Papa John’s ဖလားလုပွဲစဉ်အစမှာတင် စီနီယာအသင်းတစ်သင်းကို ယူနိုက်တက် ယူ-၂၁ တို့နဖူးတောက်ခဲ့ချိန် ဂါနာချိုကလည်းတန်ဟတ်အာရုံကို ဖမ်းစားခဲ့

ဒီတစ်ပတ်မှာ အင်္ဂလန် အသက်(၂၁)နှစ်အောက် လူငယ်တွေယှဉ်ပြိုင်ကြတဲ့

Papa John’s Trophy ဖလားပွဲစဉ်တွေ စတင်လာခဲ့ပါတယ်။

ယူနိုက်တက် ယူ-၂၁ အသင်းဟာလည်း အုပ်စု(ဆ)မှာ ကျရောက်ခဲ့ပြီး

ကာလီဆေး အသင်းနဲ့ ရင်ဆိုင်ခဲ့ကာ (၁-၂) ရလဒ်နဲ့ ယူနိုက်တက်လူငယ်တို့အနိုင်ရရှိသွားခဲ့ပါတယ်။

Brunton Park မှာကစားခဲ့တဲ့ ဒီပွဲကို ယူနိုက်တက်ပရိသတ်(၄၅၀)အထိ လာကြည့်ခဲ့ပြီး

ယူနိုက်တက်အသင်းက လူငယ်ကစားသမားတွေဖြစ်တဲ့ ချာလီမက်နေးလ်၊ အိုမာရီဖော်ဆန်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာလည်း လူငယ်အသင်းမှာပါဝင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

သူ့ရဲ့ခြေစွမ်းကို ပရိသတ်တွေသာမက နည်းပြအဲရစ်တန်ဟက်ကိုယ်တိုင် ချီးကျူးရတဲ့အထိ ကစားနိုင်ခဲ့ပါတယ်။

အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဂါနာချိုဟာ

သူ့ရဲ့ဘောလုံးစွမ်းရည်ပြသပြီးတော့ အသင်းဖော်မက်နေးလ် အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တာပါ။

ဒီနိုင်ပွဲဟာ ယူနိုက်တက်လူငယ်တွေအတွက်တော့ အမှတ်ရနေမယ့် နိုင်ပွဲတစ်ခုဖြစ်ခဲ့မှာလည်းဖြစ်ပါတယ်။

အကြောင်းကတော့ တစ်ဖက်ယှဉ်ပြိုင်ဘက်ဖြစ်တဲ့ ကာလီဆေး အသင်းကတော့ လူငယ်အသင်းမဟုတ်ပဲ စီနီယာအသင်းဖြစ်နေတာကြောင့်ပါပဲ။

ဒါကြောင့်လည်း ယူနိုက်တက် ယူ-၂၁ လူငယ်အသင်းဟာ စီနီယာအသင်းကြီးတစ်သင်းနဲ့

ယှဉ်ပြိုင်ခဲ့ရတာဖြစ်ခဲ့ပြီး အနိုင်ရရှိဖို့ အသင်းလိုက်စုစည်းမှုနဲ့ ခက်ခက်ခဲခဲ ကြိုးစားသွားခဲ့ရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူ-၁၈ (၁)နှစ်တာအကောင်းဆုံးလူငယ်ဘောလုံးသမားဆုရရှိခဲ့သူ ဂါနာချိုဟာ

ရာသီကြိုခြေစမ်းပွဲအဖြစ် ဗယ်လက်ကာနိုနဲ့ကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်စီနီယာအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး

နည်းပြအဲရစ်တန်ဟက်ကိုယ်တိုင် ချီးကျူးရတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်

ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ သူဟာ လူစာရင်းမှာရွေးချယ်ခံခဲ့ရတဲ့အခြေအနေမှာပဲရှိနေသေးပြီး တစ်ပွဲမှ ပါဝင်ကစားခွင့်မရသေးပါဘူး။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က အေဂျက်စ်တိုက်စစ်ကစားသမား အန်တိုနီကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့်

ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ အီလန်ဂါတို့ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ဂါနာချိုအတွက် နေရာတစ်ခုရဖို့ အချိန်ယူရမှာဖြစ်ပေမယ့်

သူ့ရဲ့လက်ရှိခြေစွမ်းကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် စီနီယာအသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့က သိပ်မကြာတော့ဘူးလို့ ပြောရမှာပါ။

zawgyi

Papa John’s ဖလားလုပြဲစဥ္အစမွာတင္ စီနီယာအသင္းတစ္သင္းကို ယူႏိုက္တက္ ယူ-၂၁ တို႔နဖူးေတာက္ခဲ့ခ်ိန္

