ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းအဖြစ် မန်ယူရွေးချယ်ခံရ

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းကို အားကစားသတင်းဆိုက်

တစ်ခုဖြစ်တဲ့ SPORTBible ကရွေးချယ်ခဲ့ရာမှာ ၂၀၀၇-၀၈ က ဖာဂူဆန်လက်အောက်က

မန်ယူအသင်းက အကောင်းဆုံးအသင်းအဖြစ်အရွေးခံခဲ့ရတယ်လို့ သိရပါတယ်။

ပရိသတ် ၄၀၀၀၀ ကျော်ထံကမဲနဲ့ရွေးချယ်ခဲ့ရာမှာ အဲဒီမန်ယူအသင်းက

မဲအရေအတွက် ၃၅.၆ ရာခိုင်နှုန်းနဲ့ အကောင်းဆုံးအသင်းအဖြစ်အရွေးခံခဲ့ရတာဖြစ်ပါတယ်။

ဂန္ထဝင်နည်းပြကြီးဖြစ်တဲ့ ဖာဂူဆန်ဟာ မန်ယူကိုသူကိုင်တွယ်ခဲ့တဲ့

၂၇ နှစ်တာကာလအတွင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေကို

မျိုးဆက်အလိုက်တည်ထောင်နိုင်ခဲ့တာဖြစ်ပြီး ဒါမျိုးကိုပရီးမီးယားလိဂ်မှာ

ဘယ်နည်းပြကမှ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီအထဲမှာ ၁၉၉၉ က ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေ တို့ကိုရရှိခဲ့တဲ့

အသင်းလည်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်မဲပေးသူတွေကတော့ ၂၀၀၇-၀၈ က

ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကိုရရှိခဲ့တဲ့ မန်ယူအသင်းကိုသာအကောင်းဆုံးဖြစ်တယ်လို့

ယူဆပြီးမဲပေးခဲ့ကြတာပါ။ အဲဒီတုန်းကအသင်းမှာ ဝိန်းရူနီ၊ စီရော်နယ်ဒိုနဲ့ တေဗက်ဇ်တို့လို

ကစားသမားတွေပါဝင်ပြီး ၂၀၀၄ တုန်းကရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့

အာဆင်နယ်၊ ဂွာဒီယိုလာလက်အောက်မှာစံချိန်တင်ရမှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၇-၁၈ က

မန်စီးတီးတို့ကိုကျော်ပြီး မဲအများဆုံးရခဲ့တာပါ။ အစောပိုင်းမဲပေးမှုမှာ ၁၉၉၉ ကအသင်းက

မဲပိုရခဲ့ပေမယ့် နောက်ပိုင်းမှာ ၂၀၀၇-၀၈ အသင်းက မဲအရေအတွက်အများကြီး

ထပ်ရခဲ့တာပါ။ အဲဒီနှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို

၃ ကြိမ်ဆက်ရရှိတာခြင်းလည်းတူညီခဲ့တာပါ။ ၂၀၀၈ အသင်းဟာချန်ပီယံလိဂ်ဖလားကိုလည်း

ရခဲ့သေးပြီး ချန်ပီယံလိဂ်ဖလားကိုပထမဆုံးအကြိမ် ကာကွယ်နိုင်တဲ့အသင်းဖြစ်ဖို့

နီးစပ်ခဲ့ပေမယ့် ၂၀၀၉ ဗိုလ်လုပွဲမှာ မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့အတူ

သိပ်ကောင်းနေတဲ့ ဘာစီလိုနာကို ၂-၀ နဲ့ရှုံးခဲ့တာပါ။၂၀၀၄ ကအာဆင်နယ်ရဲ့

ရှုံးပွဲမရှိတဲ့အသင်း အကောင်းဆုံးမဖြစ်ခဲ့လို့ မေးခွန်းထုတ်သူတွေရှိနေပေမယ့်

မဲပေးသူအများစုဟာ အာဆင်နယ်ရဲ့ ဆုဖလားရရှိမှုနည်းပါးခြင်း၊ ရှုံးပွဲမရှိခဲ့ပေမယ့်

၁၂ ပွဲအထိသရေကျခဲ့ပြီး ချန်ပီယံဘွဲ့ကိုလည်း ဆက်မထိန်းနိုင်ခဲ့ခြင်းတို့ကြောင့်

မဲရရှိမှုနည်းပါးသွားခဲ့ပြီး ဒုတိယအကောင်းဆုံးသာဖြစ်ခဲ့ပါတယ်။

၂၀၁၇-၁၈ ကစံချိန်တင်ရမှတ် ၁၀၀ နဲ့ဗိုလ်စွဲခဲ့တဲ့မန်စီးတီးကတော့ တတိယနေရာမှာသာရှိခဲ့ပါတယ်။

၂၀၁၉-၂၀ မှာဗိုလ်စွဲခဲ့တဲ့ လီဗာပူးအသင်းကတော့အဆင့် ၄နေရာမှာဘဲရှိခဲ့တာပါ။

အဲဒီချန်ပီယံဘွဲ့ဟာ လီဗာပူးကိုနှစ်ပေါင်း ၃၀ အတွင်းပထမဆုံးအမှတ်ပေးချန်ပီယံဘွဲ့လည်း

ဖြစ်စေခဲ့ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းအျဖစ္ မန္ယူေ႐ြးခ်ယ္ခံရ
ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးအသင္းကို အားကစားသတင္းဆိုက္

