“ Rooney: Teenage kicks “ ဆိုတဲ့ အတ္ထုပတ္တိစာအုပ်ထဲမှာ ဖာဂူဆန် ရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပုံကို ရွန်နီ ဖွင့်ဟ

၁၉၉၉ ခုနှစ်မှာ သမိုင်းဝင်ဖလား ၃ လုံးအောင်ပွဲကို ပထမဆုံးအကြိမ်ရရှိခဲ့တဲ့

မန်ယူနိုက်တက်အသင်းဟာ ၂၀၀၈ ခုနှစ်မှာလည်း

အဲ့လိုအောင်ပွဲမျိုးရနိုင်တဲ့ အခွင့်အရေးနဲ့ နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ

ပို့စ်မောက်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်

မန်ယူနိုက်တက်အသင်းဟာ အဲ့ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလား နဲ့

ချန်ပီယံလိဂ်ဖလားတို့နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ရခဲ့တာက ကြီးမားတဲ့အောင်မြင်မှုဖြစ်ပေမဲ့

နည်းပြကြီး ဖာဂူဆန် ကတော့ အဲ့ဒီလောက်နဲ့ မတင်းတိမ်နိုင်ခဲ့ဘူးလို့ဆိုရမှာပါ။

ဖလား ၃ လုံးအောင်ပွဲမရခဲ့လို့ ဖာဂူဆန် က

ဘယ်လိုတောင် စိတ်ဆိုးဒေါသထွက်ခဲ့လဲဆိုတာကို

ယူနိုက်တက်ဂန္တဝင်ကစားသမားဟောင်း ရွန်နီ က

မကြာခင်မှာထွက်ရှိလာမယ့် “ Rooney: Teenage kicks “ ဆိုတဲ့

အတ္ထုပတ္တိစာအုပ်ထဲမှာ အခုလိုဖွင့်ချခဲ့ပါတယ်။

“ အဲ့ဒီတုန်းက နည်းပြကြီး ရဲ့ ဒေါသထွက်ပုံကို ကျွန်တော်မှတ်မိသေးတယ်။

၂ ပတ်လောက်ကြာမယ်ထင်တယ်။

စိတ်ဆိုးဒေါသထွက်ပြီး ကျွန်တော်တို့ကို စကားတလုံးတောင်မပြောဘူး။

အဲ့ဒီတုန်းကရခဲ့တဲ့ အခွင့်အရေးက သမိုင်းဝင်ဖလား ၃ လုံးအောင်ပွဲထပ်ရနိုင်တဲ့

အခွင့်အရေးဆိုတာကို သူသိတယ်လေ “ လို့ ရွန်နီ က

သူ့ရဲ့စာအုပ်ထဲမှာ ထုတ်ဖော်ပြောပြထားပါတယ်။

ပို့စ်မောက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့

အဓိကဂိုးသမား ဗန်ဒါဆား နေရာမှာ လူစားဝင်ဂိုးဖမ်းခဲ့တဲ့

အရန်ဂိုးသမား ကက်ဇက်ဟာ ပြိုင်ဖက်ကစားသမားကို

ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အရန်ဂိုးသမားပါ အထုတ်ခံရချိန်မှာတော့

နောက်ခံလူ ဖာဒီနန် က ဂိုးဝင်ဖမ်းခဲ့ရပါတယ်။

ဒါပေမဲ့ ဖာဒီနန် ဟာ ပို့စ်မောက်အသင်းရဲ့ ပင်နယ်တီ ကို

မဖမ်းနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းဟာ ၁-၀ နဲ့ ရှုံးနိမ့်ပြီး

အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ရွန်နီ ကတော့ အဲ့ဒီပွဲမှာ ဖာဒီနန် ကို ဂိုးဖမ်းခိုင်းမယ့်အစား

သူ့ကိုသာဂိုးဖမ်းခိုင်းခဲ့သင့်တယ်လို့ သူ့ရဲ့စာအုပ်ထဲမှာ

အခုလိုဖွင့်ချထားခဲ့ပါသေးတယ်။

“ နည်းပြကြီး လုပ်ခဲ့တဲ့ မဟာအမှားကြီးကတော့

ကျွန်တော့်ကို ဂိုးမဖမ်းခိုင်းခဲ့တာပါပဲ။

ဒါပေမဲ့ ကျွန်တော် ပင်နယ်တီမဖမ်းနိုင်မှာကို

သူ့အနေနဲ့စိတ်ပူနေခဲ့မယ်လို့ ကျွန်တော်ထင်တယ်။

၁-၀ နဲ့ ရှုံးနေချိန်မှာ ဂိုးသွင်းနိုင်ဖို့ ကျွန်တော့်ကို သူလိုအပ်ခဲ့တယ်လို့ ထင်တယ် “ လို့

