
ဘရာဇီးဂန္ထဝင်တွေဖြစ်ကြတဲ့ ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုကြီးတို့ဟာ
သူ့ရဲ့ Idol တွေဖြစ်ကြောင်း စီရော်နယ်ဒိုက ဖွင့်ဟလိုက်ပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်ထက် သူက တစ်ဦးချင်းအောင်မြင်မှုတွေပိုရခဲ့ကြောင်း
စီရော်နယ်ဒိုက နောက်ပြောင်ခဲ့ပါတယ်။
အဲဒီ်မန်ယူစူပါစတားဟာ ဘရာဇီး version ESPN ရုပ်သံနဲ့ အင်တာဗျူးခဲ့တာဖြစ်ပြီး
သူငယ်စဉ်က လေးစားအားကျခဲ့ရတဲ့ ဆမ်ဘာဂန္ထဝင်နှစ်ယောက်ကို ဖွင့်ပြောခဲ့တာပါ။
ရော်နယ်ဒင်ဟိုနဲ့ ရော်နယ်ဒိုကြီးတို့ဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ အတူတကွဗိုလ်စွဲခဲ့ကြပြီး
သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက
နှစ်ယောက်လို့ သတ်မှတ်ခံထားရတာပါ။
”ကျွန်တော်က နှိုင်းယှဉ်မှုတွေကို မကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ
သူတို့သမိုင်းမှာ အကောင်းဆုံးတွေချန်ထားနိုင်ခဲ့တာလို့ ပြောရတာကို ပိုကြိုက်ပါတယ်။
အချက်အလက်တွေအရတော့ ကျွန်တော်က သူတို့နှစ်ယောက်ထက်
တစ်ဦးချင်းအောင်မြင်မှုတွေပိုရခဲ့တာပေါ့ဗျာ။
ဒါပေမဲ့ နှစ်ယောက်စလုံးက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ကြတာပါ။
သူတို့နှစ်ယောက်ကစားတာကိုကြည့်ရင်း ကျွန်တော်ကြီးပြင်းလာခဲ့တာပါ။
သူတို့နှစ်ယောက်မှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာ အရေးမကြီးပါဘူး။
သူတို့ဟာ Idol တွေဖြစ်ပြီး ဘောလုံးမှာ လှပတဲ့သမိုင်းကြောင်းချန်ခဲ့တာလို့
ပြောရတာကို ပိုကြိုက်ပါတယ်”လို့ ၃၆ နှစ်အရွယ် စီရော်နယ်ဒိုက ဖြေခဲ့တာပါ။
စီရော်နယ်ဒိုဟာ ပေါ်တူဂီနဲ့အတူ ကမ္ဘာ့ဖလားဗိုလ်မစွဲဖူးသေးဘဲ ၂၀၂၂ ကမ္ဘာ့ဖလားက
သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်နိုင်ပေမယ့် ပေါ်တူဂီဟာ
အဲဒီအတွက် ခြေစစ်ပွဲမအောင်သေးပါဘူး။
အဲဒီ Ballon d’Or ၅ ဆုရှင်ဟာ နိုင်ငံအသင်းရဲ့ကပ္ပတိန်အဖြစ်နဲ့တော့
ယူရို ၂၀၁၆ မှာ ဗိုလ်စွဲခဲ့ပါတယ်။
သူဟာ ၂၀၁၉ က ပထမဆုံးအကြိမ်နေးရှင်းလိဂ်မှာ
ဗိုလ်စွဲခဲ့သလို နိုင်ငံအသင်းဘောလုံးသမိုင်းမှာ
ဂိုးသွင်းအများဆုံးအဖြစ်လည်း စံချိန်တင်ထားပါတယ်။
