မက်ဆီရဲ့ အသီးအပွင့်တွေကိုခံစားနေရတဲ့ PSG

မက်ဆီဟာ ပဲရစ်မှာ ၅ လတာပဲရှိသေးသလို ၁၆ ပွဲမှာ ၆ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပြီး

နေရာသစ်မှာ အခြေတည်ကာစပဲ ရှိပါသေးတယ်။

ဒါပေမဲ့ သူ့ရဲ့ကွင်းပြင်ပသက်ရောက်မှုကတော့ ကြီးမားခဲ့ပြီး

သူ့ကြောင့် ပီအက်စ်ဂျီဟာ စပွန်ဆာသစ် ၈ ခုရခဲ့သလို

အခြေားစပွန်ဆာစာချုပ်တွေကိုလည်း သက်တမ်းတိုးနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ မက်ဆီအတွက် စာချုပ်အရ ယူရိုသန်း ၈၀ ကုန်ကျမှာဖြစ်ပေမယ့်

အခုကတည်းက မက်ဆီကို ခေါ်ယူနိုင်ခဲ့တဲ့အသီးအပွင့်တွေကို ခံစားနေရပါတယ်။

”၂၀၂၁ က ကျွန်တော်တို့ရဲ့ဝင်ငွေဟာ သိသိသာသာကို တိုးလာမှာပါ။

၂၀၂၀ တုန်းကထက် ၁၀ ရာခိုင်နှုန်းပိုလာမှာဖြစ်တယ်။

မက်ဆီဟာ ကိုပါအမေရိကမှာ အကောင်းဆုံးပုံစံရှိခဲ့တယ်။

ချန်ပီယံလိဂ်မှာလည်း အဲဒါကို သူပြထားပြီးပါပြီ။

ဒါပေမဲ့ သူတစ်ယောက်တည်းမဟုတ်ဘဲ ဒွန်နာရမ်မာ၊ ဟာကီမီနဲ့

အမ်ဘက်ပီတို့လည်း ရှိနေကြတယ်”လို့ ပီအက်စ်ဂျီအသင်းစပွန်ဆာဒါရိုက်တာ

မက်အမ်းစထရောင်းက ဆိုပါတယ်။

ပီအက်စ်ဂျီဟာ ၂၀၂၀ တုန်းက ကြော်ငြာဝင်ငွေ ယူရို ၂၃၅ သန်းခန့်ရခဲ့ပြီး

အဲဒါဟာ စုစုပေါင်းဝင်ငွေရဲ့ ၅၄ ရာခိုင်နှုန်းရှိပါတယ်။

အဲဒီကိန်းဂဏန်းအရေအတွက်ဟာ ၂၀၂၁ မှာလည်း တိုးလာဖို့ ရှိနေတာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ မှာ မက်ဆီကို ခေါ်ယူနိုင်ပြီးကတည်းက

ပီအက်စ်ဂျီဟာ စပွန်ဆာသစ် ၈ ခုနဲ့ သဘောတူညီမှု ယူနိုင်ခဲ့ပါတယ်။

Nike က တစ်နှစ်ကို ယူရို ၇၅ သန်းနဲ့ ပီအက်စ်ဂျီကို အနည်းဆုံး

၂၀၃၂ ထိ ဝတ်စုံစပွန်ဆာဆက်ပေးဦးမှာဖြစ်ပြီး ကိုကာကိုလာအချိုရည်ကလည်း

၂၀၂၄ အထိ စပွန်ဆာစာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီရောက်လာပြီးကတည်းက ဆိုရှယ်မီဒီယာမှာ

ပီအက်စ်ဂျီရဲ့ follower အရေအတွက်ဟာ ၁၅ သန်းခန့်တိုးလာပါတယ်။

ဈေးကွက်အတွင်း ကိန်းဂဏန်းတွေအရလည်း ပီအက်စ်ဂျီဟာ

၂၀၂၁ မှာ အင်္ကျီ တစ်သန်းကျော်ရောင်းခဲ့ရပြီး အဲဒါက အရင်နှစ်တွေကထက်

အတော်လေးပိုများခဲ့ကာ အဲဒီမှာ မက်ဆီကြောင့်

တိုးလာမှုက ၃၀ ကနေ ၄၀ ရာခိုင်နှုန်းရှိပါတယ်။

zawgyi

မက္ဆီရဲ႕ အသီးအပြင့္ေတြကိုခံစားေနရတဲ့ PSG

မက္ဆီဟာ ပဲရစ္မွာ ၅ လတာပဲရွိေသးသလို ၁၆ ပြဲမွာ ၆ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးၿပီး

