အင်္ဂလန်အသင်း အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့

June 23, 2021 author one 0

ယူရိုအုပ်စု(D)နောက်ဆုံးပွဲတွေအဖြစ် အင်္ဂလန်နဲ့ချက်၊ စကော့တလန်နဲ့ ခရိုအေးရှားအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး အင်္ဂလန်အသင်းက (၁-ဝ)ဂိုး၊ ခရိုအေးရှားအသင်းက စကော့တလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်ခဲ့သလို ခရိုအေးရှားက အုပ်စုဒုတိယ၊ ချက်အသင်းက အကောင်းဆုံးအုပ်စုတတိယနေရာတွေနဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်လှမ်းခဲ့ကြပါတယ်။ အင်္ဂလန်နဲ့ချက်အသင်းတို့ရဲ့ပွဲမှာ အင်္ဂလန်အသင်းက စတာလင်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူပြီး (၃)ပွဲကစား၊ (၂)ပွဲနိုင်၊(၁)ပွဲသရေ ရှုံးပွဲမရှိခဲ့ဘဲ […]

ရူးလောက်တဲ့ကန်ချက်နဲ့ လက်တွေ့ပြသသွားတဲ့ မိုဒရစ်

June 23, 2021 author one 0

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ စကော့တလန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ တစ်ဦးချင်းစွမ်းရည်အပြည့်နဲ့ဂိုးသွင်းပြပြီး ဘောလုံးမျက်လှည့်ဆရာတစ်ဦးအဖြစ် ရပ်တည်နေဆဲဆိုတာ သက်သေပြသွားပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် နိုင်တဲ့အသင်း နောက်တစ်ဆင့်တက်မယ့်ပွဲမို့ နှစ်သင်းစလုံး ဖွင့်ကစားခဲ့ပြီး ပထမပိုင်းအပြီးမှာ ၁-၁ ဂိုးသရေကျနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၆၂ မိနစ်မှာတော့ မိုဒရစ်က အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေတဲ့ကန်ချက်နဲ့အတူ ခရိုအေးရှားအတွက် ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။ […]

ယူနိုက်တက်အသင်းကို နည်းပြအနေနဲ့ ရင်ဆိုင်သွားဖို့ မစောင့်နေချင်တော့ဘူးလို့ပြောလာတဲ့ ရူနီ

June 23, 2021 author one 0

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေထဲမှာ ဝိန်းရွန်းနီ နည်းပြနေတဲ့ ဒါဘီကောင်တီအသင်းနဲ့လည်း ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပြီး ခြေစမ်းပွဲစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ကစားမယ်လို့ကြေငြာထားပါတယ်။ ရူနီဟာ အမေရိကန်ကလပ် ဒီစီယူနိုက်တက်အသင်းကနေ ဒီချန်ပီယံရှစ်ကလပ်ကို ၂၀၂၀ ဘောလုံးရာသီမှာ […]

ယူနိုက်တက်နဲ့ ကစားရမယ့် ရာသီကြိုပွဲစဥ်အပေါ် စိတ်လှုပ်ရှားနေတဲ့ ဝိန်း ရွန်းနီ

June 23, 2021 author one 0

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကြို ပထမဆုံးခြေစမ်း ပွဲစဥ်မှာ ဝိန်းရွန်းနီ ဒါဘီကောင်တီ အသင်းနဲ့ ကစားဖို့ စီစဥ်ထားပါတယ်။ ယူနိုက်တက်က လာမယ့် ဇူလိုင် ( ၁၈ ) ရက်နေ့မှာ အသင်းရဲ့ ဂန္တဝင် ကစားသမားဝိန်းရွန်းနီက ပြီးခဲ့တဲ့ နှစ်အတွင်း အမြဲတမ်းနည်းပြအဖြစ် စတင် တာဝန်ယူကိုင်တွယ်နေတဲ့ […]

လုခ်ရှောကသာ ယူနိုက်တက် အသင်းခေါင်းဆောင် နေရာမှာ ရှိသင့်တယ်လို့ ဝိန်းရူနီက ပြော

June 23, 2021 author one 0

ယူနိုက်တက်အသင်းမှာ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်နေရာမှာ ရှိမနေသင့်ဘူးလို့ ဝိန်းရူနီက ပြောကြားခဲ့ပြီး။ လက်ရှိကစားသမားတွေထဲမှာ လုခ်ရှောကသာ အသင်းခေါင်းဆောင် နေရာမှာ ရှိသင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ခေါင်းဆောင်ဟောင်း ဝိန်းရူနီဟာ နည်းပြဖာဂူဆန်လက်ထက်မှာ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့သလို ဂန္တဝင်ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။ ဖာဂူဆန်အနားယူသွားခဲ့ပြီးနောက်ပိုင်း နည်းပြတွေနဲ့အချိန်မှာလည်း သူဟာ တိုက်စစ်မှူးတစ်ဦးအနေနဲ့သာမက […]

ကိုဗစ် Positive ဖြစ်ခဲ့တဲ့ ဂီလ်မောနဲ့ ဖက်လဲတကင်းစကားပြောဆိုသွားတာကြောင့် Quarantine ဝင်ရမယ့် မေဆင်မောင့်နဲ့ ချီဝဲလ်

