နိုင်ငံတကာဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စီရော်နယ် ဖီဖာရဲ့အထူးဆုနဲ့ ဂုဏ်ပြုခြင်းခံခဲ့ရ

နိုင်ငံတကာဘောလုံးသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာပြီးနောက်

စီရော်နယ်ဟာ ဖီဖာရဲ့အထူးဆုနဲ့ ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

အဲဒီပေါ်တူဂီစူပါစတားကိုယ်တိုင်ကလည်း ဖီဖာရဲ့The Best ဆုပေးပွဲမှာ

အထူးဆုရခဲ့လို့ အတော်လေးကို ဂုဏ်ယူမိကြောင်း ဆိုခဲ့ပါတယ်။

အဲဒီမန်ယူတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့စက်တင်ဘာတုန်းက

အီရန်ဂန္ထဝင်တိုက်စစ်မှုးဟောင်းအလီဒါယီရဲ့နိုင်ငံတကာသွင်းဂိုးစံချိန်ကို

ဂိုး ၁၁၀ နဲ့ ချိုးနိုင်ခဲ့ပြီး အဲဒီနောက်ပိုင်း ၁၁၅ ဂိုးအထိ သွင်းယူထားတာပါ။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ အဲဒီဆုပေးပွဲမှာ

ဖီဖာဥက္ကဌအင်တာတီနိုက အထူးဆုပေးအပ်တော့

”ထူးခြားတဲ့ကစားသမားတစ်ယောက်အတွက်

အထူးစပါယ်ရှယ်ဆုတစ်ခုပါ”လို့ ပြောခဲ့ပါတယ်။

ဆုလက်ခံရယူချိန်မှာ စီရော်နယ်ဒိုကလည်း”ဒီဆုက အရမ်းကို လှပပါတယ်။

အဲဒါဟာ အိပ်မက်တစ်ခုပါ။ ၁၁၅ ဂိုးသွင်းပြီး ဒီစံချိန်ကို ချိုးနိုင်မယ်လု့ိ

ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ပါဘူး။ စံချိန်က ၁၀၉ ဆိုတာ ဟုတ်တယ်မလား။

အခုတော့ ကျွန်တော်က ၆ ဂိုးပိုသွင်းထားပါတယ်။

ကျွန်တော်အရမ်းလေးစားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့

ဖီဖာဆီကနေ စပါယ်ရှယ်ဆုတစ်ခုလက်ခံရရှိလို့

အရမ်းဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆုလက်ခံရယူအပြီးမှာလည်း စီရော်နယ်ဒိုက

”ကျွန်တော်အရမ်းကို ပျော်ရွှင်မိပါတယ်။ သမိုင်းတစ်လျှောက်

အကောင်းဆုံးဂိုးသွင်းသူဖြစ်လို့ ကျွန်တော့်အတွက် အထူးဆုတစ်ခုပါ။

ဒါဟာ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ အရမ်းကို ဂုဏ်ယူရပါတယ်။

တစ်နေ့မှာ ကျွန်တော် နံပါတ် ၁ ဖြစ်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။

လက်ရွေးစင်အသင်းအတွက် စတင်ကစားခဲ့တဲ့

၂၀၀၄ က ကျွန်တော့်အသင်းဖော်ဟောင်းတွေအပြင်

အခုချိန်ထိ အသင်းဖော်တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။

ကျွန်တော့်မိသားစု၊ ကျွန်တော့်မိန်းမနဲ့ ကျွန်တော့်ကလေးတွေကိုလည်း

ကျေးဇူးတင်စကား ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဆိုရှယ်မီဒီယာထက်မှာလည်း စီရော်နယ်ဒိုက

ဒီဆုက ကလပ်အသင်းမန်ယူမှာရော လက်ရွေးစင်အသင်းပေါ်တူဂီမှာပါ

လာမယ့်ပွဲတွေအတွက် သူ့ကို အပိုအားဖြစ်စေခဲ့ကြောင်း ရေးတင်ခဲ့ပါတယ်။

zawgyi

ႏိုင္ငံတကာေဘာလုံးသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူအျဖစ္ စီေရာ္နယ္ ဖီဖာရဲ႕အထူးဆုနဲ႔ ဂုဏ္ျပဳျခင္းခံခဲ့ရ

