စီရော်နယ်ဒိုနဲ့မက်ဆီတို့ နှစ်ယောက်ရဲ့ ကာလရှည်ပြိုင်ဆိုင်မှုကို ထင်ဟပ်စေတဲ့ The Best ဆုအတွက် မဲပေးမှု 

ဖီဖာရဲ့The Best အကောင်းဆုံးကစားသမားဆုအတွက် မဲပေးမှုတွေ

ထွက်ပေါ်လာပြီဖြစ်သလို အတော်လေးကို

စိတ်ဝင်စားစရာကောင်းတာတွေလည်း ပါဝင်နေပါတယ်။

၂၀၂၁ အတွင်းက သူတို့ရဲ့ထိပ်ဆုံးကစားသမား ၃ ယောက်အတွက်

လက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ လက်ရွေးစင်နည်းပြတွေနဲ့

တစ်နိုငံချင်းစီက မီဒီယာတွေကို ဖီဖာက ရွေးချယ်စေခဲ့တာပါ။

အဲဒီမှာ လက်ရွေးစင်အသင်းခေါင်းဆောင်တွေနဲ့နည်းပြတွေရဲ့မဲပေးမှုက

နောက်ဆုံးမဲအရေအတွက်ရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်ပတ်သက်ပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့

စီရော်နယ်ဒိုနဲ့မက်ဆီတို့ကတော့ ဒီနှစ်အတွက် The Best ဆုပေးပွဲမှာ

တစ်ယောက်ကိုတစ်ယောက် မဲမပေးခဲ့ကြပါဘူး။

အဲဒါကပဲ သူတို့နှစ်ယောက်ရဲ့ကျော်ကြားတဲ့

ကာလရှည်ပြိုင်ဆိုင်မှုကို ထင်ဟပ်စေပါတယ်။

စီရော်နယ်ဒိုဟာ ဒီနှစ် The Best ဆုအတွက် သူရွေးချယ်တဲ့

ကစားသမား ၃ ယောက်ထဲမှာ လီဝန်ဒေါစကီးကိုထိပ်ဆုံးထားပြီး

ကန်တီက ဒုတိယနဲ့ ဂျော်ဂျင်ဟိုကို တတိယပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အောင်မြင်မှုအရဆိုရင်တော့ စီရော်နယ်ဒိုရဲ့ရွေးချယ်မှုဟာ

အထိုက်အလျှောက်တော့ မျှတမှုရှိခဲ့တာပါ။

ဒီအချိန်မှာ မက်ဆီကတော့ The Best ဆုအတွက်

သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော်တွေကိုသာ ဦးစားပေးခဲ့ပြီး

နေမာကို ထိပ်ဆုံးထားကာ အမ်ဘက်ပီကို ဒုတိယနဲ့

ဘင်ဇီမာကို တတိယနေရာ ထားခဲ့ပါတယ်။

လီဝန်ဒေါစကီးကို မထည့်သွင်းခဲ့တဲ့ မက်ဆီရဲ့ဒီရွေးချယ်မှုဟာ

ကိုယ်ရေးကိုယ်တာဆန်လွန်းတယ်လို့ ပရိသတ်တွေက ပြောကြပါတယ်။

ဒါ့အပြင် နေမာလို ပီအက်စ်ဂျီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့

ကစားသမားကို ထိပ်ဆုံးနေရာထားလို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

၂ နှစ်ဆက်ဆုရသွားခဲ့ဲတဲ့ လီဝန်ဒေါစကီးကတော့

သူမဲပေးတဲ့ ၃ ယောက်မှာ ဂျော်ဂျင်ဟိုကို ထိပ်ဆုံးထားပြီး

မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ယောက်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။

zawgyi

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ ႏွစ္ေယာက္ရဲ႕ ကာလရွည္ၿပိဳင္ဆိုင္မႈကို ထင္ဟပ္ေစတဲ့ The Best ဆုအတြက္ မဲေပးမႈ