ရွန်နီ က စာအုပ်ထဲမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အဲ့ဒီတုန်းက မန်ယူနိုက်တက်အသင်းရဲ့ ကစားပုံဟာ

နာမည်ကျော်ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့

ကစားပုံမျိုးနဲ့ဆင်တူတယ်လို့လည်း ရွန်နီ က အတ္ထုပတ္တိစာအုပ်ထဲမှာ

အခုလို ထုတ်ဖော်ပြောခဲ့ပါသေးတယ်။

“ ဘရာဇီးလ်အသင်းရဲ့ ကစားပုံကို ကြည့်ရတာ

သဘောကျတာကြောင့် ကျွန်တော်အမြဲစောင့်ကြည့်လေ့ရှိပါတယ်။

အဲ့ဒီတုန်းက ကျွန်တော်တို့အသင်းရဲ့ ကစားပုံကလည်း ဘရာဇီးလ်အသင်းနဲ့ တူပါတယ်။

ရွှေ့လျားပုံတွေ ၊ ဘောလုံးပေးပို့ပုံတွေ က အရမ်းကိုကောင်းပါတယ်။

အဲ့ဒီအသင်းအတွက် ကစားပေးရတာကို ကျွန်တော်သဘောကျနှစ်ခြိုက်ခဲ့ပါတယ်။

ဘောလုံးကို အဲ့လိုပုံစံနဲ့ ကစားရတာက ကျေနပ်စရာပါ။

ဒါကပဲ ဘောလုံးသမားဖြစ်ချင်တဲ့ အကြောင်းပြချက်ပဲလေ “

“ Rooney: Teenage kicks – the street footballer who ruled the world “ လို့

အမည်ပေးထားတဲ့ရွန်နီ ရဲ့ အတ္ထုပတ္တိစာအုပ်ကိုတော့

လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစတင်ပြီး ဖြန့်ချီသွားမှာဖြစ်ပါတယ်။

zawgyi

“ Rooney: Teenage kicks “ ဆိုတဲ့ အတၳဳပတၱိစာအုပ္ထဲမွာ ဖာဂူဆန္ ရဲ႕ ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရပုံကို ႐ြန္နီ ဖြင့္ဟ

၁၉၉၉ ခုႏွစ္မွာ သမိုင္းဝင္ဖလား ၃ လုံးေအာင္ပြဲကို ပထမဆုံးအႀကိမ္ရရွိခဲ့တဲ့

မန္ယူႏိုက္တက္အသင္းဟာ ၂၀၀၈ ခုႏွစ္မွာလည္း

အဲ့လိုေအာင္ပြဲမ်ိဳးရႏိုင္တဲ့ အခြင့္အေရးနဲ႔ နီးစပ္ခဲ့ပါေသးတယ္။

ဒါေပမဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္မွာ

ပို႔စ္ေမာက္အသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္

မန္ယူႏိုက္တက္အသင္းဟာ အဲ့ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလား နဲ႔

ခ်န္ပီယံလိဂ္ဖလားတို႔နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ရခဲ့တာက ႀကီးမားတဲ့ေအာင္ျမင္မႈျဖစ္ေပမဲ့

