ဆုပေးပွဲက ရော်နယ်ဒိုနဲ့ မက်ဆီကို ပရိသတ်တွေရဲ့ Reaction ကွာခြားပုံကို မြင်တွေ့နိုင်

October 15, 2021 Author One 0

ဘော်လွန်းဒီအောဆု ဆန်ခါတင်စာရင်းထွက်ပေါ်လာပြီးချိန်ကတည်းက လှုပ်ခတ်လာတဲ့ သတင်းတွေဟာ မရပ်တန့်နိုင်အောင်ပါပဲ။ ဂန္တဝင်တွေရဲ့ ပြောစကားတွေ၊ နည်းပြတွေရဲ့ ရွေးချယ်မှုတွေအပြင် အခုတစ်ခါမှာလည်း GOAT နှစ်ဦး ရဲ့ ဆုရရှိချိန်မှာ ပရိသတ်အားပေးမှုပုံစံတွေကိုပါပြန်လည် ဖော်ပြလာပြန်ပါပြီ။GiveMeSport သတင်းဌာနရဲ့ ပြန်လည်ဖော်ပြချက် ဗီဒီယိုအရ ရော်နယ်ဒို၊ မိုဒရစ်နဲ့ မက်ဆီတို့ အကောင်းဆုံးဆုရယူဖို့ စင်ပေါ်တက်ချိန်မှာ အခမ်းအနားကို […]

ဆိုးလ်ရှားဟာ လက်စတာနဲ့ပွဲမှာ လင်ဒီလော့ဖ်+ဘာယီအတွဲကို ပွဲထွက်အသုံးပြုရဖို့ရှိနေ

October 15, 2021 Author One 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ မနက်ဖြန်(စနေနေ့)မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၈)အဖြစ် လက်စတာအသင်းနဲ့အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး အဓိကနောက်ခံလူတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ ဗာရန်းတို့ဟာ ဒဏ်ရာတွေကြောင့် အဲဒီပွဲကို လွဲချော်ဖို့ရှိနေပါပြီ။ အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ အက်စတွန်ဗီလာအသင်းကို (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက ခြေသလုံး ဒဏ်ရာရရှိခဲ့တဲ့အတွက် ရက်အတော်ကြာအနားယူခဲ့ရပြီး အခု လောလောဆယ် အသင်းနဲ့အတူအပေ့ါစားလေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်ပေမယ့် လက်စတာနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့ မသေချာသေးပါဘူး။ ပြင်သစ်ဝါရင့်နောက်ခံလူဗာရန်းကတော့ စပိန်အသင်းနဲ့ကစားခဲ့ UEFA […]

ရော်နယ်ဒိုနဲ့ တွဲကစားခွင့်ရတဲ့အတွက် သူ့ရဲ့ ကစားသမားဘဝ ပြီးပြည့်စုံခဲ့ပြီလို့ ဒါးလော့ ဆို

October 15, 2021 Author One 0

ရော်နယ်ဒိုဟာ သူ့ရဲ့ စံပြ ကစားသမား တစ်ယောက် ဖြစ်ပြီး ငယ်စဉ်ကတည်းက အားကျခဲ့ရတဲ့ ကစားသမားကြီးနဲ့ နိုင်ငံအသင်းမှာရော ယူနိုက်တက်အသင်းမှာပါ အတူ တွဲကစားခွင့် ရတဲ့အတွက် သူ့ရဲ့ ကစားသမားဘဝ ပြီးပြည့်စုံခဲ့ပြီလို့ ပေါ်တူဂီ ညာနောက်ခံလူ ဒါးလော့က ပြောဆိုလိုက်ပါတယ်။ ”ပွဲတစ်ပွဲ မစခင် ချဉ်းကပ်ပုံနဲ့ သူ့ကိုယ်သူ […]

မက်ဆီခေါ်ယူရေးက ဟာသလို့ အထင်ခံခဲ့ရတယ်

October 15, 2021 Author One 0

PSG အသင်းနည်းပြ ပိုချက်တီနို က အာဂျင်တီးနား နာမည်ကျော်တိုက်စစ် ကစားသမား လီယို မက်ဆီ ကို ခေါ်ယူနိုင်မယ်လို့ သိခဲ့ရတဲ့အချိန်တုန်းက ဟာသလို့သာထင်ခဲ့မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ စာချုပ် သစ်ဆက်ချုပ်မယ့် အစီအစဉ်ပျက်ပြယ်သွားခဲ့တဲ့ မက်ဆီ ကို ခေါ်ယူချင်လားဆိုပြီး PSG အားကစားဒါရိုက်တာ လီယိုနာဒို က […]

