Risk များပေမယ့် ဉာဏ်ကြီးရှင်လို့ ချီးကျူးရမယ့် အမ်မရီရဲ့ လူကျွံထောင်ချောက်ဖမ်းကစားနည်း

ဗီလာရီးရဲလ်အသင်းနည်းပြ အူနိုင်းအမ်မရီဟာ ဘိုင်ယန်ကို

ကျော်ဖြတ်နိုင်ခဲ့တဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒု-အကျော့မှာ
တကယ့်ကို သေချာဇာတ်တိုက်ထားတဲ့ လူကျွံဘောဖမ်းကစားနည်းနဲ့အတူ
အားလုံးကို အံ့အားသင့်စေခဲ့ပြီး သူ့ရဲ့နည်းစနစ်အစွမ်းကို ပြသသွားပါတယ်။
ဗီလာရီးရဲလ်အတွက်တော့ အမြဲတမ်းအမှတ်ရနေစေမယ့်
ချန်ပီယံလိဂ်ညဖြစ်ခဲ့ပြီး ချူကွီဇီရဲ့နောက်ကျချေပဂိုးနဲ့အတူ

ချန်ပီယံလိဂ်မှာ ၆ကြိမ်အထိ ချန်ပီယံဖြစ်ထားတဲ့
အသင်းကြီး ဘိုင်ယန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ဗီလာရီးရဲလ်ဟာ နှစ်ကျော့စလုံးမှာ ဂိုးပေါက်တည့်မှု
၂ကြိမ်ပဲရှိခဲ့ပေမယ့် တစ်ပွဲ တစ်ဂိုးစီသွင်းယူကာ
နှစ်ကျော့ပေါင်း ၂-၁ ဂိုးရလဒ်နဲ့ ဘိုင်ယန်ကို

ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ပ-အကျော့တုန်းက
ဘုန်းမောက်ကြယ်ပွင့်ဟောင်း ဒန်ဂျူမာရဲ့ဂိုးကြောင့်
၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒု-အကျော့ မြူးနစ်မြေမှာ လီဝန်ဒေါစကီးက
ဘိုင်ယန်အတွက် ဦးဆောင်ဂိုးသွင်းသွားပြီးနောက်

အားလုံးနီးပါးက အိမ်ရှင်အသင်း ဆီမီးဖိုင်နယ်
တက်ရောက်နိုင်တော့မယ်လို့ ထင်မှတ်ခဲ့ပေမယ့်
ဗီလာရီးရဲလ်ကတော့ အာရုံစူးစိုက်မှုအပြည့်နဲ့
ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ခဲ့ပါတယ်။
အဲဒီမှာ ဗီလာရီးရဲလ်ဟာ ဘိုင်ယန်ကို

အသည်းယားစရာကောင်းလောက်အောင်
လူကျွံထောင်ချောက်ဖမ်းကစားသွားပြီး အဲဒီဖြစ်ရပ်က
လူမှုမီဒီယာမှာ လူပြောများနေပါတယ်။
ဘိုင်ယန်အသင်း ပြစ်ဒဏ်ဘောရရှိချိန်မှာ
ကင်မစ်ရှ်က အဝေးတိုင်ထောင့်နား ကန်တင်ပေးလိုက်ပေမယ့်

ဗီလာရီးရဲလ်အသင်းသားအားလုံး ရှေ့တက်လာခဲ့ရာ
ဘိုင်ယန်အသင်းသား အနည်းဆုံး ၇ ဦးအထိ
လူကျွံဘောဖြစ်နေခဲ့တာဖြစ်ပါတယ်။
”ဗီလာရီးရဲလ်အသင်းသားတွေရဲ့လူကျွံဖမ်းကစားမှုကတော့
လေးစားစရာပဲ။ အမ်မရီရဲ့ နည်းစနစ်ကြွယ်ဝမှုပေါ့”

”ဗီလာရီးရဲလ်ရဲ့လူကျွံဖမ်းကစားမှုက ကောင်းပါတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ လူကျွံထောင်ချောက်ကို
ရုန်းထွက်နိုင်ရင်ဆိုတဲ့ Risk လည်း များတာပေါ့”
”ဗီလာရီးရဲလ်ရဲ့ လူကျွံထောင်ချောက်ဖမ်းကစားမှုက
ကျွန်တော်မြင်ဖူးသမျှ အကောင်းဆုံးပဲဗျာ”လို့

ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။

Zawgyi

Risk မ်ားေပမယ့္ ဉာဏ္ႀကီးရွင္လုိ႔ ခ်ီးက်ဴးရမယ့္ အမ္မရီရဲ႕ လူကၽြံေထာင္ေခ်ာက္ဖမ္းကစားနည္း