ဖီဖာရဲ႕The Best အေကာင္းဆုံးကစားသမားဆုအတြက္ မဲေပးမႈေတြ

ထြက္ေပၚလာၿပီျဖစ္သလို အေတာ္ေလးကို

စိတ္ဝင္စားစရာေကာင္းတာေတြလည္း ပါဝင္ေနပါတယ္။

၂၀၂၁ အတြင္းက သူတို႔ရဲ႕ထိပ္ဆုံးကစားသမား ၃ ေယာက္အတြက္

လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြ၊ လက္ေ႐ြးစင္နည္းျပေတြနဲ႔

တစ္ႏိုငံခ်င္းစီက မီဒီယာေတြကို ဖီဖာက ေ႐ြးခ်ယ္ေစခဲ့တာပါ။

အဲဒီမွာ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြနဲ႔နည္းျပေတြရဲ႕မဲေပးမႈက

ေနာက္ဆုံးမဲအေရအတြက္ရဲ႕ ၂၅ ရာခိုင္ႏႈန္းပါဝင္ပတ္သက္ပါတယ္။

ဆယ္စုႏွစ္တစ္ခုေက်ာ္ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၾကတဲ့

စီေရာ္နယ္ဒိုနဲ႔မက္ဆီတို႔ကေတာ့ ဒီႏွစ္အတြက္ The Best ဆုေပးပြဲမွာ

တစ္ေယာက္ကိုတစ္ေယာက္ မဲမေပးခဲ့ၾကပါဘူး။

အဲဒါကပဲ သူတို႔ႏွစ္ေယာက္ရဲ႕ေက်ာ္ၾကားတဲ့

ကာလရွည္ၿပိဳင္ဆိုင္မႈကို ထင္ဟပ္ေစပါတယ္။

စီေရာ္နယ္ဒိုဟာ ဒီႏွစ္ The Best ဆုအတြက္ သူေ႐ြးခ်ယ္တဲ့

ကစားသမား ၃ ေယာက္ထဲမွာ လီဝန္ေဒါစကီးကိုထိပ္ဆုံးထားၿပီး

ကန္တီက ဒုတိယနဲ႔ ေဂ်ာ္ဂ်င္ဟိုကို တတိယေပးခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေအာင္ျမင္မႈအရဆိုရင္ေတာ့ စီေရာ္နယ္ဒိုရဲ႕ေ႐ြးခ်ယ္မႈဟာ

အထိုက္အေလွ်ာက္ေတာ့ မွ်တမႈရွိခဲ့တာပါ။

ဒီအခ်ိန္မွာ မက္ဆီကေတာ့ The Best ဆုအတြက္

သူ႔ရဲ႕ပီအက္စ္ဂ်ီအသင္းေဖာ္ေတြကိုသာ ဦးစားေပးခဲ့ၿပီး

ေနမာကို ထိပ္ဆုံးထားကာ အမ္ဘက္ပီကို ဒုတိယနဲ႔

ဘင္ဇီမာကို တတိယေနရာ ထားခဲ့ပါတယ္။

လီဝန္ေဒါစကီးကို မထည့္သြင္းခဲ့တဲ့ မက္ဆီရဲ႕ဒီေ႐ြးခ်ယ္မႈဟာ

ကိုယ္ေရးကိုယ္တာဆန္လြန္းတယ္လို႔ ပရိသတ္ေတြက ေျပာၾကပါတယ္။

ဒါ့အျပင္ ေနမာလို ပီအက္စ္ဂ်ီမွာ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့

ကစားသမားကို ထိပ္ဆုံးေနရာထားလို႔ ေဝဖန္မႈေတြလည္း ရွိေနတာပါ။

၂ ႏွစ္ဆက္ဆုရသြားခဲ့ဲတဲ့ လီဝန္ေဒါစကီးကေတာ့

သူမဲေပးတဲ့ ၃ ေယာက္မွာ ေဂ်ာ္ဂ်င္ဟိုကို ထိပ္ဆုံးထားၿပီး

မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ႏွစ္ေယာက္ကိုလည္း ထည့္သြင္းခဲ့ပါတယ္။