ရန်နစ်ခ်က ပရီးမီးယားလိဂ်အောက်အသင်းတွေရဲ့ ရုန်းကန်အားကို အံ့အားသင့်ရတယ်လို့ ဝန်ခံပြောဆို

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြဘဝမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေတဲ့

ဂျာမန်နာမည်ကျော်နည်းပြကြီးရန်နစ်ခ်က ပရီးမီးယားလိဂ်အောက်အသင်းတွေရဲ့

ရုန်းကန်အားနဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ယာယီနည်းပြဘဝ ရန်နစ်ခ်ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်(၇)ပွဲမှာ

(၃)ပွဲဟာ တန်းဆင်းဇုန်က အသင်းတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး

နောဝစ်ချ်နဲ့ပွဲမှာ အသည်းအသန်ကစားပြီးမှ စီရော်နယ်လ်ဒိုရဲ့ပယ်နယ်တီဂိုးကြောင့်

အနိုင်ခဲ့ရတာဖြစ်သလို နယူးကာဆယ်နဲ့(၁-၁)ဂိုးစီသရေ၊

ဘန်လေကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ရလဒ်ပိုင်းအရ အားရစရာကောင်းပေမယ့် ကွင်းတွင်းခြေစွမ်းပိုင်းမှာတော့

ယူနိုက်တက်အသင်း သိသိသာသာကို ရုန်းကန်ခဲ့ရပြီး

ရန်နစ်ခ်က တန်းဆင်းဇုန်ထဲက အသင်းတွေရဲ့ ရုန်းကန်အားကို

သူ အံ့အားသင့်ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့တာပါ။

ဗီလာနဲ့ကစားမယ့်ပရီးမီးယားလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ

ရန်နစ်ခ်က “ကျွန်တော့်ကို အနည်းငယ်အံ့အားသင့်စေတာက

ပြိုင်ပွဲအောက်တန်းက အသင်းတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊

နည်းဗျူဟာပိုင်းဆိုင်ရာတွေမှာ လျင်မြန်ပြီးတော့

အရမ်းလည်းအကွက်မြင်သလို စုစည်းမှုအပြည့်ရှိပါတယ်။

ပရီးမီးယားလိဂ်မှာက အောက်ဆုံးအသင်းနဲ့ရင်ဆိုင်ရရင်တောင် မလွယ်ပါဘူး။

ထိပ်တန်းအသင်းတွေလည်း အဲဒီလိုပွဲမျိုးမှာ ရှုံးကောင်းရှုံးသွားနိုင်ပါတယ်။

ဂျာမန်မှာတော့ ဘိုင်ယန်မြူးနစ်လိုအသင်းမျိုးနဲ့ အောက်ဆုံးက အသင်းနဲ့

ရင်ဆိုင်ရတဲ့ပွဲဆိုရင် ပုံမှန်အတိုင်း (၈)ဂိုး၊ (၉)ဂိုးလောက်အထိသွင်းပြီးတော့

နိုင်ပွဲရယူလေ့ရှိတာပါ”လို့ပြောကြားခဲ့ပါတယ်။

ရန်နစ်ခ်လက်ထက် (၇)ပွဲမှာ (၁)ပွဲသာရှုံးနိမ့်ခဲ့ပေမယ့်

ခြေစွမ်းက ပုံမှန်မရှိတဲ့အပြင် ကစားသမားတွေကြားမှာ

စည်းလုံးမှုမရှိဖြစ်နေတယ်လို့ သတင်းထွက်နေတာကြောင့်

အဲဒီပြဿနာတွေကို ရန်နစ်ခ်ဖြေရှင်းနိုင်ဖို့လိုနေပါပြီ။

zawgyi

ရန္နစ္ခ္က ပရီးမီးယားလိဂ္ေအာက္အသင္းေတြရဲ႕ ႐ုန္းကန္အားကို အံ့အားသင့္ရတယ္လို႔ ဝန္ခံေျပာဆို

မန္ခ်က္စတာယူႏိုက္တက္ယာယီနည္းျပဘဝမွာ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနတဲ့

