နည်းပြရဲ့ ပြတ်သားစွာသတိပေးခြင်းခံလိုက်ရတဲ့ ပရဟိတအကျိုးတော်ဆောင်ကြီး

မန်ယူအသင်းနည်းပြ ရန်းနစ်ခ်က ရက်ရှ်ဖို့ဒ်အနေနဲ့ ပုံမှန်နေရာရခြင်တယ်ဆိုရင်

ခြေစွမ်းကလည်းပုံမှန်ရှိနေမှဖြစ်မယ်လို့ သတိပေးလိုက်ပါပြီ။

ရက်ရှ်ဖို့ဒ်ဟာ ကစားသမားဘဝမှာအဆိုးဆုံးသောအချိန်နဲ့ကြုံနေရပြီး

ကွင်းထဲမှာအားထုတ်လိုစိတ်မရှိမှု၊ ကစားဖော်စီရော်နယ်ဒို အပေါ်မကျေနပ်မှု၊

အာရုံစူးစိုက်ပုံအားနည်းမှုတွေကြောင့် သူ့ကိုဝေဖန်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်းမန်ယူအတွက်သူကစားခဲ့တဲ့နောက်ဆုံး ၁၁ ပွဲစလုံး

ဂိုးမသွင်းနိုင်တာကြောင့် အခြေအနေပိုဆိုးနေပါတယ်။

ဗီလာနဲ့ အက်ဖ်အေဖလားပွဲမှာလည်း သူဟာဂိုးကန်သွင်းလို့ရနိုင်တဲ့ဘောလုံးကို

အားထုတ်ပြီးမလိုက်တဲ့အတွက်ဝေဖန်မှုတွေကိုခံယူနေရတုန်းပါဘဲ။

ဒါကြောင့်ဒီကနေ့ ဗီလာနဲ့ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာ

သူ့ကိုအရန်အဖြစ်သာတွေ့ရဖို့ရှိနေတာပါ။

အသက် ၂၄ နှစ်ရှိတဲ့ရက်ရှ်ဖို့ဒ်ဟာ လေ့ကျင့်ရေးကွင်းမှာ

ကောင်းစွာလုပ်ပြသူဖြစ်လို့ ရန်းနစ်ခ်ကချီးကျူးခဲ့ပေမယ့်

သူ့ရဲ့ကွင်းအတွင်းအခြေအနေကတော့ ကျေနပ်စရာမရှိဘူးလို့ ဆိုပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကွင်းပြင်ပကသူ့ရဲ့ပရဟိတ အလုပ်တွေနဲ့

အခြားသောလူမှုရေး တွေကိုသာပိုပြီးအာရုံစိုက်နေပုံရပါတယ်။

ဒါပေမယ့်သူ့ပရဟိတ အလုပ်ကတော့သူ့ကိုအကျိုးဖြစ်စေခဲ့ပြီး

ဗြိတိန်ဘုရင်မကြီးပေးအပ်တဲ့ OBE ဘွဲ့ကိုတောင်ရယူနိုင်ခဲ့တာပါ။

ရန်းနစ်ခ်က” ကျွန်တော်က ကစားသမားဖြစ်ခဲ့ပေမယ့် တိုက်စစ်မှူးတော့မဟုတ်ခဲ့ပါဘူး။

ဒါပေမယ့်တိုက်စစ်မှူးတစ်ယောက်အဖို့ ကစားပုံကောင်းပြီး ဂိုးသွင်းနိုင်ဖို့၊

ဖန်တီးမှုတွေလုပ်ပေးနိုင်ဖို့လိုတယ်ဆိုတာကိုတော့ အားလုံးသိကြပါတယ်။

ဒါမျိုးအချိန်အတိုင်းအတာတစ်ရပ်အထိ မလုပ်နိုင်ဘူးဆိုရင်ရင်တော့

လွယ်ကူတော့မှာမဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာဘယ်လောက်ဘဲကြိုးစားပါစေ၊

