Samba Gold ဆုရသွားတဲ့ နေမာ ဆဲဆိုလိုက်တဲ့ သီယာဂိုဆေးလ်ဗား

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာဟာ ၂၀၂၁ အတွက်

Samba Gold award ကိုဆွတ်ခူးခဲ့ပြီးနောက်

သူ့ရဲ့ဘရာဇီးအသင်းကစားဖော်ဖြစ်တဲ့ သီယာဂိုဆေးလ်ဗား က

ဆိုရှယ်မီဒီယာထက်ကနေ ဆဲဆိုနောက်ပြောင်ခဲ့တယ်လို့ သိရပါတယ်။

SambaGold award ဆိုတာဥရောပကိုရောက်နေတဲ့

ဘရာဇီးကစားသမားတွေကိုရွေးချယ်ပေးအပ် တဲ့ဆုဖြစ်ပြီး

နေမာက ဒီတစ်ကြိမ်နဲ့ပါဆိုရင် ၅ ကြိမ်မြောက်အဖြစ်

စံချိန်တင်ရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ ၂၀၂၁ အတွင်းပီအက်စ်ဂျီအတွက် ၁၇ ဂိုးသွင်းယူကာ

၁၈ ဂိုးဖန်တီးပေးခဲ့ပြီးနောက် ဒီဆုကို ၂ နှစ်ဆက်အဖြစ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သီယာဂိုဆေးလ်ဗားဟာ ဒီဆုကို၂၀၁၁ ကနေ ၂၀၁၃ အထိ

၃ ကြိမ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၁ မှာအေစီမီလန်၊

၂၀၁၂ နဲ့ ၂၀၁၃ တို့မှာပီအက်စ်ဂျီမှာကစားနေတုန်း ဆုရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၃ မှာ ဆန်းတို့စ်ကနေ ဘာစီလိုနာကို နေမာပြောင်းလာပြီးနောက်

ဒီဆုကိုဆေးလ်ဗားတစ်ကြိမ်မှ မရခဲ့တော့ပါဘူး။

နေမာဟာ ၂၀၁၄ နဲ့ ၂၀၁၅ တို့မှာ ဘာစီလိုနာမှာရှိနေတုန်း

ဒီဆုကိုရရှိခဲ့သေးသလို၂၀၁၇ မှာလည်း ပီအက်စ်ဂျီမှာကစားပြီး ဆုရခဲ့ပါသေးတယ်။

ဒါကြောင့်လည်း နေမာ ဆုရပြီးနောက် သူ့အင်စတာဂရမ်အောက်မှာ

ချဲလ်ဆီးနောက်ခံလူဖြစ်တဲ့ ဆေးလ်ဗားက နောက်ပြောင်ကာ မှတ်ချက်ပေးခဲ့ပြီး

ဒါကိုနေမာက screenshot ယူကာအင်စတာဂရမ်ပေါ်မှာပြန်ပြီးမျှဝေခဲ့တာပါ။

ဆေးလ်ဗားက”မင်းဥရောပကိုရောက်ပြီးနောက်ပိုင်း

ဒီဆုကိုငါတစ်ကြိမ်မှ မရတော့ဘူးကွ။

F**k you ဘဲဟားဟားဟား…” လို့မှတ်ချက်ရေးခဲ့တာပါ။

နေမာဟာ ပြီးခဲ့တဲ့ ၄ ရာသီဆက်တိုက် ပီအက်စ်ဂျီအတွက်

တစ်ရာသီကိုအနည်းဆုံး ၁၇ ဂိုးသွင်းယူခဲ့ပေမယ့်

လက်ရှိရာသီမှာတော့ ၁၄ ပွဲသာကစားပြီး ၄ ဂိုးသာသွင်းထားနိုင်ပါတယ်။

သူဟာပြီးခဲ့တဲ့နိုဝင်ဘာကခြေချင်းဝတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့လို့