ဂါနာခ်ိဳကလည္းတန္ဟတ္အာ႐ုံကို ဖမ္းစားခဲ့

ဒီတစ္ပတ္မွာ အဂၤလန္ အသက္(၂၁)ႏွစ္ေအာက္ လူငယ္ေတြယွဥ္ၿပိဳင္ၾကတဲ့

Papa John’s Trophy ဖလားပြဲစဥ္ေတြ စတင္လာခဲ့ပါတယ္။

ယူႏိုက္တက္ ယူ-၂၁ အသင္းဟာလည္း အုပ္စု(ဆ)မွာ က်ေရာက္ခဲ့ၿပီး

ကာလီေဆး အသင္းနဲ႔ ရင္ဆိုင္ခဲ့ကာ (၁-၂) ရလဒ္နဲ႔ ယူႏိုက္တက္လူငယ္တို႔အႏိုင္ရရွိသြားခဲ့ပါတယ္။

Brunton Park မွာကစားခဲ့တဲ့ ဒီပြဲကို ယူႏိုက္တက္ပရိသတ္(၄၅၀)အထိ လာၾကည့္ခဲ့ၿပီး

ယူႏိုက္တက္အသင္းက လူငယ္ကစားသမားေတြျဖစ္တဲ့ ခ်ာလီမက္ေနးလ္၊ အိုမာရီေဖာ္ဆန္တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ရခဲ့ပါတယ္။

ယူႏိုက္တက္လူငယ္တိုက္စစ္ကစားသမား ဂါနာခ်ိဳဟာလည္း လူငယ္အသင္းမွာပါဝင္ခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

သူ႔ရဲ႕ေျခစြမ္းကို ပရိသတ္ေတြသာမက နည္းျပအဲရစ္တန္ဟက္ကိုယ္တိုင္ ခ်ီးက်ဴးရတဲ့အထိ ကစားႏိုင္ခဲ့ပါတယ္။

အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဘယ္ေတာင္ပံတိုက္စစ္ကစားသမား ဂါနာခ်ိဳဟာ

သူ႔ရဲ႕ေဘာလုံးစြမ္းရည္ျပသၿပီးေတာ့ အသင္းေဖာ္မက္ေနးလ္ အဖြင့္ဂိုးသြင္းႏိုင္ေအာင္ ဖန္တီးေပးခဲ့တာပါ။

ဒီႏိုင္ပြဲဟာ ယူႏိုက္တက္လူငယ္ေတြအတြက္ေတာ့ အမွတ္ရေနမယ့္ ႏိုင္ပြဲတစ္ခုျဖစ္ခဲ့မွာလည္းျဖစ္ပါတယ္။

အေၾကာင္းကေတာ့ တစ္ဖက္ယွဥ္ၿပိဳင္ဘက္ျဖစ္တဲ့ ကာလီေဆး အသင္းကေတာ့ လူငယ္အသင္းမဟုတ္ပဲ စီနီယာအသင္းျဖစ္ေနတာေၾကာင့္ပါပဲ။

ဒါေၾကာင့္လည္း ယူႏိုက္တက္ ယူ-၂၁ လူငယ္အသင္းဟာ စီနီယာအသင္းႀကီးတစ္သင္းနဲ႔

ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ခဲ့ၿပီး အႏိုင္ရရွိဖို႔ အသင္းလိုက္စုစည္းမႈနဲ႔ ခက္ခက္ခဲခဲ ႀကိဳးစားသြားခဲ့ရတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ယူ-၁၈ (၁)ႏွစ္တာအေကာင္းဆုံးလူငယ္ေဘာလုံးသမားဆုရရွိခဲ့သူ ဂါနာခ်ိဳဟာ

ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ဗယ္လက္ကာႏိုနဲ႔ကစားခဲ့တဲ့ပြဲမွာ ယူႏိုက္တက္စီနီယာအသင္းအတြက္ ပြဲထြက္ခြင့္ရခဲ့ၿပီး

နည္းျပအဲရစ္တန္ဟက္ကိုယ္တိုင္ ခ်ီးက်ဴးရတဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္

ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ သူဟာ လူစာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရတဲ့အေျခအေနမွာပဲရွိေနေသးၿပီး တစ္ပြဲမွ ပါဝင္ကစားခြင့္မရေသးပါဘူး။

ယူႏိုက္တက္အသင္းဟာ မၾကာေသးခင္က ေအဂ်က္စ္တိုက္စစ္ကစားသမား အန္တိုနီကို ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္

ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ အီလန္ဂါတို႔ရွိေနတဲ့ တိုက္စစ္ပိုင္းမွာ ဂါနာခ်ိဳအတြက္ ေနရာတစ္ခုရဖို႔ အခ်ိန္ယူရမွာျဖစ္ေပမယ့္

သူ႔ရဲ႕လက္ရွိေျခစြမ္းကိုသာ ဆက္ထိန္းႏိုင္မယ္ဆိုရင္ စီနီယာအသင္းမွာ ပြဲထြက္ကစားခြင့္ရဖို႔က သိပ္မၾကာေတာ့ဘူးလို႔ ေျပာရမွာပါ။