zawgyi
သူတို႔ႏွစ္ေယာက္ကစားတာကိုၾကည့္ရင္း ကြၽန္ေတာ္ႀကီးျပင္းလာခဲ့ရတာပါလို႔ဆိုတဲ့ ေရာ္နယ္ဒို
ဘရာဇီးဂႏၴဝင္ေတြျဖစ္ၾကတဲ့ ေရာ္နယ္ဒင္ဟိုနဲ႔ ေရာ္နယ္ဒိုႀကီးတို႔ဟာ
သူ႔ရဲ႕ Idol ေတြျဖစ္ေၾကာင္း စီေရာ္နယ္ဒိုက ဖြင့္ဟလိုက္ပါတယ္။
ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ထက္ သူက တစ္ဦးခ်င္းေအာင္ျမင္မႈေတြပိုရခဲ့ေၾကာင္း
စီေရာ္နယ္ဒိုက ေနာက္ေျပာင္ခဲ့ပါတယ္။
အဲဒီ္မန္ယူစူပါစတားဟာ ဘရာဇီး version ESPN ႐ုပ္သံနဲ႔ အင္တာဗ်ဴးခဲ့တာျဖစ္ၿပီး
သူငယ္စဥ္က ေလးစားအားက်ခဲ့ရတဲ့ ဆမ္ဘာဂႏၴဝင္ႏွစ္ေယာက္ကို ဖြင့္ေျပာခဲ့တာပါ။
ေရာ္နယ္ဒင္ဟိုနဲ႔ ေရာ္နယ္ဒိုႀကီးတို႔ဟာ ၂၀၀၂ ကမာၻ႔ဖလားမွာ အတူတကြဗိုလ္စြဲခဲ့ၾကၿပီး
သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက
ႏွစ္ေယာက္လို႔ သတ္မွတ္ခံထားရတာပါ။
”ကြၽန္ေတာ္က ႏႈိင္းယွဥ္မႈေတြကို မႀကိဳက္ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ
သူတို႔သမိုင္းမွာ အေကာင္းဆုံးေတြခ်န္ထားႏိုင္ခဲ့တာလို႔ ေျပာရတာကို ပိုႀကိဳက္ပါတယ္။
အခ်က္အလက္ေတြအရေတာ့ ကြၽန္ေတာ္က သူတို႔ႏွစ္ေယာက္ထက္
တစ္ဦးခ်င္းေအာင္ျမင္မႈေတြပိုရခဲ့တာေပါ့ဗ်ာ။
ဒါေပမဲ့ ႏွစ္ေယာက္စလုံးက ကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့ၾကတာပါ။
သူတို႔ႏွစ္ေယာက္ကစားတာကိုၾကည့္ရင္း ကြၽန္ေတာ္ႀကီးျပင္းလာခဲ့တာပါ။
သူတို႔ႏွစ္ေယာက္မွာ ဘယ္သူက အေကာင္းဆုံးလဲဆိုတာ အေရးမႀကီးပါဘူး။
သူတို႔ဟာ Idol ေတြျဖစ္ၿပီး ေဘာလုံးမွာ လွပတဲ့သမိုင္းေၾကာင္းခ်န္ခဲ့တာလို႔
ေျပာရတာကို ပိုႀကိဳက္ပါတယ္”လို႔ ၃၆ ႏွစ္အ႐ြယ္ စီေရာ္နယ္ဒိုက ေျဖခဲ့တာပါ။
စီေရာ္နယ္ဒိုဟာ ေပၚတူဂီနဲ႔အတူ ကမာၻ႔ဖလားဗိုလ္မစြဲဖူးေသးဘဲ ၂၀၂၂ ကမာၻ႔ဖလားက
သူ႔ရဲ႕ေနာက္ဆုံးအခြင့္အေရးျဖစ္ႏိုင္ေပမယ့္ ေပၚတူဂီဟာ
အဲဒီအတြက္ ေျခစစ္ပြဲမေအာင္ေသးပါဘူး။
အဲဒီ Ballon d’Or ၅ ဆုရွင္ဟာ ႏိုင္ငံအသင္းရဲ႕ကပၸတိန္အျဖစ္နဲ႔ေတာ့
ယူ႐ို ၂၀၁၆ မွာ ဗိုလ္စြဲခဲ့ပါတယ္။
သူဟာ ၂၀၁၉ က ပထမဆုံးအႀကိမ္ေနးရွင္းလိဂ္မွာ
ဗိုလ္စြဲခဲ့သလို ႏိုင္ငံအသင္းေဘာလုံးသမိုင္းမွာ
ဂိုးသြင္းအမ်ားဆုံးအျဖစ္လည္း စံခ်ိန္တင္ထားပါတယ္။