
အခုရာသီအစမှာ နည်းပြပိုချက်တီနိုရဲ့အကြီးဆုံးဆုံးဖြတ်ချက်တွေထဲက
တစ်ခုကတော့ ကေလာနာဗက်စ်နဲ့ဒွန်နာရမ်မာတို့ကြား ပွဲထွက်ဂိုးသမားနေရာ
ရွေးချယ်ရတာဖြစ်ပြီး အဲဒါဟာ အခုချိန်ထိ အငြင်းပွားဖွယ်တစ်ခုလည်း ဖြစ်နေခဲ့ပါတယ်။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာရောက်လာခဲ့ပေမယ့်
ပွဲထွက်နေရာအတွက် နာဗက်စ်ကို မကျော်နိုင် ဖြစ်နေပါတယ်။
အဲဒီကော်စတာရီကာဂိုးသမားဟာ ဒီရာသီလီဂူုးမှာ ၆ ပွဲနဲ့ ချန်ပီယံလိဂ်မှာ
၂ ပွဲကစားခွင့်ရထားပြီး အဲဒီမှာ ၆ ဂိုးသာပေးခဲ့ရကာ ဂိုးမပေးရပွဲ ၂ ပွဲပါဝင်ခဲ့ပါတယ်။
ဒွန်နာရမ်မာကတော့ လီဂူးမှာ ၄ ပွဲနဲ့ ချန်ပီယံလိဂ်မှာ ၁ ပွဲသာ ကစားခွင့်ရထားပါတယ်။
ဒါကြောင့်လည်း ဒွန်နာရမ်မာရဲ့အေးဂျင့်ဖြစ်တဲ့ရိုင်အိုလာဟာ သူ့ကစားသမား
ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့်အသင်းကို ရှာဖွေနေတယ်လို့ အီတလီသတင်းတစ်ရပ်က
ဖော်ပြလိုက်ပါတယ်။ လောလောဆယ်မှာတော့ နာဗက်စ်ဟာ ပီအက်စ်ဂျီနည်းပြ
ပိုချက်တီနိုနဲ့ သူ့အသင်းဖော်တွေရဲ့ယုံကြည်မှုကို ရရှိထားပါတယ်။
ဒီ့အတွက် ဒွန်နာရမ်မာဟာ အရန်ခုံထိုင်နေရပြီး ပွဲထွက်နေရာအတွက်
တိုက်ပွဲဝင်နေရပါတယ်။ နာမည်ကြီးအေးဂျင့်ရွိုင်အိုလာကတော့
”ပီအက်စ်ဂျီက ဒွန်နာရမ်မာနဲ့နာဗက်စ်တို့ ကြား ဘာပြသနာမှ မရှိပါဘူး။
ဒွန်နာရမ်မာဟာ ကစားရမှာပါ”လို့ ပြီးခဲ့တဲ့လက အီတလီသတင်းဌာနတစ်ခုကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ရာသီမကုန်ခင်အထိ အခြေအနေမပြောင်းလဲဘူးဆိုရင်
ဒွန်နာရမ်မာရဲ့ပီအက်စ်ဂျီကစားသမားဘဝဟာ တိုတောင်းနိုင်ပါတယ်။
ဒွန်နာရမ်မာဟာ ဂျူဗင်တပ် ဒါမှမဟုတ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့
ရည်မှန်းနေတယ်လို့လည်း မကြာသေးခင်ရက်ပိုင်းက သတင်းထွက်ခဲ့ပါသေးတယ်။
zawgyi
PSG ပြဲထြက္ဂိုးသမားေနရာေ႐ြးခ်ယ္ရတာ နည္းျပရဲ႕အႀကီးဆုံးဆုံးျဖတ္ခ်က္ေတြထဲက တစ္ခုျဖစ္ေန
အခုရာသီအစမွာ နည္းျပပိုခ်က္တီႏိုရဲ႕အႀကီးဆုံးဆုံးျဖတ္ခ်က္ေတြထဲက
တစ္ခုကေတာ့ ေကလာနာဗက္စ္နဲ႔ဒြန္နာရမ္မာတို႔ၾကား ပြဲထြက္ဂိုးသမားေနရာ
ေ႐ြးခ်ယ္ရတာျဖစ္ၿပီး အဲဒါဟာ အခုခ်ိန္ထိ အျငင္းပြားဖြယ္တစ္ခုလည္း ျဖစ္ေနခဲ့ပါတယ္။
ဒြန္နာရမ္မာဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာေရာက္လာခဲ့ေပမယ့္
ပြဲထြက္ေနရာအတြက္ နာဗက္စ္ကို မေက်ာ္ႏိုင္ ျဖစ္ေနပါတယ္။
အဲဒီေကာ္စတာရီကာဂိုးသမားဟာ ဒီရာသီလီဂူုးမွာ ၆ ပြဲနဲ႔ ခ်န္ပီယံလိဂ္မွ
ာ ၂ ပြဲကစားခြင့္ရထားၿပီး အဲဒီမွာ ၆ ဂိုးသာေပးခဲ့ရကာ ဂိုးမေပးရပြဲ ၂ ပြဲပါဝင္ခဲ့ပါတယ္။
ဒြန္နာရမ္မာကေတာ့ လီဂူးမွာ ၄ ပြဲနဲ႔ ခ်န္ပီယံလိဂ္မွာ ၁ ပြဲသာ ကစားခြင့္ရထားပါတယ္။
ဒါေၾကာင့္လည္း ဒြန္နာရမ္မာရဲ႕ေအးဂ်င့္ျဖစ္တဲ့႐ိုင္အိုလာဟာ သူ႔ကစားသမား
ပုံမွန္ပြဲထြက္ခြင့္ရႏိုင္မယ့္အသင္းကို ရွာေဖြေနတယ္လို႔ အီတလီသတင္းတစ္ရပ္က
ေဖာ္ျပလိုက္ပါတယ္။ ေလာေလာဆယ္မွာေတာ့ နာဗက္စ္ဟာ ပီအက္စ္ဂ်ီနည္းျပ
ပိုခ်က္တီႏိုနဲ႔ သူ႔အသင္းေဖာ္ေတြရဲ႕ယုံၾကည္မႈကို ရရွိထားပါတယ္။
ဒီ့အတြက္ ဒြန္နာရမ္မာဟာ အရန္ခုံထိုင္ေနရၿပီး ပြဲထြက္ေနရာအတြက္
တိုက္ပြဲဝင္ေနရပါတယ္။ နာမည္ႀကီးေအးဂ်င့္႐ြိဳင္အိုလာကေတာ့
”ပီအက္စ္ဂ်ီက ဒြန္နာရမ္မာနဲ႔နာဗက္စ္တု႔ိၾကား ဘာျပသနာမွ မရွိပါဘူး။
ဒြန္နာရမ္မာဟာ ကစားရမွာပါ”လို႔ ၿပီးခဲ့တဲ့လက အီတလီသတင္းဌာနတစ္ခုကို ေျပာခဲ့ပါတယ္။
ဒါေပမဲ့ ရာသီမကုန္ခင္အထိ အေျခအေနမေျပာင္းလဲဘူးဆိုရင္
ဒြန္နာရမ္မာရဲ႕ပီအက္စ္ဂ်ီကစားသမားဘဝဟာ တိုေတာင္းႏိုင္ပါတယ္။
ဒြန္နာရမ္မာဟာ ဂ်ဴဗင္တပ္ ဒါမွမဟုတ္ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔
ရည္မွန္းေနတယ္လို႔လည္း မၾကာေသးခင္ရက္ပိုင္းက သတင္းထြက္ခဲ့ပါေသးတယ္။