ပုံမှန်ပွဲထွက်ခွင့်ရဖို့ ဂွါဒီယိုလာ ကို ဖိအားပေးလိုက်တဲ့ စတာလင်

October 15, 2021 Author One 0

အင်္ဂလန်တောင်ပံကစားသမား စတာလင် ဟာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာ ကြောင့် မန်စီးတီးအသင်းကနေ ထွက်ခွါဖို့ စဉ်းစားနေပြီလို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ စတာလင် ဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ပုံမှန်ပွဲထွက်ခွင့်ရပြီး မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတဦးဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ပွဲအများစုကို အရန်အနေနဲ့သာ ပါဝင်ကစားခွင့်ရ ပါတယ်။ ဒီရာသီမှာ […]

ဖီဖာဟာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်အယောက် ၁၀၀ ကို ဘေးကင်းရာရွှေ့ပြောင်းပေး

October 15, 2021 Author One 0

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာဟာ အာဖဂန်နစ္စတန်နိုင်ငံက ဒုက္ခသည်အယောက် ၁၀၀ ကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ရာ အဲဒီထဲမှာ အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းက ကစားသမားတွေလည်း ပါဝင်နေကြောင်း သိရပါတယ်။ အဲဒီဒုက္ခသည်အယောက် ၁၀၀ ဟာ အာဖဂန်နစ္စတန်ရဲ့မြို့တော် ကဘူးလ်ကနေ ကာတာနိုင်ငံ ဒိုဟာမြို့ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးလက် ရွေးစင်ဘောလုံးအသင်းက အနည်းဆုံး ကစားသမားအယောက် […]

လူးကပ်စ်ဟာ ဇနီးသည်ကိုရိုက်နှက်မှုအတွက် ဇနီးသည်အနားသို့မကပ်ရန် တရားရုံးကချမှတ်ထားမှုကို ချိုးဖောက်မှုအတွက် ထောင်ဒဏ်၆လချမှတ်

October 15, 2021 Author One 0

ပြင်သစ်နှင့်ဘိုင်ယန်မြူးနစ်နောက်ခံလူလူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ၂၀၁၇ခုနှစ်တုန်းကဇနီးသည်ကိုရိုက်နှက်မှုအတွက်ဇနီးသည်အနားသို့မကပ်ရန် တရားရုံးကချမှတ်ထားမှုကို ချိုးဖောက်မှုအတွက် ထောင်ဒဏ်၆လချမှတ်လာမှုအပေါ် အယူခံဝင်လိုက်ပါတယ်။ အသက်၂၅နှစ်ရှိဟာနန်ဒက်ဇ်ဟာအောက်တိုဘာလ ၁၉ရက်နေ့မှာမက်ဒရစ်တရားရုံးသို့ ကိုယ်တိုင်တက်ရောက်ရမှာလည်းဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ဟာ၂၀၁၇ခုနှစ်၊ဖေဖော်ဝါရီလတုန်းကချစ်သူအဖြစ်သာရှိသေးတဲ့ ဇနီးသည်အေမီလီယာအော့ဆာလိုရန်တေးကိုရိုက်နှက်မှုအတွက် လူမှုဝန်ထမ်းလုပ်ငန်း၃၁ရက်ကြာထမ်းဆောင်ရန်ချမှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင်ဟာနန်ဒက်ဇ်ဟာချစ်သူနဲ့ မီတာ၅၀၀အကွာသို့မကပ်ရန်လည်း အမိန့်ချမှတ်ခံခဲ့ရပါတယ်။တစ်ဖက်တွင်အမီယာအော့ဆာလိုရန်တေးမှာလည်း အစိုးရပိုင်ပစ္စည်းအားဖျက်ဆီးမှု၊ရန်ပြုတိုက်ခိုက်မှုအတွက်၃၁ရက်ကြာလူမှုရေး လုပ်ငန်းလုပ်ဆောင်ရန်အမိန့်ချမှတ်ခံခဲ့ရပါတယ်။ ထိုစဉ်ကအက်သလက်တီကိုတွင်ကစားနေတဲ့ဟာနန်ဒက်ဇ်ဟာ အေမီလီယာအော့ဆာလိုရန်တေးနှင့်လက်ထပ်ခဲ့ပြီးဟန်းနီးမွန်းထွက်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာဇွန်လမှာဇနီးသည်နှင့်ဟန်းနီးမွန်းခရီးမှပြန်လာချိန်မှာတော့ မက်ဒရစ်လေဆိပ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ထိုစဉ်ကဇနီးသည်မှာ တရားရုံးကသတိပေးစာကိုမရရှိကြောင်း တုံ့ပြန်နိုင်ခဲ့မှုနဲ့အတူဖမ်းဆီးခံရမယ့် အရေးမှလွတ်မြောက်ခဲ့ပါတယ်။ သူဟာ၂၀၁၄ခုနှစ်တွင်အက်သလက်တီကိုအတွက် […]

လီဝန်ဒေါစကီး ပြောင်းရွှေ့နိုင်တဲ့အသင်းဟာ မန်စီးတီးဖြစ်တယ်လို့ သူ့အေးဂျင့်ဖြစ်သူပြောခဲ့