နည္းျပႀကီး ဖာဂူဆန္ ကေတာ့ အဲ့ဒီေလာက္နဲ႔ မတင္းတိမ္ႏိုင္ခဲ့ဘူးလို႔ဆိုရမွာပါ။

ဖလား ၃ လုံးေအာင္ပြဲမရခဲ့လို႔ ဖာဂူဆန္ က

ဘယ္လိုေတာင္ စိတ္ဆိုးေဒါသထြက္ခဲ့လဲဆိုတာကို

ယူႏိုက္တက္ဂႏၲဝင္ကစားသမားေဟာင္း ႐ြန္နီ က

မၾကာခင္မွာထြက္ရွိလာမယ့္ “ Rooney: Teenage kicks “ ဆိုတဲ့

အတၳဳပတၱိစာအုပ္ထဲမွာ အခုလိုဖြင့္ခ်ခဲ့ပါတယ္။

“ အဲ့ဒီတုန္းက နည္းျပႀကီး ရဲ႕ ေဒါသထြက္ပုံကို ကြၽန္ေတာ္မွတ္မိေသးတယ္။

၂ ပတ္ေလာက္ၾကာမယ္ထင္တယ္။

စိတ္ဆိုးေဒါသထြက္ၿပီး ကြၽန္ေတာ္တို႔ကို စကားတလုံးေတာင္မေျပာဘူး။

အဲ့ဒီတုန္းကရခဲ့တဲ့ အခြင့္အေရးက သမိုင္းဝင္ဖလား ၃ လုံးေအာင္ပြဲထပ္ရႏိုင္တဲ့

အခြင့္အေရးဆိုတာကို သူသိတယ္ေလ “ လို႔ ႐ြန္နီ က

သူ႔ရဲ႕စာအုပ္ထဲမွာ ထုတ္ေဖာ္ေျပာျပထားပါတယ္။

ပို႔စ္ေမာက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာရခဲ့တဲ့

အဓိကဂိုးသမား ဗန္ဒါဆား ေနရာမွာ လူစားဝင္ဂိုးဖမ္းခဲ့တဲ့

အရန္ဂိုးသမား ကက္ဇက္ဟာ ၿပိဳင္ဖက္ကစားသမားကို

ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

အရန္ဂိုးသမားပါ အထုတ္ခံရခ်ိန္မွာေတာ့

ေနာက္ခံလူ ဖာဒီနန္ က ဂိုးဝင္ဖမ္းခဲ့ရပါတယ္။

ဒါေပမဲ့ ဖာဒီနန္ ဟာ ပို႔စ္ေမာက္အသင္းရဲ႕ ပင္နယ္တီ ကို

မဖမ္းႏိုင္ခဲ့တာေၾကာင့္ မန္ယူႏိုက္တက္အသင္းဟာ ၁-၀ နဲ႔ ရႈံးနိမ့္ၿပီး

အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခဲ့ရပါတယ္။

႐ြန္နီ ကေတာ့ အဲ့ဒီပြဲမွာ ဖာဒီနန္ ကို ဂိုးဖမ္းခိုင္းမယ့္အစား

သူ႔ကိုသာဂိုးဖမ္းခိုင္းခဲ့သင့္တယ္လို႔ သူ႔ရဲ႕စာအုပ္ထဲမွာ

အခုလိုဖြင့္ခ်ထားခဲ့ပါေသးတယ္။

“ နည္းျပႀကီး လုပ္ခဲ့တဲ့ မဟာအမွားႀကီးကေတာ့

ကြၽန္ေတာ့္ကို ဂိုးမဖမ္းခိုင္းခဲ့တာပါပဲ။

ဒါေပမဲ့ ကြၽန္ေတာ္ ပင္နယ္တီမဖမ္းႏိုင္မွာကို

သူ႔အေနနဲ႔စိတ္ပူေနခဲ့မယ္လို႔ ကြၽန္ေတာ္ထင္တယ္။

၁-၀ နဲ႔ ရႈံးေနခ်ိန္မွာ ဂိုးသြင္းႏိုင္ဖို႔ ကြၽန္ေတာ့္ကို သူလိုအပ္ခဲ့တယ္လို႔ ထင္တယ္ “ လို႔

႐ြန္နီ က စာအုပ္ထဲမွာ ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ အဲ့ဒီတုန္းက မန္ယူႏိုက္တက္အသင္းရဲ႕ ကစားပုံဟာ

နာမည္ေက်ာ္ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းရဲ႕

ကစားပုံမ်ိဳးနဲ႔ဆင္တူတယ္လို႔လည္း ႐ြန္နီ က အတၳဳပတၱိစာအုပ္ထဲမွာ

အခုလို ထုတ္ေဖာ္ေျပာခဲ့ပါေသးတယ္။

“ ဘရာဇီးလ္အသင္းရဲ႕ ကစားပုံကို ၾကည့္ရတာ

သေဘာက်တာေၾကာင့္ ကြၽန္ေတာ္အၿမဲေစာင့္ၾကည့္ေလ့ရွိပါတယ္။

အဲ့ဒီတုန္းက ကြၽန္ေတာ္တို႔အသင္းရဲ႕ ကစားပုံကလည္း ဘရာဇီးလ္အသင္းနဲ႔ တူပါတယ္။

ေ႐ႊ႕လ်ားပုံေတြ ၊ ေဘာလုံးေပးပို႔ပုံေတြ က အရမ္းကိုေကာင္းပါတယ္။

အဲ့ဒီအသင္းအတြက္ ကစားေပးရတာကို ကြၽန္ေတာ္သေဘာက်ႏွစ္ၿခိဳက္ခဲ့ပါတယ္။

ေဘာလုံးကို အဲ့လိုပုံစံနဲ႔ ကစားရတာက ေက်နပ္စရာပါ။

ဒါကပဲ ေဘာလုံးသမားျဖစ္ခ်င္တဲ့ အေၾကာင္းျပခ်က္ပဲေလ “

“ Rooney: Teenage kicks – the street footballer who ruled the world “ လို႔

အမည္ေပးထားတဲ့႐ြန္နီ ရဲ႕ အတၳဳပတၱိစာအုပ္ကိုေတာ့

လာမယ့္ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔ကစတင္ၿပီး ျဖန႔္ခ်ီသြားမွာျဖစ္ပါတယ္။