
ယမန်နေ့က ဘရန့်ဖို့ဒ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲက လီဗာပူးလူစာရင်းဟာ
၂၀၁၇၊ မေနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲတစ်ပွဲအတွက်
လီဗာပူးတို့ရဲ့လူစာရင်းမှာ မိုဆာလာရော၊ ဆာဒီယိုမာနေးပါ တစ်ယောက်မှမပါတဲ့
ပထမဆုံးလိုင်းနပ်ပဲဖြစ်ပြီး လီဗာပူးတို့ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။
အာဆင်နယ်တို့နဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာလည်း
အဲဒီနှစ်ယောက်မပါဘဲ လူဆယ်ယောက်နဲ့အာဆင်နယ်ကို မနည်းထိန်းကစားခဲ့ရပါတယ်။
ဆာလာနဲ့မာနေးတို့က နိုင်ငံအသင်းတာဝန်နဲ့ ကင်မရွန်းမှာ
အက်ဖ်ကွန်ပွဲကစားဖို့ရောက်နေကြတာဖြစ်ပြီး ယမန်နေ့ပွဲကို
ဟိုတာ၊ ဖာမီနို၊ ချိမ်ဘာလိန်တို့နဲ့ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယဂိုးသွင်းခဲ့တဲ့ချိမ်ဘာလိန်ဟာ ခြေကျင်းဝတ်ဒဏ်ရာနဲ့
ထွက်သွားခဲ့ရတာဖြစ်ပြီး ဒါကပွဲရဲ့အမည်းစက်ဖြစ်ခဲ့ရပါတယ်။
ယမန်နေ့ညပွဲစဉ်ဟာ နည်းပြကြီး ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘ၀
ပွဲ၃၅၀ပြည့် ပွဲစဉ်ဖြစ်ကာ ဂိုးပြတ်နိုင်ပွဲနဲ့ ပျော်ရွှင်နိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီဇင်ဘာ၁၆ရက်နေ့နောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြ ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်ခဲ့ဖူးသမျှ
အသင်း၃၀စလုံးကို အနည်းဆုံး ၁ကြိမ် အနိုင်ရရှိထားခဲ့ပါတယ်။
zawgyi
ဆာလာ၊ မာေနး မပါတဲ့ ကေလာ့ပ္ရဲ႕ လီဗာပူးနည္းျပဘ၀ ပြဲ ၃၅၀ ျပည့္ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့
ယမန္ေန႔က ဘရန႔္ဖို႔ဒ္ကို ဂိုးျပတ္ႏိုင္ခဲ့တဲ့ ပြဲက လီဗာပူးလူစာရင္းဟာ
၂၀၁၇၊ ေမေနာက္ပိုင္း ပရီးမီးယားလိဂ္ပြဲတစ္ပြဲအတြက္
လီဗာပူးတို႔ရဲ႕လူစာရင္းမွာ မိုဆာလာေရာ၊ ဆာဒီယိုမာေနးပါ တစ္ေယာက္မွမပါတဲ့
ပထမဆုံးလိုင္းနပ္ပဲျဖစ္ၿပီး လီဗာပူးတို႔ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကပါတယ္။
အာဆင္နယ္တို႔နဲ႔ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့မွာလည္း
အဲဒီႏွစ္ေယာက္မပါဘဲ လူဆယ္ေယာက္နဲ႔အာဆင္နယ္ကို မနည္းထိန္းကစားခဲ့ရပါတယ္။
ဆာလာနဲ႔မာေနးတို႔က ႏိုင္ငံအသင္းတာဝန္နဲ႔ ကင္မ႐ြန္းမွာ
အက္ဖ္ကြန္ပြဲကစားဖို႔ေရာက္ေနၾကတာျဖစ္ၿပီး ယမန္ေန႔ပြဲကို
ဟိုတာ၊ ဖာမီႏို၊ ခ်ိမ္ဘာလိန္တို႔နဲ႔ ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။
ဒုတိယဂိုးသြင္းခဲ့တဲ့ခ်ိမ္ဘာလိန္ဟာ ေျခက်င္းဝတ္ဒဏ္ရာနဲ႔
ထြက္သြားခဲ့ရတာျဖစ္ၿပီး ဒါကပြဲရဲ႕အမည္းစက္ျဖစ္ခဲ့ရပါတယ္။
ယမန္ေန႔ညပြဲစဥ္ဟာ နည္းျပႀကီး ကေလာ့ပ္ရဲ႕ လီဗာပူးနည္းျပဘ၀
ပြဲ၃၅၀ျပည့္ ပြဲစဥ္ျဖစ္ကာ ဂိုးျပတ္ႏိုင္ပြဲနဲ႔ ေပ်ာ္႐ႊင္ႏိုင္ခဲ့ပါတယ္။
လီဗာပူးအသင္းဟာ ဒီဇင္ဘာ၁၆ရက္ေန႔ေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲျပန္ရခဲ့တာလည္း ျဖစ္ပါတယ္။
နည္းျပ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္မွာ သူရင္ဆိုင္ခဲ့ဖူးသမွ်
အသင္း၃၀စလုံးကို အနည္းဆုံး ၁ႀကိမ္ အႏိုင္ရရွိထားခဲ့ပါတယ္။