Spider Man တောင် မကယ်နိုင်လောက်အောင် ဆိုးရွားနေတဲ့ စပါးအသင်း

စပါးနဲ့ချယ်လ်ဆီးအသင်းတို့ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲမှာ

အိမ်ရှင်စပါးအသင်းက(၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲကို လာကြည့်ခဲ့တဲ့

Spider Man လည်း အိမ်ရှင်အသင်းအနိုင်ရအောင်မကူညီပေးနိုင်ခဲ့ပါဘူး။

အမှန်ကတော့ စပါးအသင်းပရိသတ်တစ်ဦးဟာ

Spider Man ဝတ်စုံဝတ်ဆင်ပြီးတော့ သူ့အသင်းကို အားပေးခဲ့တာဖြစ်ပြီး

ပွဲချိန်(၁၇)မိနစ်လောက်မှာ မေဆင်မောင့်က

ထောင့်ကန်ဘောကန်တင်ပေးဖို့ပြင်ဆင်နေတုန်း

အဲဒီပရိသတ်ကို ရုပ်သံပေါ်မှာ တခြားသူတွေက သတိထားမိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီထောင့်ကန်ဘောကနေ ရူဒီဂါက ခေါင်းတိုက်သွင်းယူခဲ့တာကြောင့်

စပါးပရိသတ် Spider Man အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

Spider Man ဝတ်စုံနဲ့အားပေးခဲ့တဲ့ စပါးပရိသတ်ရဲ့အပြုအမူကို

အွန်လိုင်းပေါ်မှာ ပရိသတ်တွေက သဘောကျနေပြီး

တချို့စပါးပရိသတ်တွေတောင် ကိုယ်အသင်းရှုံးပွဲတွေ့လို့ စိတ်ညစ်နေချိန်မှာ

ဒီလိုဟာသဆန်ဆန်ဖြစ်ရပ်ကြောင့် နောက်ပြောင်ရေးသားတာတွေလုပ်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက နောက်ဆုံး ရုံတင်ပြသခဲ့တဲ့ Spider-Man: No Way Home ကို

အတုခိုးပြီးတော့ လှောင်ပြောင်တဲ့အနေနဲ့ Twitter မှာ

“SpiderMan – Can’t Win At Home” လို့

ရယ်စရာကောင်းအောင်ရေးသားခဲ့ပြီး

တခြားပရိသတ်တစ်ဦးကလည်း “Spider Man တောင်

မကယ်နိုင်လောက်အောင် ဆိုးရွားနေတဲ့ စပါးအသင်း”လို့

နောက်ပြောင်ရေးသားခဲ့ကြပါတယ်။

ကွန်တီရဲ့ စပါးအသင်းဟာ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲမှာ

ချယ်လ်ဆီးကို နှစ်ကျော့ပေါင်း(၃-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့်

ဗိုလ်လုပွဲနဲ့ဝေးခဲ့ရပြီဖြစ်ပြီး လက်ကျန်ဖလားမျှော်လင့်ချက်ဆိုလို့

FA ဖလားတစ်လုံးသာ ကျန်ရှိပါတော့တယ်.။

zawgyi

Spider Man ေတာင္ မကယ္ႏိုင္ေလာက္ေအာင္ ဆိုး႐ြားေနတဲ့ စပါးအသင္း

စပါးနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ကစားခဲ့တဲ့ လိဂ္ဖလားဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲမွာ

အိမ္ရွင္စပါးအသင္းက(၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး အဲဒီပြဲကို လာၾကည့္ခဲ့တဲ့

Spider Man လည္း အိမ္ရွင္အသင္းအႏိုင္ရေအာင္မကူညီေပးႏိုင္ခဲ့ပါဘူး။

အမွန္ကေတာ့ စပါးအသင္းပရိသတ္တစ္ဦးဟာ

Spider Man ဝတ္စုံဝတ္ဆင္ၿပီးေတာ့ သူ႔အသင္းကို အားေပးခဲ့တာျဖစ္ၿပီး

ပြဲခ်ိန္(၁၇)မိနစ္ေလာက္မွာ ေမဆင္ေမာင့္က

ေထာင့္ကန္ေဘာကန္တင္ေပးဖို႔ျပင္ဆင္ေနတုန္း

အဲဒီပရိသတ္ကို ႐ုပ္သံေပၚမွာ တျခားသူေတြက သတိထားမိခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီေထာင့္ကန္ေဘာကေန ႐ူဒီဂါက ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္

စပါးပရိသတ္ Spider Man အတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

Spider Man ဝတ္စုံနဲ႔အားေပးခဲ့တဲ့ စပါးပရိသတ္ရဲ႕အျပဳအမူကို

အြန္လိုင္းေပၚမွာ ပရိသတ္ေတြက သေဘာက်ေနၿပီး

တခ်ိဳ႕စပါးပရိသတ္ေတြေတာင္ ကိုယ္အသင္းရႈံးပြဲေတြ႕လို႔ စိတ္ညစ္ေနခ်ိန္မွာ

ဒီလိုဟာသဆန္ဆန္ျဖစ္ရပ္ေၾကာင့္ ေနာက္ေျပာင္ေရးသားတာေတြလုပ္ခဲ့ၾကပါတယ္။

ပရိသတ္တစ္ဦးက ေနာက္ဆုံး ႐ုံတင္ျပသခဲ့တဲ့ Spider-Man: No Way Home ကို

အတုခိုးၿပီးေတာ့ ေလွာင္ေျပာင္တဲ့အေနနဲ႔ Twitter မွာ

“SpiderMan – Can’t Win At Home” လို႔

ရယ္စရာေကာင္းေအာင္ေရးသားခဲ့ၿပီး

တျခားပရိသတ္တစ္ဦးကလည္း “Spider Man ေတာင္

မကယ္ႏိုင္ေလာက္ေအာင္ ဆိုး႐ြားေနတဲ့ စပါးအသင္း”လို႔

ေနာက္ေျပာင္ေရးသားခဲ့ၾကပါတယ္။

ကြန္တီရဲ႕ စပါးအသင္းဟာ လိဂ္ဖလားဆီမီးဖိုင္နယ္ပြဲမွာ

ခ်ယ္လ္ဆီးကို ႏွစ္ေက်ာ့ေပါင္း(၃-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္

ဗိုလ္လုပြဲနဲ႔ေဝးခဲ့ရၿပီျဖစ္ၿပီး လက္က်န္ဖလားေမွ်ာ္လင့္ခ်က္ဆိုလို႔

FA ဖလားတစ္လုံးသာ က်န္ရွိပါေတာ့တယ္.။