ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
ဝုဖ်ဘတ် vs ဟာသာဘာလင်
နည်းပြအပြောင်းအလဲလုပ်ပြီးနောက် ဝုဖ်ဘတ်ဟာ ဟုတ်မလိုလိုရှိခဲ့ပေမယ့်
ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၈ ပွဲဆက်ရှုံးခဲ့လို့
လက်ရှိနည်းပြကော့ဖဲလ်အပေါ် ဖိအားတွေရှိလာပါတယ်။
ဝုဖ်ဘတ်ရဲ့လက်ရှိပြသနာက တိုက်စစ်ပိုင်းဖြစ်ပြီး
နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဟာသာကလည်း နောက်ဆုံးအဝေးကွင်း ၄ ပွဲမှာ ၁ ပွဲသာ ဂိုးရခဲ့တာပါ။
ဂိုးပေါင်းဈေးလည်းနိမ့်လို့ ဂိုးအောက်ပဲ စဉ်းစားသင့်တယ်။
ယူနီယံဘာလင် vs ဟော်ဖန်ဟိမ်း
ပြီးခဲ့တဲ့အပတ်က လေဗာကူဆင်ကို အဝေးကွင်း သရေကန်နိုင်ခဲ့တဲ့
ယူနီယံဘာလင်ဟာ ဒီရာသီအိမ်ကွင်းမှာ
ဘိုင်ယန်တစ်သင်းကိုသာ ရှုံးနိမ့်ခဲ့တာပါ။ အဆင့် ၃ နေရာက
ဟော်ဖန်ဟိမ်းကလည်း အကောင်းဆုံးပုံစံရနေချိန်ဖြစ်ပြီး
နောက်ဆုံးဘွန်ဒက်စ် ၇ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ၅ ပွဲနိုင်ထားတယ်။
ဒါပေမဲ့ ဟော်ဖန်ဟိမ်းရဲ့နောက်ဆုံး ၆ ပွဲစလုံး အပြန်အလှန်သွင်းဂိုးရှိခဲ့တာပါ။
ဒီပွဲမှာလည်း အပြန်အလှန်ဂိုးတွေရှိနိုင်လို့ ဂိုးပေါ်ပဲ ကောင်းပါတယ်။
စတုဂတ် vs လစ်ပ်ဇစ်
တန်းဆင်းဇုန်နားက စတုဂတ်ဟာ ဒဏ်ရာပြသနာတွေနဲ့
နောက်ဆုံး ၃ ပွဲဆက်နိုင်ပွဲပျောက်ထားပြီး အဲဒီပွဲတွေမှာ
တစ်ဂိုးမှလည်း မသွင်းနိုင်ခဲ့ဘူး။
တစ်ဖက်မှာ လစ်ပ်ဇစ်ကလည်း ဒီရာသီဘွန်ဒက်စ်လီဂါမှာ
အခုချိန်ထိ အဝေးကွင်းနိုင်ပွဲမရသေးပါဘူး။
ဒါပေမဲ့ စတုဂတ်ရဲ့လက်ရှိအခြေအနေက လစ်ပ်ဇစ်အတွက်
အခွင့်အလမ်းကောင်းဖြစ်ပြီး ၁+၁၀ နဲ့ ဈေးလည်းမနိမ့်တာကြောင့်
ဧည့်သည်အသင်းအဝေးကွင်းနိုင်ပွဲစရမှာပါ။
မိန့်ဇ် vs ဘိုချမ်
မိန့်ဇ်ဟာ အဝေးကွင်းရှုံးပွဲဆက်နေပေမယ့်
အိမ်ကွင်းနိုင်ပွဲဆက်နေတဲ့အသင်းပါ။
ဒီရာသီမှာ ခံစစ်မာကျောလာသလို အိမ်ကွင်းပေးဂိုးလည်း နည်းပါတယ်။
ဘိုချမ်ကတော့ ဒီရာသီအဝေးကွင်းမှာ ရလဒ်ရော
ဂိုးသွင်းခြေစွမ်းပါ အားနည်းပါတယ်။ အမှတ်ပေးဇယား
အထက်အောက်နှစ်သင်းတွေ့တဲ့ပွဲမှာ ဂိုးပေါင်းဈေးလည်း နိမ့်ပါတယ်။
ဒါကြောင့် ဂိုးအောက်က ပိုနီးစပ်မှာပါ။
ကိုလုံး vs ဘိုင်ယန်မြူးနစ်
အဆင့် ၆ နေရာက ကိုလုံးဟာ နောက်ဆုံး ၃ ပွဲဆက်အနိုင်နဲ့အတူ အရှိန်ရနေပါတယ်။
ဒီရာသီမှာ အိမ်ကွင်းဂိုးသွင်းအားလည်းကောင်းခဲ့ပြီး တိုက်စစ်မှာ
မိုဒက်စ်တီဂိုးမြူးနေပါတယ်။ ဘိုင်ယန်ကတော့ ကိုဗစ်ကြောင့်
လူစုံမှာ မဟုတ်သလို ပြီးခဲ့တဲ့အပတ်ကလည်း
ဂလက်ဘတ်ကို မမျှော်လင့်ဘဲ ရှုံးခဲ့တယ်။ ဒါ့အပြင် ဘိုင်ယန်ဟာ
အဝေးကွင်းဆို ဂိုးအမြဲပေးရလို့ ဂိုးပေါ်ကသာ ပိုစိတ်ချရနိုင်တယ်။
ဂလက်ဘတ် vs လေဗာကူဆင်
ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်ကို အဝေးကွင်းတက်နိုင်ခဲ့တဲ့ဂလက်ဘတ်ဟာ
အိမ်ကွင်းရှုံးပွဲဆက်နေပေမယ့် အိမ်ကွင်းဂိုးသွင်းအားရှိတဲ့အသင်းပါ။
လေဗာကူဆင်ကလည်း ဘွန်ဒက်စ်လီဂါမှာ ၄ ပွဲဆက်နိုင်ပွဲပျောက်ထားပေမယ့်
ပက်ထရစ်ရှစ်ခ်တို့ရဲ့တိုက်စစ်က အဲဒီ ၄ ပွဲမှာ ၄ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးအပြန်အလှန်ဂိုးသွင်းနိုင်ကြပြီး
ဂိုးပေါင်းဈေးကလည်း ၃- ဆိုတော့ ဂိုးပေါ်ပဲ စဉ်းစားသင့်တယ်။
zawgyi
ဝုဖ်ဘတ် vs ဟာသာဘာလင်
စတုဂတ် vs လစ်ပ်ဇစ်
မိန့်ဇ် vs ဘိုချမ်
ဂလက်ဘတ် vs လေဗာကူဆင်