ႏိုင္ငံတကာေဘာလုံးသမိုင္းမွာ ဂိုးအမ်ားဆုံးသြင္းသူျဖစ္လာၿပီးေနာက္

စီေရာ္နယ္ဟာ ဖီဖာရဲ႕အထူးဆုနဲ႔ ဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။

အဲဒီေပၚတူဂီစူပါစတားကိုယ္တိုင္ကလည္း ဖီဖာရဲ႕The Best ဆုေပးပြဲမွာ

အထူးဆုရခဲ့လို႔ အေတာ္ေလးကို ဂုဏ္ယူမိေၾကာင္း ဆိုခဲ့ပါတယ္။

အဲဒီမန္ယူတိုက္စစ္မႈးဟာ ၿပီးခဲ့တဲ့စက္တင္ဘာတုန္းက

အီရန္ဂႏၴဝင္တိုက္စစ္မႈးေဟာင္းအလီဒါယီရဲ႕ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို

ဂိုး ၁၁၀ နဲ႔ ခ်ိဳးႏိုင္ခဲ့ၿပီး အဲဒီေနာက္ပိုင္း ၁၁၅ ဂိုးအထိ သြင္းယူထားတာပါ။

ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ အဲဒီဆုေပးပြဲမွာ

ဖီဖာဥကၠဌအင္တာတီႏိုက အထူးဆုေပးအပ္ေတာ့

”ထူးျခားတဲ့ကစားသမားတစ္ေယာက္အတြက္

အထူးစပါယ္ရွယ္ဆုတစ္ခုပါ”လို႔ ေျပာခဲ့ပါတယ္။

ဆုလက္ခံရယူခ်ိန္မွာ စီေရာ္နယ္ဒိုကလည္း”ဒီဆုက အရမ္းကို လွပပါတယ္။

အဲဒါဟာ အိပ္မက္တစ္ခုပါ။ ၁၁၅ ဂိုးသြင္းၿပီး ဒီစံခ်ိန္ကို ခ်ိဳးႏိုင္မယ္လု႔ိ

ကြၽန္ေတာ္တစ္ခါမွ မေတြးမိခဲ့ပါဘူး။ စံခ်ိန္က ၁၀၉ ဆိုတာ ဟုတ္တယ္မလား။

အခုေတာ့ ကြၽန္ေတာ္က ၆ ဂိုးပိုသြင္းထားပါတယ္။

ကြၽန္ေတာ္အရမ္းေလးစားတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့

ဖီဖာဆီကေန စပါယ္ရွယ္ဆုတစ္ခုလက္ခံရရွိလို႔

အရမ္းဂုဏ္ယူမိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆုလက္ခံရယူအၿပီးမွာလည္း စီေရာ္နယ္ဒိုက

”ကြၽန္ေတာ္အရမ္းကို ေပ်ာ္႐ႊင္မိပါတယ္။ သမိုင္းတစ္ေလွ်ာက္

အေကာင္းဆုံးဂိုးသြင္းသူျဖစ္လို႔ ကြၽန္ေတာ့္အတြက္ အထူးဆုတစ္ခုပါ။

ဒါဟာ ႀကီးမားတဲ့ေအာင္ျမင္မႈတစ္ခုပါ။ အရမ္းကို ဂုဏ္ယူရပါတယ္။

တစ္ေန႔မွာ ကြၽန္ေတာ္ နံပါတ္ ၁ ျဖစ္မယ္လို႔ တစ္ခါမွ မထင္ခဲ့ဘူး။

လက္ေ႐ြးစင္အသင္းအတြက္ စတင္ကစားခဲ့တဲ့

၂၀၀၄ က ကြၽန္ေတာ့္အသင္းေဖာ္ေဟာင္းေတြအျပင္

အခုခ်ိန္ထိ အသင္းေဖာ္ေတြကို ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္။

ကြၽန္ေတာ့္မိသားစု၊ ကြၽန္ေတာ့္မိန္းမနဲ႔ ကြၽန္ေတာ့္ကေလးေတြကိုလည္း

ေက်းဇူးတင္စကား ေျပာရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆိုရွယ္မီဒီယာထက္မွာလည္း စီေရာ္နယ္ဒိုက

ဒီဆုက ကလပ္အသင္းမန္ယူမွာေရာ လက္ေ႐ြးစင္အသင္းေပၚတူဂီမွာပါ

လာမယ့္ပြဲေတြအတြက္ သူ႔ကို အပိုအားျဖစ္ေစခဲ့ေၾကာင္း ေရးတင္ခဲ့ပါတယ္။