ ခုႏွစ္ရဲ႕အေကာင္းဆုံးအမ်ိဳးသားေဘာလုံးသမားအျဖစ္

သတ္မွတ္ခံလိုက္ရပါတယ္။ ပီအက္စ္ဂ်ီစူပါစတားရဲ႕အမွတ္တရ

ႏွစ္တစ္ႏွစ္မွာေတာ့ The Guardian သတင္းစာက သူတို႔ရဲ႕

ကမာၻ႔အေကာင္းဆုံးကစားသမားအေယာက္ ၁၀၀ စာရင္းကို

ထုတ္ျပန္ခဲ့တာျဖစ္တယ္။ ဒီစာရင္းမွာေတာ့ ဆယ္စုႏွစ္

တစ္ခုေက်ာ္အတြင္း မက္ဆီနဲ႔အတူ ဘလြန္းဒီေအာ္ ၁၂ႀကိမ္ကို

မွ်ေဝယူခဲ့တဲ့ ေရာ္နယ္ဒိုဟာ အဆင့္ ၅၁ ေနရာမွာသာရပ္တည္ေနခဲ့ပါတယ္။

ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အာဂ်င္တီးနားဘက္ကို ဟက္ထရစ္

သြင္းႏိုင္ခဲ့တဲ့ အမ္ဘာပီကေတာ့ မက္ဆီရဲ႕ေနာက္ ဒုတိယေနရာမွ

ာရပ္တည္ခဲ့တာပါ။ တတိယေနရာမွာ ရီးရဲလ္တိုက္စစ္မႉး

ဘန္ဇီမာရွိေနခဲ့ၿပီး အဆင့္ ၄ ေနရာမွာေတာ့ မန္စီးတီးနဲ႔အတူ

ပရီးမီးယားလိဂ္၁၉ပြဲမွာ ၂၅ဂိုး သြင္းထားတဲ့ဟာလန္းရပ္တည္ခဲ့ပါတယ္။

အဆင့္ ၅ ေနရာမွာ မိုဒရစ္ရပ္တည္ခဲ့ၿပီး ဒီဘ႐ိုင္း၊ လီဝန္ေဒါစကီး၊

ဗင္နီစီယက္စ္၊ ေကာ္တိုရစ္နဲ႔ မိုဆာလက္တို႔က အဆင့္ ၁၀ အတြင္း

ရပ္တည္ႏိုင္ခဲ့ၾကတာျဖစ္တယ္။ အဂၤလန္ၾကယ္ပြင့္တိုက္စစ္မႉးျဖစ္တဲ့

ဟယ္ရီကိန္းက အဆင့္ ၁၃ ေနရာမွာရွိေနခဲ့ၿပီး ကမာၻ႔တန္ေၾကး

အျမင့္ဆုံးလို႔သတ္မွတ္ခံထားရတဲ့ ေဒါ့တ္မန္ကြင္းလယ္လူ

ဘယ္လင္ဂမ္က အဆင့္ ၁၄ ေနရာမွာရပ္တည္ခဲ့တာပါ။

မက္ဆီတစ္ေယာက္ ပထမဆုံးအႀကိမ္ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့ၿပီး

ေနာက္ပိုင္းမွာေတာ့ သူနဲ႔ေရာ္နယ္ဒိုရဲ႕ရပ္တည္မႈေတြက

အေတာ္ေလးအလွမ္းကြာလာတာကိုေတြ႕ရပါတယ္။