ကွင်းထဲမှာဘယ်လောက်ဘဲအကောင်းဆုံးကစားပြပါစေ

ကျွန်တော်ပြောခဲ့တာတွေကိုမလုပ်ပြနိုင်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ လေ့ကျင့်ခန်းအနည်းငယ်သာလုပ်ခဲ့ပေမယ့်

ရက်ရှ်ဖို့ဒ်ဟာ အကောင်းဆုံးလုပ်ပြခဲ့တာပါ။

ဒါကြောင့်လည်းသူ့ကိုကျွန်တော့်ဘက်က အမြဲတမ်းကစားခွင့်ပေးခဲ့တာပေါ့။

ဗီလာနဲ့ပွဲမှာ မိနစ် ၂၀ အထိသူ ကစားပုံကောင်းပါသေးတယ်။

ဒါပေမယ့်မိနစ် ၃၀ နောက်ပိုင်းမှာတော့သူဟာ အရင်နာရီဝက်လိုမျိုး

ခွန်အားအပြည့်နဲ့မကစားနိုင်ခဲ့ပါဘူး။

ဒါဟာ အဆင့်မြင့်စွာကစားနိုင်ဖို့ခြေစွမ်းပုံမှန်ရှိဖို့

အခြေခံကျတယ်ဆိုတာကို ပြသလိုက်တာပါဘဲ။

ကျွန်တော်တို့ဆီမှာ ထိပ်တန်းကစားသမားတွေအများကြီးရှိနေပြီး

အသင်းတိုးတက်ဖို့အတွက်အားလုံးအတူလုပ်ဆောင်ကြရမှာပါ” လို့ပြောသွားပါတယ်။

zawgyi

နည္းျပရဲ႕ ျပတ္သားစြာသတိေပးျခင္းခံလိုက္ရတဲ့ ပရဟိတအက်ိဳးေတာ္ေဆာင္ႀကီး

မန္ယူအသင္းနည္းျပ ရန္းနစ္ခ္က ရက္ရွ္ဖို႔ဒ္အေနနဲ႔ ပုံမွန္ေနရာရျခင္တယ္ဆိုရင္

ေျခစြမ္းကလည္းပုံမွန္ရွိေနမွျဖစ္မယ္လို႔ သတိေပးလိုက္ပါၿပီ။

ရက္ရွ္ဖို႔ဒ္ဟာ ကစားသမားဘဝမွာအဆိုးဆုံးေသာအခ်ိန္နဲ႔ႀကဳံေနရၿပီး

ကြင္းထဲမွာအားထုတ္လိုစိတ္မရွိမႈ၊ ကစားေဖာ္စီေရာ္နယ္ဒို အေပၚမေက်နပ္မႈ၊

အာ႐ုံစူးစိုက္ပုံအားနည္းမႈေတြေၾကာင့္ သူ႔ကိုေဝဖန္ေနၾကတာျဖစ္ပါတယ္။

လက္ရွိမွာလည္းမန္ယူအတြက္သူကစားခဲ့တဲ့ေနာက္ဆုံး ၁၁ ပြဲစလုံး

ဂိုးမသြင္းႏိုင္တာေၾကာင့္ အေျခအေနပိုဆိုးေနပါတယ္။

ဗီလာနဲ႔ အက္ဖ္ေအဖလားပြဲမွာလည္း သူဟာဂိုးကန္သြင္းလို႔ရႏိုင္တဲ့ေဘာလုံးကို

အားထုတ္ၿပီးမလိုက္တဲ့အတြက္ေဝဖန္မႈေတြကိုခံယူေနရတုန္းပါဘဲ။

ဒါေၾကာင့္ဒီကေန႔ ဗီလာနဲ႔ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ

သူ႔ကိုအရန္အျဖစ္သာေတြ႕ရဖို႔ရွိေနတာပါ။

အသက္ ၂၄ ႏွစ္ရွိတဲ့ရက္ရွ္ဖို႔ဒ္ဟာ ေလ့က်င့္ေရးကြင္းမွာ

ေကာင္းစြာလုပ္ျပသူျဖစ္လို႔ ရန္းနစ္ခ္ကခ်ီးက်ဴးခဲ့ေပမယ့္

သူ႔ရဲ႕ကြင္းအတြင္းအေျခအေနကေတာ့ ေက်နပ္စရာမရွိဘူးလို႔ ဆိုပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကြင္းျပင္ပကသူ႔ရဲ႕ပရဟိတ အလုပ္ေတြနဲ႔