October 15, 2021 Author One 0

မန်စီတီးဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှုးလီဝန်ဒေါစကီး ပြောင်းရွှေ့နိုင်တဲ့ အသင်းတစ်ခုဖြစ်တယ်ဆိုတာ သူ့အေးဂျင့်ဖြစ်သူက ပြောခဲ့ကြောင်း သတင်းထွက်လာပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက ဗဟိုတိုက်စစ်နေရာအတွက် တစပါးကြယ်ပွင့် ဟယ်ရီကိန်းကို အထူးကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လီဝန်ဒေါစကီးကတော့ မန်စီးတီးနဲ့သတင်းထွက်နေတဲ့ နောက်ထပ် ဗဟိုတိုက်စစ်မှုးဖြစ်ပြီး သူ့ကိုယ်စားလှယ်ဖြစ်သူ အေးဂျင့်ဇဟာဗီကလည်း ငြင်းပယ်ခြင်းမရှိခဲ့တဲ့အတွက် မန်စီးတီးရဲ့မျှော်လင့်ချက်တွေ ပိုတိုးလာပါတယ်။ မန်စီးတီးဟာ […]

ပေါလ်စခိုးက ဆိုးလ်ရှားနဲ့ အနည်းဆုံးရာသီကုန်ထိ ဆက်သွားသင့်တယ်လို့ ပြောကြား

October 15, 2021 Author One 0

မန်ယူအသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ပေါလ်စခိုးက မန်ယူဟာ လတ်တလောဖိအားတွေကြုံတွေ့နေရတဲ့ဆိုးလ်ရှားနဲ့ အနည်းဆုံး ရာသီကုန်ထိ ဆက်သွားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ ကျော်သုံးစွဲခဲ့ပြီး စူပါစတားစီရော်နယ်ဒိုကို ပြန်ခေါ်နိုင်ခဲ့ပေမယ့် အခုရာသီရဲ့အစောပိုင်းအဆင့်မှာ ရုန်းကန်နေရပါတယ်။ နိုင်ငံတကာကြားဖြတ်မတိုင်ခင် မန်ယူဟာ ကာရာဘောင်းဖလားတတိယအဆင့်မှာ ပြိုင်ပွဲက ထွက်ခဲ့ရလို့ အသင်းရဲ့ ဆုဖလားမျှော်မှန်းချက်မှာ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ရတယ်။ […]

လီဗာပူးနှင့်ပွဲစဉ်တွင်  ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတဲ့ ဂိုးသမားမိုက်မင်ညောင်

October 14, 2021 Author One 0

အေစီမီလန်ဂိုးသမားမိုက်မင်ညောင်ဟာ လီဗာပူးနှင့်ပွဲစဉ်တွင်မိုဟာမက်ဆာ လက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ်ရရှိခဲ့တဲ့ဒဏ်ရာအားခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရခြင်းကြောင့် ၁၀ပတ်ကြာအနားယူရမည်ဖြစ်ကြောင်းသိရပါတယ်။ ပြင်သစ်ဂိုးသမားဟာပြီးခဲ့တဲ့နွေရာသီတုန်းကဒွန်မာရမ်မာရဲ့နေရာမှာ အစားထိုးရန်အေစီမီလန်သို့လိုင်လီမှရောက်လာသူဖြစ်ပါတယ်။ အသက်၂၆နှစ်ရှိဂိုးသမားဟာစီးရီးအေ၇ပွဲကစားထားရာမှာအေစီမီလန်အသင်းကို ရှုံးပွဲမရှိအောင်ကူညီထားကာအီတလီမှာလက်စွမ်းပြနေပါတယ်။ ဒါပေမယ့်သူ့ရဲ့အီတလီတာထွက်ကောင်းမှုကကံဆိုးစွာဘဲအတားအဆီး ကြုံလာရပါတယ်။သူဟာပြီးခဲ့တဲ့လတုန်းကအန်ဖီးလ်တွင်ကစားခဲ့တဲ့ လီဗာပူးနှင့်ချန်ပီယံလိဂ်ပွဲမှာဆာလက်ရဲ့ပင်နယ်တီကိုကာကွယ်စဉ် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ လီဗာပူးကို၃-၂ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းမှာ သူဟာတံတောင်ဆစ်နာကျင်လာခဲ့ပေမယ့်အေစီမီလန်အတွက် ငါးပွဲဆက်တိုက်ကစားခဲ့ပါတယ်။ ယခုအခါမှာတော့သူဟာဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရပြီဖြစ်ပါတယ်။ သူဟာခြောက်ပတ်ကြာအနားယူပြီးနောက်လေးပတ်အားပြန်လည် နလန်ထူရေးလေ့ကျင့်ခန်းများပြုလုပ်လိုက်ပါတယ်။ အေစီမီလန်ဟာ မိုက်မင်ညောင်ရဲ့နေရာမှာယာယီအစားထိုးဖို့အတွက်ဂျူဗင်တပ်နှင့် ရိုးမားဂိုးသမားဟောင်းအန်တိုနီမီရန်တီကိုခေါ်ယူလိုက်ပါတယ်။ zawgyi လီဗာပူးနှင့်ပွဲစဉ်တွင်  […]