ေနရာသစ္မွာ အေျခတည္ကာစပဲ ရွိပါေသးတယ္။

ဒါေပမဲ့ သူ႔ရဲ႕ကြင္းျပင္ပသက္ေရာက္မႈကေတာ့ ႀကီးမားခဲ့ၿပီး

သူ႔ေၾကာင့္ ပီအက္စ္ဂ်ီဟာ စပြန္ဆာသစ္ ၈ ခုရခဲ့သလို

အေျခားစပြန္ဆာစာခ်ဳပ္ေတြကိုလည္း သက္တမ္းတိုးႏိုင္ခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ မက္ဆီအတြက္ စာခ်ဳပ္အရ ယူ႐ိုသန္း ၈၀ ကုန္က်မွာျဖစ္ေပမယ့္

အခုကတည္းက မက္ဆီကို ေခၚယူႏိုင္ခဲ့တဲ့အသီးအပြင့္ေတြကို ခံစားေနရပါတယ္။

”၂၀၂၁ က ကြၽန္ေတာ္တို႔ရဲ႕ဝင္ေငြဟာ သိသိသာသာကို တိုးလာမွာပါ။

၂၀၂၀ တုန္းကထက္ ၁၀ ရာခိုင္ႏႈန္းပိုလာမွာျဖစ္တယ္။

မက္ဆီဟာ ကိုပါအေမရိကမွာ အေကာင္းဆုံးပုံစံရွိခဲ့တယ္။

ခ်န္ပီယံလိဂ္မွာလည္း အဲဒါကို သူျပထားၿပီးပါၿပီ။

ဒါေပမဲ့ သူတစ္ေယာက္တည္းမဟုတ္ဘဲ ဒြန္နာရမ္မာ၊ ဟာကီမီနဲ႔

အမ္ဘက္ပီတို႔လည္း ရွိေနၾကတယ္”လို႔ ပီအက္စ္ဂ်ီအသင္းစပြန္ဆာဒါ႐ိုက္တာ

မက္အမ္းစထေရာင္းက ဆိုပါတယ္။

ပီအက္စ္ဂ်ီဟာ ၂၀၂၀ တုန္းက ေၾကာ္ျငာဝင္ေငြ ယူ႐ို ၂၃၅ သန္းခန႔္ရခဲ့ၿပီး

အဲဒါဟာ စုစုေပါင္းဝင္ေငြရဲ႕ ၅၄ ရာခိုင္ႏႈန္းရွိပါတယ္။

အဲဒီကိန္းဂဏန္းအေရအတြက္ဟာ ၂၀၂၁ မွာလည္း တိုးလာဖို႔ ရွိေနတာပါ။

ၿပီးခဲ့တဲ့ ၾသဂုတ္ ၁၀ မွာ မက္ဆီကို ေခၚယူႏိုင္ၿပီးကတည္းက

ပီအက္စ္ဂ်ီဟာ စပြန္ဆာသစ္ ၈ ခုနဲ႔ သေဘာတူညီမႈ ယူႏိုင္ခဲ့ပါတယ္။

Nike က တစ္ႏွစ္ကို ယူ႐ို ၇၅ သန္းနဲ႔ ပီအက္စ္ဂ်ီကို အနည္းဆုံး

၂၀၃၂ ထိ ဝတ္စုံစပြန္ဆာဆက္ေပးဦးမွာျဖစ္ၿပီး ကိုကာကိုလာအခ်ိဳရည္ကလည္း

၂၀၂၄ အထိ စပြန္ဆာစာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။

ဒါ့အျပင္ မက္ဆီေရာက္လာၿပီးကတည္းက ဆိုရွယ္မီဒီယာမွာ

ပီအက္စ္ဂ်ီရဲ႕ follower အေရအတြက္ဟာ ၁၅ သန္းခန႔္တိုးလာပါတယ္။

ေဈးကြက္အတြင္း ကိန္းဂဏန္းေတြအရလည္း ပီအက္စ္ဂ်ီဟာ

၂၀၂၁ မွာ အက်ႌ တစ္သန္းေက်ာ္ေရာင္းခဲ့ရၿပီး အဲဒါက အရင္ႏွစ္ေတြကထက္

အေတာ္ေလးပိုမ်ားခဲ့ကာ အဲဒီမွာ မက္ဆီေၾကာင့္ တိုးလာမႈက ၃၀ ကေန ၄၀ ရာခိုင္ႏႈန္းရွိပါတယ္။