
အေစီမီလန်နည်းပြပီအိုလီက ပွဲပြီးခါနီးဆုံးဖြတ်ချက်အမှားအတွက်
ကွင်းလယ်ဒိုင်မာကိုဆာရာက သူ့အသင်းကို
တောင်းပန်မှုလုပ်ခဲ့ကြောင်း အတည်ပြုလိုက်ပါတယ်။
အမှတ်ပေးဇယားအောက်ပိုင်းက စပီဇီယာနဲ့ပွဲမှာ အေစီမီလန်ဟာ
ပွဲပြီးခါနီး အနိုင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးရဲ့ပယ်ဖျက်ခြင်းကို ခံခဲ့ရတာပါ။
မက်ဆီးယက်စ်က ဂိုးမသွင်းခင် စက္ကန့်ပိုင်းအလိုမှာ
ရီဘစ် ပြစ်ဒဏ်ကျူးလွန်ခံရလို့ ကွင်းလယ်ဒိုင်က ဝီစီမှုတ်လိုက်တာဖြစ်ပြီး
အေစီကို ဖရီးကစ်သာ ပေးခဲ့တာပါ။
ဆက်ကစားခွင့်ပြုလို့ ရနိုင်တဲ့အခြေအနေမှာ အခုလိုဆုံးဖြတ်ခဲ့လို့
နည်းပြအပါအဝင် အေစီကစားသမားတွေဟာ ဒိုင်ကို ဒေါသထွက်ခဲ့ကြပါတယ်။
ကံဆိုးချင်တော့ နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ
စပီဇီယာ အနိုင်ဂိုးသွင်းသွားခဲ့တာဖြစ်ပြီး သူတို့အသင်းသမိုင်းတစ်လျှောက်
ပထမဆုံးအကြိမ်အဖြစ် ဆန်စီရိုမှာ အနိုင်ရသွားခဲ့တာပါ။
နိုင်သင့်တဲ့ပွဲတစ်ပွဲမှာ မနိုင်ခဲ့ဘဲ ရှုံးတောင် ရှုံးသွားခဲ့တာဖြစ်လို့
ချန်ပီယံပြေးလမ်းထဲက အေစီမီလန်အတွက် နစ်နာလွန်းခဲ့ပါတယ်။
”ကျွန်တော့်ကစားသမားတွေ စိတ်လျှော့အောင် ကြိုးစားခဲ့ပါတယ်။
စပီဇီယာဂိုးသွင်းသွားတာကတော့ ကျွန်တော်လည်း မတက်နိုင်ပါဘူး။
အဲဒါဟာ တရားမမျှတဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။
ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်ရမှာပါ။
ဒါပေမဲ့လည်း ဒိုင်လူကြီးမှာလည်း တာဝန်ရှိပါတယ်။
ဒီလိုမျိုးပြောရတာ မကောင်းပါဘူး။ ဒိုင်က တောင်းပန်မှုတောင် လုပ်ခဲ့ပါတယ်”လို့
ပွဲအပြီးမှာ နည်းပြပီအိုလီက ပြောခဲ့တာပါ။
အဲဒီပွဲက ဒိုင်အမှားတွေအတွက် အီတလီဒိုင်လူကြီးအဖွဲ့ချုပ်ကလည်း
အေစီမီလန်ကို တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
၃၉ နှစ်အရွယ် ကွင်းလယ်ဒိုင်မာကိုဆာရာဟာ
အဲဒီပွဲက အမှားတွေကြောင့် ၂ ပွဲထက်ပိုတဲ့ ကာလရှည်ပွဲပယ်ပြစ်ဒဏ်နဲ့
ရင်ဆိုင်နေရကြောင်း အီတလီကလာတဲ့သတင်းတွေက ဆိုပါတယ်။
zawgyi