တစ္ခုျဖစ္တဲ့ SPORTBible ကေ႐ြးခ်ယ္ခဲ့ရာမွာ ၂၀၀၇-၀၈ က ဖာဂူဆန္လက္ေအာက္က

မန္ယူအသင္းက အေကာင္းဆုံးအသင္းအျဖစ္အေ႐ြးခံခဲ့ရတယ္လို႔ သိရပါတယ္။

ပရိသတ္ ၄၀၀၀၀ ေက်ာ္ထံကမဲနဲ႔ေ႐ြးခ်ယ္ခဲ့ရာမွာ အဲဒီမန္ယူအသင္းက

မဲအေရအတြက္ ၃၅.၆ ရာခိုင္ႏႈန္းနဲ႔ အေကာင္းဆုံးအသင္းအျဖစ္အေ႐ြးခံခဲ့ရတာျဖစ္ပါတယ္။

ဂႏၴဝင္နည္းျပႀကီးျဖစ္တဲ့ ဖာဂူဆန္ဟာ မန္ယူကိုသူကိုင္တြယ္ခဲ့တဲ့

၂၇ ႏွစ္တာကာလအတြင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တဲ့အသင္းေတြကို

မ်ိဳးဆက္အလိုက္တည္ေထာင္ႏိုင္ခဲ့တာျဖစ္ၿပီး ဒါမ်ိဳးကိုပရီးမီးယားလိဂ္မွာ

ဘယ္နည္းျပကမွ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

 

ဒီအထဲမွာ ၁၉၉၉ က ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအ တို႔ကိုရရွိခဲ့တဲ့

အသင္းလည္းပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္မဲေပးသူေတြကေတာ့ ၂၀၀၇-၀၈ က

ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကိုရရွိခဲ့တဲ့ မန္ယူအသင္းကိုသာအေကာင္းဆုံးျဖစ္တယ္လို႔

ယူဆၿပီးမဲေပးခဲ့ၾကတာပါ။ အဲဒီတုန္းကအသင္းမွာ ဝိန္း႐ူနီ၊ စီေရာ္နယ္ဒိုနဲ႔ ေတဗက္ဇ္တို႔လို

ကစားသမားေတြပါဝင္ၿပီး ၂၀၀၄ တုန္းကရႈံးပြဲမရွိဘဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့

အာဆင္နယ္၊ ဂြာဒီယိုလာလက္ေအာက္မွာစံခ်ိန္တင္ရမွတ္နဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၇-၁၈ က

မန္စီးတီးတို႔ကိုေက်ာ္ၿပီး မဲအမ်ားဆုံးရခဲ့တာပါ။ အေစာပိုင္းမဲေပးမႈမွာ ၁၉၉၉ ကအသင္းက

မဲပိုရခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ၂၀၀၇-၀၈ အသင္းက မဲအေရအတြက္အမ်ားႀကီး

ထပ္ရခဲ့တာပါ။ အဲဒီႏွစ္သင္းစလုံးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို

၃ ႀကိမ္ဆက္ရရွိတာျခင္းလည္းတူညီခဲ့တာပါ။ ၂၀၀၈ အသင္းဟာခ်န္ပီယံလိဂ္ဖလားကိုလည္း

ရခဲ့ေသးၿပီး ခ်န္ပီယံလိဂ္ဖလားကိုပထမဆုံးအႀကိမ္ ကာကြယ္ႏိုင္တဲ့အသင္းျဖစ္ဖို႔

နီးစပ္ခဲ့ေပမယ့္ ၂၀၀၉ ဗိုလ္လုပြဲမွာ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာတို႔နဲ႔အတူ

သိပ္ေကာင္းေနတဲ့ ဘာစီလိုနာကို ၂-၀ နဲ႔ရႈံးခဲ့တာပါ။၂၀၀၄ ကအာဆင္နယ္ရဲ႕

ရႈံးပြဲမရွိတဲ့အသင္း အေကာင္းဆုံးမျဖစ္ခဲ့လို႔ ေမးခြန္းထုတ္သူေတြရွိေနေပမယ့္

မဲေပးသူအမ်ားစုဟာ အာဆင္နယ္ရဲ႕ ဆုဖလားရရွိမႈနည္းပါးျခင္း၊ ရႈံးပြဲမရွိခဲ့ေပမယ့္

၁၂ ပြဲအထိသေရက်ခဲ့ၿပီး ခ်န္ပီယံဘြဲ႕ကိုလည္း ဆက္မထိန္းႏိုင္ခဲ့ျခင္းတို႔ေၾကာင့္

မဲရရွိမႈနည္းပါးသြားခဲ့ၿပီး ဒုတိယအေကာင္းဆုံးသာျဖစ္ခဲ့ပါတယ္။

 

၂၀၁၇-၁၈ ကစံခ်ိန္တင္ရမွတ္ ၁၀၀ နဲ႔ဗိုလ္စြဲခဲ့တဲ့မန္စီးတီးကေတာ့ တတိယေနရာမွာသာရွိခဲ့ပါတယ္။

၂၀၁၉-၂၀ မွာဗိုလ္စြဲခဲ့တဲ့ လီဗာပူးအသင္းကေတာ့အဆင့္ ၄ေနရာမွာဘဲရွိခဲ့တာပါ။

အဲဒီခ်န္ပီယံဘြဲ႕ဟာ လီဗာပူးကိုႏွစ္ေပါင္း ၃၀ အတြင္းပထမဆုံးအမွတ္ေပးခ်န္ပီယံဘြဲ႕လည္း

ျဖစ္ေစခဲ့ပါတယ္။