ဗီလာရီးရဲလ္အသင္းနည္းျပ အူႏိုင္းအမ္မရီဟာ ဘုိင္ယန္ကို
ေက်ာ္ျဖတ္ႏုိင္ခဲ့တ့ဲခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္ ဒု-အေက်ာ့မွာ
တကယ့္ကို ေသခ်ာဇာတ္တုိက္ထားတဲ့ လူကၽြံေဘာဖမ္းကစားနည္းနဲ႔အတူ
အားလုံးကို အ့ံအားသင့္ေစခဲ့ၿပီး သူ႕ရဲ႕နည္းစနစ္အစြမ္းကို ျပသသြားပါတယ္။
ဗီလာရီးရဲလ္အတြက္ေတာ့ အၿမဲတမ္းအမွတ္ရေနေစမယ့္

ခ်န္ပီယံလိဂ္ညျဖစ္ခဲ့ၿပီး ခ်ဴကြီဇီရဲ႕ေနာက္က်ေခ်ပဂိုးနဲ႔အတူ
ခ်န္ပီယံလိဂ္မွာ ၆ႀကိမ္အထိ ခ်န္ပီယံျဖစ္ထားတဲ့
အသင္းႀကီး ဘုိင္ယန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာပါ။
ဗီလာရီးရဲလ္ဟာ ႏွစ္ေက်ာ့စလုံးမွာ ဂိုးေပါက္တည့္မႈ
၂ႀကိမ္ပဲရွိခဲ့ေပမယ့္ တစ္ပဲြ တစ္ဂိုးစီသြင္းယူကာ

ႏွစ္ေက်ာ့ေပါင္း ၂-၁ ဂိုးရလဒ္နဲ႔ ဘုိင္ယန္ကို
ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ၿပီး ပ-အေက်ာ့တုန္းက
ဘုန္းေမာက္ၾကယ္ပြင့္ေဟာင္း ဒန္ဂ်ဴမာရဲ႕ဂိုးေၾကာင့္
၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ဒု-အေက်ာ့ ျမဴးနစ္ေျမမွာ လီ၀န္ေဒါစကီးက

ဘုိ္င္ယန္အတြက္ ဦးေဆာင္ဂိုးသြင္းသြားၿပီးေနာက္
အားလုံးနီးပါးက အိမ္ရွင္အသင္း ဆီမီးဖုိင္နယ္
တက္ေရာက္ႏိုင္ေတာ့မယ္လုိ႔ ထင္မွတ္ခဲ့ေပမယ့္
ဗီလာရီးရဲလ္ကေတာ့ အာရုံစူးစုိက္မႈအျပည့္နဲ႔
ကိုယ့္အလုပ္ကုိယ္ဆက္လုပ္ခ့ဲပါတယ္။

အဲဒီမွာ ဗီလာရီးရဲလ္ဟာ ဘုိင္ယန္ကို
အသည္းယားစရာေကာင္းေလာက္ေအာင္
လူကၽြံေထာင္ေခ်ာက္ဖမ္းကစားသြားၿပီး အဲဒီျဖစ္ရပ္က
လူမႈမီဒီယာမွာ လူေျပာမ်ားေနပါတယ္။
ဘုိင္ယန္အသင္း ျပစ္ဒဏ္ေဘာရရွိခ်ိန္မွာ

ကင္မစ္ရွ္က အေ၀းတုိင္ေထာင့္နား ကန္တင္ေပးလုိက္ေပမယ့္
ဗီလာရီးရဲလ္အသင္းသားအားလုံး ေရွ႕တက္လာခဲ့ရာ
ဘုိင္ယန္အသင္းသား အနည္းဆုံး ၇ ဦးအထိ
လူကၽြံေဘာျဖစ္ေနခဲ့တာျဖစ္ပါတယ္။
”ဗီလာရီးရဲလ္အသင္းသားေတြရဲ႕လူကၽြံဖမ္းကစားမႈကေတာ့

ေလးစားစရာပဲ။ အမ္မရီရဲ႕ နည္းစနစ္ၾကြယ္၀မႈေပါ့”
”ဗီလာရီးရဲလ္ရဲ႕လူကၽြံဖမ္းကစားမႈက ေကာင္းပါတယ္။
ဒါေပမ့ဲ တစ္ခ်ိန္တည္းမွာပဲ လူကၽြံေထာင္ေခ်ာက္ကို
ရုန္းထြက္ႏိုင္ရင္ဆုိတဲ့ Risk လည္း မ်ားတာေပါ့”
”ဗီလာရီးရဲလ္ရဲ႕ လူကၽြံေထာင္ေခ်ာက္ဖမ္းကစားမႈက

ကၽြန္ေတာ္ျမင္ဖူးသမွ် အေကာင္းဆုံးပဲဗ်ာ”လုိ႔
ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ပါတယ္။