June 22, 2021 author one 0

အင်္ဂလန်အသင်းကစားသမားနှစ်ဦးဖြစ်တဲ့ ကွင်းလယ်လူမေဆင်မောင့်နဲ့ နောက်ခံလူ ချီဝဲလ်တို့ဟာ မကြာသေးခင်က ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတဲ့ စကော့တလန်ကစားသမား ဂီလ်မောနဲ့ထိတွေ့မိခဲ့တာကြောင့် တစ်ဦးတည်းသီးသန့် (၁၀)ရက်ကြာနေထိုင်ရတော့မှာဖြစ်ပြီး ဒီနေ့ကစားမယ့် ချက်အသင်းနဲ့ အုပ်စုပွဲကို လွဲချော်ဖို့သေချာသွားပါပြီ။ မေဆင်မောင့်နဲ့ ချီဝဲလ်တို့နှစ်ဦးဟာ စကော့တလန်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲအပြီးမှာ သူတို့ကလပ်အသင်းဖော်လူငယ်ကွင်းလယ်လူ ဂီလ်မောကို ပွေ့ဖက်နှုတ်ဆက်တာတွေပြုလုပ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဂီလ်မောဟာ ကိုဗစ် Positive […]

မန်ယူနိုက်တက်ရဲ့ ရာသီကြို ပွဲစဉ်တွေ ကြေညာ

June 22, 2021 author one 0

မန်ချက်စတာ ယူနိုက်တက်အသင်းက ရာသီကြို ခြေစမ်းပွဲကစားမယ့် အသင်းတွေကို ကြေညာခဲ့ပါတယ်။ အိုလေ ဂန်းနား ဆိုးရှားရဲ့ အသင်းက ဇူလိုင်လ ( ၁၈ ) ရက်တွင် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်း ရွန်းနီရဲ့ ဒါဘီအသင်းနဲ့ Pride Park မှာ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ရှိပါတယ်။ […]

အင်္ဂလန်အသင်း အုပ်စုဗိုလ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူမလား၊ ရှုံးထွက်(၁၆)သင်းအဆင့်မှာ လမ်းကြောင်းချောင်အောင် ဂုဏ်သိက္ခာကိုပဲ ရင်းမလား

June 22, 2021 author one 0

လက်ရှိကျင်းပနေတဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ဒီနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးမနက် ၁:၃၀)မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ချက်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ အခုလောလောဆယ် အင်္ဂလန်အသင်းဟာ အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ ခရိုအေးရှားကို နိုင်၊ စကော့တလန်နဲ့သရေကျခဲ့လို့ (၄)မှတ်နဲ့ ချက်အသင်းနဲ့အမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာမှာရပ်တည်နေပါတယ်။ အင်္ဂလန်အသင်းဟာ ချက်အသင်းကို ရှုံးနိမ့်ခဲ့ရင်တောင် အုပ်စုအကောင်းဆုံးတတိယနေရာသတ်မှတ်ချက်မှာ ယူကရိန်း၊ […]

ချဲလ်ဆီးနောက်ခံလူ ခရစ္စတယ်ဆန်က လျင်မြန်တဲ့ ရော့ကတ်ကန်ချက်နဲ့ အဆုံးသတ်နိုင်ခဲ့

June 22, 2021 author one 0

အင်ဒရီ ခရစ္စတယ်ဆန်ဟာ ဒိန်းမတ်အသင်းက ရုရှားကို ( ၄-၁ ) အနိုင်ရပြီး ယူရို ( ၂၀၂၀ ) ၁၆ -သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ပွဲစဉ်မှာ လုံးဝ လျင်မြန်တဲ့ ကန်ချက်နဲ့ သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘယ်လ်ဂျီယံအသင်းက ဖင်လန်ကို ( ၂ […]

အဖေလိုပဲ သားရှမိုက်ကယ်က ယူရိုချန်ပီယံဆုဖလားရယူပေးနိုင်မလား

June 22, 2021 author one 0

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဘယ်သူမှမထင်မှတ်လောက်အောင် Shock ဖြစ်ခဲ့ရတဲ့အဖြစ်အပျက်တွေအများကြီးရှိခဲ့ဖူးတယ်။ ၂၀၀၄ ခုနှစ်ပြိုင်ပွဲတုန်းက ဗိုလ်စွဲဖို့ရေပန်းစားနိုင်ခြေအနည်းဆုံး ဂရိအသင်းက ပြင်သစ်၊ ပေါ်တူဂီစတဲ့ ထိပ်သီးအသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့တာ ယူရို-၉၂ပြိုင်ပွဲမှာ ခြေစစ်ပွဲတောင်မအောင်ခဲ့တဲ့ ဒိန်းမတ်အသင်းက ကံကောင်းလို့ ပြိုင်ပွဲကစားခွင့်ရခဲ့သလို နောက်ဆုံးချန်ပီယံဆုဖလားပါ ကိုင်မြှောက်နိုင်ခဲ့တာတွေက အခုအချိန်အထိပြောစမှတ်ဖြစ်နေဆဲပါပဲ။ ယူရို-၉၂ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းဟာ ခြေစစ်ပွဲအုပ်စုအဆင့်တုန်းက […]