ေတာင္းပန္တာက ေနာက္မွ ဆုံးရႈံးတာက အရင္ခံရတဲ့ ေအစီမီလန္
ေအစီမီလန္နည္းျပပီအိုလီက ပြဲၿပီးခါနီးဆုံးျဖတ္ခ်က္အမွားအတြက္
ကြင္းလယ္ဒိုင္မာကိုဆာရာက သူ႔အသင္းကို
ေတာင္းပန္မႈလုပ္ခဲ့ေၾကာင္း အတည္ျပဳလိုက္ပါတယ္။
အမွတ္ေပးဇယားေအာက္ပိုင္းက စပီဇီယာနဲ႔ပြဲမွာ ေအစီမီလန္ဟာ
ပြဲၿပီးခါနီး အႏိုင္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ဒိုင္လူႀကီးရဲ႕ပယ္ဖ်က္ျခင္းကို ခံခဲ့ရတာပါ။
မက္ဆီးယက္စ္က ဂိုးမသြင္းခင္ စကၠန႔္ပိုင္းအလိုမွာ
ရီဘစ္ ျပစ္ဒဏ္က်ဴးလြန္ခံရလို႔ ကြင္းလယ္ဒိုင္က ဝီစီမႈတ္လိုက္တာျဖစ္ၿပီး
ေအစီကို ဖရီးကစ္သာ ေပးခဲ့တာပါ။
ဆက္ကစားခြင့္ျပဳလို႔ ရႏိုင္တဲ့အေျခအေနမွာ အခုလိုဆုံးျဖတ္ခဲ့လို႔
နည္းျပအပါအဝင္ ေအစီကစားသမားေတြဟာ ဒိုင္ကို ေဒါသထြက္ခဲ့ၾကပါတယ္။
ကံဆိုးခ်င္ေတာ့ နာက်င္အခ်ိန္ပိုေနာက္ဆုံးမိနစ္မွာ
စပီဇီယာ အႏိုင္ဂိုးသြင္းသြားခဲ့တာျဖစ္ၿပီး သူတို႔အသင္းသမိုင္းတစ္ေလွ်ာက္
ပထမဆုံးအႀကိမ္အျဖစ္ ဆန္စီ႐ိုမွာ အႏိုင္ရသြားခဲ့တာပါ။
ႏိုင္သင့္တဲ့ပြဲတစ္ပြဲမွာ မႏိုင္ခဲ့ဘဲ ရႈံးေတာင္ ရႈံးသြားခဲ့တာျဖစ္လို႔
ခ်န္ပီယံေျပးလမ္းထဲက ေအစီမီလန္အတြက္ နစ္နာလြန္းခဲ့ပါတယ္။
”ကြၽန္ေတာ့္ကစားသမားေတြ စိတ္ေလွ်ာ့ေအာင္ ႀကိဳးစားခဲ့ပါတယ္။
စပီဇီယာဂိုးသြင္းသြားတာကေတာ့ ကြၽန္ေတာ္လည္း မတက္ႏိုင္ပါဘူး။
အဲဒါဟာ တရားမမွ်တဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။
ကြၽန္ေတာ္တို႔ ကိုယ့္ကိုယ္ကိုလည္း အျပစ္တင္ရမွာပါ။
ဒါေပမဲ့လည္း ဒိုင္လူႀကီးမွာလည္း တာဝန္ရွိပါတယ္။
ဒီလိုမ်ိဳးေျပာရတာ မေကာင္းပါဘူး။ ဒိုင္က ေတာင္းပန္မႈေတာင္ လုပ္ခဲ့ပါတယ္”လို႔
ပြဲအၿပီးမွာ နည္းျပပီအိုလီက ေျပာခဲ့တာပါ။
အဲဒီပြဲက ဒိုင္အမွားေတြအတြက္ အီတလီဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ကလည္း
ေအစီမီလန္ကို ေတာင္းပန္ခဲ့ေၾကာင္း သိရပါတယ္။
၃၉ ႏွစ္အ႐ြယ္ ကြင္းလယ္ဒိုင္မာကိုဆာရာဟာ
အဲဒီပြဲက အမွားေတြေၾကာင့္ ၂ ပြဲထက္ပိုတဲ့ ကာလရွည္ပြဲပယ္ျပစ္ဒဏ္နဲ႔
ရင္ဆိုင္ေနရေၾကာင္း အီတလီကလာတဲ့သတင္းေတြက ဆိုပါတယ္။