Super Bowl အတုယူပြီး ငွေရှာကြမ်းချင်တဲ့ IFAB ရဲ့အစီအစဉ်

Super Bowl အတုယူပြီး ငွေရှာကြမ်းချင်တဲ့ IFAB ရဲ့အစီအစဉ်

ဘောလုံးပွဲတွေနဲ့ပတ်သက်လို့ စည်းမျဉ်းဥပဒေတွေကို ချမှတ်လေ့ရှိတဲ့

နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့အစည်း(IFAB)က ဘောလုံးပွဲတွေမှာ

ပထမပိုင်းပွဲကစားချိန်ပြီးလို့ အနားယူချိန်ကို ပုံမှန်(၁၅)မိနစ်အစား

နာမည်ကျော် NFL ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Super Bowl ပွဲလိုပဲ အနားယူချိန်ကို

(၂၅)မိနစ်အထိ တိုးမြှင့်သွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။

အမေရိကန်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ Super Bowl ပွဲမှာ အနားယူချိန်(၂၅)မိနစ်အတွင်း

နာမည်ကျော်အဆိုတော်တွေက ကွင်းထဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေ

တင်ဆက်လေ့ရှိပြီး အဲဒီအတွက် ကြော်ငြာရှင်တွေဆီကနေ ငွေကြေး

အမြောက်အမြားရရှိလေ့ရှိပါတယ်။ NFL ပွဲတစ်ပွဲမှာ ပထမပိုင်းအပြီး

အနားယူချိန်က(၁၂)မိနစ်သာရှိပေမယ့် Super Bowl ပွဲမှာတော့ (၂၅)မိနစ်ကနေ

တစ်ခါတလေကျရင် မိနစ်(၃၀)အထိကြာမြင့်သွားတတ်ပါတယ်။ ၂၀၂၁

Super Bowl ပွဲတုန်းက ကနေဒါနာမည်ကျော်အဆိုတော် The Weekend

ဖျော်ဖြေတင်ဆက်ချိန်မှာ စက္ကန့်(၃၀)စာကြော်ငြာတစ်ခုအတွက်

ကြော်ငြာရှင်တွေက ပေါင်(၄.၁)သန်းအထိ သုံးစွဲခဲ့ရတာပါ။

အဲဒါကြောင့် IFAB အဖွဲ့ဝင်ဖြစ်တဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်

(CONMEBOL)က အခုတစ်ပတ်စနေနေ့ကျရင် ပါမီးရပ်စ်နဲ့ဖလာမင်ဂို

အသင်းတို့ကစားမယ့် ကိုပါလစ်ဘာတာဒိုးစ်ဗိုလ်လုပွဲမှာ Super Bowl ပွဲလိုမျိုးပဲ

ပထမပိုင်းအပြီး ဖျော်ဖြေမှုအစီအစဉ်တွေ တင်ဆက်ဖို့အတွက် အနားယူချိန်ကို

(၂၅)မိနစ်အထိသတ်မှတ်ဖို့ဆန္ဒရှိနေတာဖြစ်ပြီး အဲဒီအတွက် ကွင်းဝင်ကြေးသာမက

ရုပ်သံထုတ်လွှင့်ခတွေကနေ ငွေကြေးအကျိုးအမြတ်အများကြီးရနိုင်မယ်လို့

မျှော်လင့်နေတာဖြစ်ပါတယ်။ အဲဒီအတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က

သူတို့အစီအစဉ်နဲ့ပတ်သက်လို့ IFAB အဖွဲ့ဆီတင်ပြခဲ့ပြီး ကြာသပတေးနေ့ကျရင်

ဖီဖာက ဦးဆောင်ပြုလုပ်မယ့် နှစ်စဉ်အစည်းအဝေးပွဲမှာ ထည့်သွင်းဆွေးနွေး

သွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ IFAB အဖွဲ့ဝင်တော်တော်များများက ပထမပိုင်းအပြီး

အနားယူချိန်ကို (၁၅)မိနစ်ထက်ပိုသတ်မှတ်ဖို့ ဆန္ဒမရှိဘဲ ၂၀၀၉ ခုနှစ်တုန်းက

အနားယူချိန်ကို မိနစ်(၂၀)အထိတိုးမြှင့်ဖို့စီစဉ်ခဲ့ပေမယ့် အမှန်တကယ်မဖြစ်မလာခဲ့ပါဘူး။