အခုအချိန်ထိအနားယူနေရသူလည်းဖြစ်ပါတယ်။

Samba Gold award ကိုရယူနိုင်ခဲ့သူတွေထဲမှာ ဖာမီနိုနဲ့

ကော်တင်ဟို တို့လည်းပါဝင်ခဲ့သေးကြောင်း သိရပါတယ်။

zawgyi

Samba Gold ဆုရသြားတဲ့ ေနမာ ဆဲဆိုလိုက္တဲ့ သီယာဂိုေဆးလ္ဗား

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး ေနမာဟာ ၂၀၂၁ အတြက္

Samba Gold award ကိုဆြတ္ခူးခဲ့ၿပီးေနာက္

သူ႔ရဲ႕ဘရာဇီးအသင္းကစားေဖာ္ျဖစ္တဲ့ သီယာဂိုေဆးလ္ဗား က

ဆိုရွယ္မီဒီယာထက္ကေန ဆဲဆိုေနာက္ေျပာင္ခဲ့တယ္လို႔ သိရပါတယ္။

SambaGold award ဆိုတာဥေရာပကိုေရာက္ေနတဲ့

ဘရာဇီးကစားသမားေတြကိုေ႐ြးခ်ယ္ေပးအပ္ တဲ့ဆုျဖစ္ၿပီး

ေနမာက ဒီတစ္ႀကိမ္နဲ႔ပါဆိုရင္ ၅ ႀကိမ္ေျမာက္အျဖစ္

စံခ်ိန္တင္ရရွိခဲ့တာျဖစ္ပါတယ္။

သူဟာ ၂၀၂၁ အတြင္းပီအက္စ္ဂ်ီအတြက္ ၁၇ ဂိုးသြင္းယူကာ

၁၈ ဂိုးဖန္တီးေပးခဲ့ၿပီးေနာက္ ဒီဆုကို ၂ ႏွစ္ဆက္အျဖစ္ရရွိခဲ့တာလည္းျဖစ္ပါတယ္။

သီယာဂိုေဆးလ္ဗားဟာ ဒီဆုကို၂၀၁၁ ကေန ၂၀၁၃ အထိ

၃ ႀကိမ္ဆက္ရယူႏိုင္ခဲ့သူျဖစ္ၿပီး ၂၀၁၁ မွာေအစီမီလန္၊

၂၀၁၂ နဲ႔ ၂၀၁၃ တို႔မွာပီအက္စ္ဂ်ီမွာကစားေနတုန္း ဆုရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ၂၀၁၃ မွာ ဆန္းတို႔စ္ကေန ဘာစီလိုနာကို ေနမာေျပာင္းလာၿပီးေနာက္

ဒီဆုကိုေဆးလ္ဗားတစ္ႀကိမ္မွ မရခဲ့ေတာ့ပါဘူး။

ေနမာဟာ ၂၀၁၄ နဲ႔ ၂၀၁၅ တို႔မွာ ဘာစီလိုနာမွာရွိေနတုန္း

ဒီဆုကိုရရွိခဲ့ေသးသလို၂၀၁၇ မွာလည္း ပီအက္စ္ဂ်ီမွာကစားၿပီး ဆုရခဲ့ပါေသးတယ္။

ဒါေၾကာင့္လည္း ေနမာ ဆုရၿပီးေနာက္ သူ႔အင္စတာဂရမ္ေအာက္မွာ

ခ်ဲလ္ဆီးေနာက္ခံလူျဖစ္တဲ့ ေဆးလ္ဗားက ေနာက္ေျပာင္ကာ မွတ္ခ်က္ေပးခဲ့ၿပီး

ဒါကိုေနမာက screenshot ယူကာအင္စတာဂရမ္ေပၚမွာျပန္ၿပီးမွ်ေဝခဲ့တာပါ။

ေဆးလ္ဗားက”မင္းဥေရာပကိုေရာက္ၿပီးေနာက္ပိုင္း

ဒီဆုကိုငါတစ္ႀကိမ္မွ မရေတာ့ဘူးကြ။

F**k you ဘဲဟားဟားဟား…” လို႔မွတ္ခ်က္ေရးခဲ့တာပါ။

ေနမာဟာ ၿပီးခဲ့တဲ့ ၄ ရာသီဆက္တိုက္ ပီအက္စ္ဂ်ီအတြက္

တစ္ရာသီကိုအနည္းဆုံး ၁၇ ဂိုးသြင္းယူခဲ့ေပမယ့္

လက္ရွိရာသီမွာေတာ့ ၁၄ ပြဲသာကစားၿပီး ၄ ဂိုးသာသြင္းထားႏိုင္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏိုဝင္ဘာကေျခခ်င္းဝတ္ဒဏ္ရာအျပင္းအထန္ရရွိခဲ့လို႔

အခုအခ်ိန္ထိအနားယူေနရသူလည္းျဖစ္ပါတယ္။

Samba Gold award ကိုရယူႏိုင္ခဲ့သူေတြထဲမွာ ဖာမီႏိုနဲ႔

ေကာ္တင္ဟို တို႔လည္းပါဝင္ခဲ့ေသးေၾကာင္း သိရပါတယ္။