အျခားေသာလူမႈေရး ေတြကိုသာပိုၿပီးအာ႐ုံစိုက္ေနပုံရပါတယ္။

ဒါေပမယ့္သူ႔ပရဟိတ အလုပ္ကေတာ့သူ႔ကိုအက်ိဳးျဖစ္ေစခဲ့ၿပီး

ၿဗိတိန္ဘုရင္မႀကီးေပးအပ္တဲ့ OBE ဘြဲ႕ကိုေတာင္ရယူႏိုင္ခဲ့တာပါ။

ရန္းနစ္ခ္က” ကြၽန္ေတာ္က ကစားသမားျဖစ္ခဲ့ေပမယ့္ တိုက္စစ္မႉးေတာ့မဟုတ္ခဲ့ပါဘူး။

ဒါေပမယ့္တိုက္စစ္မႉးတစ္ေယာက္အဖို႔ ကစားပုံေကာင္းၿပီး ဂိုးသြင္းႏိုင္ဖို႔၊

ဖန္တီးမႈေတြလုပ္ေပးႏိုင္ဖို႔လိုတယ္ဆိုတာကိုေတာ့ အားလုံးသိၾကပါတယ္။

ဒါမ်ိဳးအခ်ိန္အတိုင္းအတာတစ္ရပ္အထိ မလုပ္ႏိုင္ဘူးဆိုရင္ရင္ေတာ့

လြယ္ကူေတာ့မွာမဟုတ္ပါဘူး။ ေလ့က်င့္ေရးကြင္းမွာဘယ္ေလာက္ဘဲႀကိဳးစားပါေစ၊

ကြင္းထဲမွာဘယ္ေလာက္ဘဲအေကာင္းဆုံးကစားျပပါေစ

ကြၽန္ေတာ္ေျပာခဲ့တာေတြကိုမလုပ္ျပႏိုင္ရင္ေတာ့ ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ပတ္အတြင္းမွာ ေလ့က်င့္ခန္းအနည္းငယ္သာလုပ္ခဲ့ေပမယ့္

ရက္ရွ္ဖို႔ဒ္ဟာ အေကာင္းဆုံးလုပ္ျပခဲ့တာပါ။

ဒါေၾကာင့္လည္းသူ႔ကိုကြၽန္ေတာ့္ဘက္က အၿမဲတမ္းကစားခြင့္ေပးခဲ့တာေပါ့။

ဗီလာနဲ႔ပြဲမွာ မိနစ္ ၂၀ အထိသူ ကစားပုံေကာင္းပါေသးတယ္။

ဒါေပမယ့္မိနစ္ ၃၀ ေနာက္ပိုင္းမွာေတာ့သူဟာ အရင္နာရီဝက္လိုမ်ိဳး

ခြန္အားအျပည့္နဲ႔မကစားႏိုင္ခဲ့ပါဘူး။

ဒါဟာ အဆင့္ျမင့္စြာကစားႏိုင္ဖို႔ေျခစြမ္းပုံမွန္ရွိဖို႔

အေျခခံက်တယ္ဆိုတာကို ျပသလိုက္တာပါဘဲ။

ကြၽန္ေတာ္တို႔ဆီမွာ ထိပ္တန္းကစားသမားေတြအမ်ားႀကီးရွိေနၿပီး

အသင္းတိုးတက္ဖို႔အတြက္အားလုံးအတူလုပ္ေဆာင္ၾကရမွာပါ” လို႔ေျပာသြားပါတယ္။