ဂ်ာမန္နာမည္ေက်ာ္နည္းျပႀကီးရန္နစ္ခ္က ပရီးမီးယားလိဂ္ေအာက္အသင္းေတြရဲ႕

႐ုန္းကန္အားနဲ႔ပတ္သက္ၿပီး အံ့အားသင့္ခဲ့ရတယ္လို႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ယူႏိုက္တက္ယာယီနည္းျပဘဝ ရန္နစ္ခ္ကိုင္တြယ္ခဲ့တဲ့ ပရီးမီးယားလိဂ္(၇)ပြဲမွာ

(၃)ပြဲဟာ တန္းဆင္းဇုန္က အသင္းေတြနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး

ေနာဝစ္ခ်္နဲ႔ပြဲမွာ အသည္းအသန္ကစားၿပီးမွ စီေရာ္နယ္လ္ဒိုရဲ႕ပယ္နယ္တီဂိုးေၾကာင့္

အႏိုင္ခဲ့ရတာျဖစ္သလို နယူးကာဆယ္နဲ႔(၁-၁)ဂိုးစီသေရ၊

ဘန္ေလကို (၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

ရလဒ္ပိုင္းအရ အားရစရာေကာင္းေပမယ့္ ကြင္းတြင္းေျခစြမ္းပိုင္းမွာေတာ့

ယူႏိုက္တက္အသင္း သိသိသာသာကို ႐ုန္းကန္ခဲ့ရၿပီး

ရန္နစ္ခ္က တန္းဆင္းဇုန္ထဲက အသင္းေတြရဲ႕ ႐ုန္းကန္အားကို

သူ အံ့အားသင့္ရတယ္လို႔ ဖြင့္ဟေျပာဆိုခဲ့တာပါ။

ဗီလာနဲ႔ကစားမယ့္ပရီးမီးယားလိဂ္ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲမွာ

ရန္နစ္ခ္က “ကြၽန္ေတာ့္ကို အနည္းငယ္အံ့အားသင့္ေစတာက

ၿပိဳင္ပြဲေအာက္တန္းက အသင္းေတြဟာ ႐ုပ္ပိုင္းဆိုင္ရာ၊

နည္းဗ်ဴဟာပိုင္းဆိုင္ရာေတြမွာ လ်င္ျမန္ၿပီးေတာ့

အရမ္းလည္းအကြက္ျမင္သလို စုစည္းမႈအျပည့္ရွိပါတယ္။

ပရီးမီးယားလိဂ္မွာက ေအာက္ဆုံးအသင္းနဲ႔ရင္ဆိုင္ရရင္ေတာင္ မလြယ္ပါဘူး။

ထိပ္တန္းအသင္းေတြလည္း အဲဒီလိုပြဲမ်ိဳးမွာ ရႈံးေကာင္းရႈံးသြားႏိုင္ပါတယ္။

ဂ်ာမန္မွာေတာ့ ဘိုင္ယန္ျမဴးနစ္လိုအသင္းမ်ိဳးနဲ႔ ေအာက္ဆုံးက အသင္းနဲ႔

ရင္ဆိုင္ရတဲ့ပြဲဆိုရင္ ပုံမွန္အတိုင္း (၈)ဂိုး၊ (၉)ဂိုးေလာက္အထိသြင္းၿပီးေတာ့

ႏိုင္ပြဲရယူေလ့ရွိတာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ရန္နစ္ခ္လက္ထက္ (၇)ပြဲမွာ (၁)ပြဲသာရႈံးနိမ့္ခဲ့ေပမယ့္

ေျခစြမ္းက ပုံမွန္မရွိတဲ့အျပင္ ကစားသမားေတြၾကားမွာ

စည္းလုံးမႈမရွိျဖစ္ေနတယ္လို႔ သတင္းထြက္ေနတာေၾကာင့္

အဲဒီျပႆနာေတြကို ရန္နစ္ခ္ေျဖရွင္းႏိုင္ဖို႔လိုေနပါၿပီ။