Zawgyi

Super Bowl အတုယူၿပီး ေငြရွာၾကမ္းခ်င္တဲ့ IFAB ရဲ႕အစီအစဥ္

ေဘာလုံးပြဲေတြနဲ႔ပတ္သက္လို႔ စည္းမ်ဥ္းဥပေဒေတြကို ခ်မွတ္ေလ့ရွိတဲ့

ႏိုင္ငံတကာေဘာလုံးဘုတ္အဖြဲ႕အစည္း(IFAB)က ေဘာလုံးပြဲေတြမွာ

ပထမပိုင္းပြဲကစားခ်ိန္ၿပီးလို႔ အနားယူခ်ိန္ကို ပုံမွန္(၁၅)မိနစ္အစား

နာမည္ေက်ာ္ NFL ပြဲစဥ္တစ္ပြဲျဖစ္တဲ့ Super Bowl ပြဲလိုပဲ အနားယူခ်ိန္ကို

(၂၅)မိနစ္အထိ တိုးျမႇင့္သြားဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။ အေမရိကန္မွာ

လူႀကိဳက္အမ်ားဆုံးျဖစ္တဲ့ Super Bowl ပြဲမွာ အနားယူခ်ိန္(၂၅)မိနစ္အတြင္း

နာမည္ေက်ာ္အဆိုေတာ္ေတြက ကြင္းထဲမွာ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြ

တင္ဆက္ေလ့ရွိၿပီး အဲဒီအတြက္ ေၾကာ္ျငာရွင္ေတြဆီကေန ေငြေၾကး

အေျမာက္အျမားရရွိေလ့ရွိပါတယ္။ NFL ပြဲတစ္ပြဲမွာ ပထမပိုင္းအၿပီး

အနားယူခ်ိန္က(၁၂)မိနစ္သာရွိေပမယ့္ Super Bowl ပြဲမွာေတာ့ (၂၅)မိနစ္ကေန

တစ္ခါတေလက်ရင္ မိနစ္(၃၀)အထိၾကာျမင့္သြားတတ္ပါတယ္။ ၂၀၂၁

Super Bowl ပြဲတုန္းက ကေနဒါနာမည္ေက်ာ္အဆိုေတာ္ The Weekend

ေဖ်ာ္ေျဖတင္ဆက္ခ်ိန္မွာ စကၠန႔္(၃၀)စာေၾကာ္ျငာတစ္ခုအတြက္

ေၾကာ္ျငာရွင္ေတြက ေပါင္(၄.၁)သန္းအထိ သုံးစြဲခဲ့ရတာပါ။

အဲဒါေၾကာင့္ IFAB အဖြဲ႕ဝင္ျဖစ္တဲ့ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္

(CONMEBOL)က အခုတစ္ပတ္စေနေန႔က်ရင္ ပါမီးရပ္စ္နဲ႔ဖလာမင္ဂို

အသင္းတို႔ကစားမယ့္ ကိုပါလစ္ဘာတာဒိုးစ္ဗိုလ္လုပြဲမွာ Super Bowl ပြဲလိုမ်ိဳးပဲ

ပထမပိုင္းအၿပီး ေဖ်ာ္ေျဖမႈအစီအစဥ္ေတြ တင္ဆက္ဖို႔အတြက္ အနားယူခ်ိန္ကို

(၂၅)မိနစ္အထိသတ္မွတ္ဖို႔ဆႏၵရွိေနတာျဖစ္ၿပီး အဲဒီအတြက္ ကြင္းဝင္ေၾကးသာမက

႐ုပ္သံထုတ္လႊင့္ခေတြကေန ေငြေၾကးအက်ိဳးအျမတ္အမ်ားႀကီးရႏိုင္မယ္လို႔

ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ အဲဒီအတြက္ ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္က

သူတို႔အစီအစဥ္နဲ႔ပတ္သက္လို႔ IFAB အဖြဲ႕ဆီတင္ျပခဲ့ၿပီး ၾကာသပေတးေန႔က်ရင္

ဖီဖာက ဦးေဆာင္ျပဳလုပ္မယ့္ ႏွစ္စဥ္အစည္းအေဝးပြဲမွာ ထည့္သြင္းေဆြးေႏြး

သြားဖို႔ရွိေနပါတယ္။ ဒါေပမဲ့ IFAB အဖြဲ႕ဝင္ေတာ္ေတာ္မ်ားမ်ားက ပထမပိုင္းအၿပီး

အနားယူခ်ိန္ကို (၁၅)မိနစ္ထက္ပိုသတ္မွတ္ဖို႔ ဆႏၵမရွိဘဲ ၂၀၀၉ ခုႏွစ္တုန္းက

အနားယူခ်ိန္ကို မိနစ္(၂၀)အထိတိုးျမႇင့္ဖို႔စီစဥ္ခဲ့ေပမယ့္ အမွန္တကယ္မျဖစ္မလာခဲ့ပါဘူး။