Prime နက်စတာအဖြစ် ပြောင်းလဲကာ မက်ဆီကို တိကျစွာဖျက်ထုတ်နိုင်ခဲ့တဲ့ မိုဒရစ်

ရီးရဲလ်ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ဟာ

ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်
၁၆သင်းအဆင့် ဒု-အကျော့ပွဲမှာ
အီတလီဂန္ထဝင်နောက်ခံလူ အလက်ဇန်ဒရိုနက်စတာအဖြစ်
ပြောင်းလဲပြီး ပြိုင်ဘက်တိုက်စစ်မှူး မက်ဆီကို
ဟာကွက်မရှိတဲ့ ဖျက်ထုတ်မှုနဲ့ တားဆီးနိုင်ခဲ့ပါတယ်။

ရီးရဲလ်ဟာ တိုက်စစ်မှူး ဘန်ဇီးမားရဲ့
ဒုတိယပိုင်း ဟက်ထရစ်သွင်းဂိုးကြောင့်
ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ်ကျော်ဖြတ်ကာ
နှစ်ကျော့ပေါင်း ၃-၂ ဂိုးရလဒ်နဲ့
ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။


ရီးရဲလ်ကို ရောက်မယ်လို့ သတင်းတွေထွက်နေတဲ့
ဘာပေက ပထမပိုင်းမှာ ပီအက်စ်ဂျီအတွက်
ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပြင်သစ်ကလပ်ဟာ

နှစ်ကျော့ပေါင်း ၂-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
အသက် ၃၆ နှစ်ရှိနေပြီဖြစ်တဲ့ မိုဒရစ်ဟာ
ရီးရဲလ်ရဲ့ Comeback မှာ အဓိကနေရာကနေ
ပါဝင်ခဲ့ပြီး ဘန်ဇီးမားရဲ့ဒုတိယဂိုးအတွက်
Build-up လုပ်ရာမှာ ပါဝင်ခဲ့ပါတယ်။

ဘန်ဇီးမားက ရီးရဲလ်အတွက် ချေပဂိုး
သွင်းယူပြီးချိန်မှာ မိုဒရစ်ဟာ မက်ဆီကို
ကွက်တိဖျက်ထုတ်ကာ ပီအက်စ်ဂျီအသင်း
တန်ပြန်တိုက်စစ်ဆင်လာမှုကို အကောင်းဆုံးတားဆီးနိုင်ခဲ့ပါတယ်။


ပွဲချိန် ၇၃ မိနစ်မှာ မက်ဆီက
ပီအက်စ်ဂျီကွင်းတစ်ဝက်လောက်ကနေ
တစ်ယောက်တည်း ဆွဲပြေးလာပြီး
တန်ပြန်တိုက်စစ်ကနေ ဦးဆောင်ဂိုး

သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ မိုဒရစ်က အသက် ၃၆ နှစ်လို့
မထင်ရလောက်အောင် အမြန်ဆုံးပြေးလာပြီး
အေစီမီလန်ဂန္ထဝင်နောက်ခံလူ နက်စတာအဖြစ်
ပြောင်းလဲကာ ပြစ်ဒဏ်ဘောလည်းမဖြစ်၊

ဘောလုံးလည်း ဘေးထွက်ဘောဖြစ်သွားအောင်
အကောင်းဆုံးဖျက်ထုတ်လိုက်တာဖြစ်ပါတယ်။
”သိပ်အံ့အားသင့်စရာကောင်းတဲ့ကစားသမားပဲ။
သူ့အသက်အရွယ်နဲ့ ကွင်းလယ်မှာ
အတောက်ပဆုံးဖြစ်နေဆဲပါ”

”မိုဒရစ်ရဲ့ကြီးကျယ်တဲ့ဖျက်ထုတ်မှု၊
မက်ဆီရဲ့ ပရိုဆန်တဲ့ တုံ့ပြန်မှုတွေပါ။
မက်ဆီက လူကိုမထိတဲ့အတွက်
အေးဆေးပြန်ထလာပါတယ်။ သူ့နေရာမှာ
တခြားကစားသမားတွေဆို မြက်ခင်းပေါ်

၂ပတ်၊ ၃ပတ်လောက် လူးလှိမ့်ပြီး
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားသလို လုပ်ပြနေဦးမယ်”
”မိုဒရစ်ရဲ့ဖျက်ထုတ်မှုက သိပ်ကောင်းလွန်းပါတယ်။
မက်ဆီတောင် လေးစားရတဲ့ဖျက်ထုတ်မှုပါ”လို့
ပရိသတ်တွေက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။