overhead kick နဲ့အဖိုးတန်ချေပဂိုးကိုရယူပေးနိုင်ခဲ့တဲ့ ဝိန်းရူနီရဲ့ဒါဘီကောင်တီ

ဝိန်းရူနီကိုင်တွယ်နေတဲ့ ဒါဘီအသင်းဟာမနေ့ညက ဘာမင်ဂမ်နဲ့ယှဥ်ပြိုင်ခဲ့ရာမှာ

ချေပဂိုးတွေးကိုပွဲချိန်နှောင်းပိုင်းကျမှသွင်းယူပြီး ၂-၂ သရေကျခဲ့လို့

သူတို့အတွက်အဖိုးတန်တစ်မှတ်ရရှိသွားပါတယ်။

ဧည့်သည်ဘာမင်ဂမ်ဟာ ပွဲချိန် ၈၇ မိနစ်အထိ ၂ ဂိုးအသာနဲ့ဦးဆောင်ခဲ့ပေမယ့်

၈၇ မိနစ်နဲ့ ၉၆ မိနစ်တို့မှာ ချေပဂိုးတွေသွင်းယူခဲ့တာပါ။

ဒါဘီအတွက်ပထမဆုံးချေပဂိုးကို ၈၇ မိနစ်မှာ လုခ်ပလန်ဂီက သွင်းယူခဲ့တာပါ။

နာကျင်အချိန်ပိုမှာ ဒါဘီဟာချေပဂိုးထပ်ရဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့လို့ဒီအတိုင်း

ပွဲပြီးတော့မယ်လို့ထင်နေတုန်းမှာ ခရစ္စတီယန်ဘိုင်လစ်ခ်က ၉၆ မိနစ်မှာ

တွန်လောရန့်စ်ရဲ့ တည်ကန်ဘောပေးပို့မှုကနေတစ်ဆင့်

overhead kick နဲ့အဖိုးတန်ချေပဂိုးကိုရယူပေးနိုင်ခဲ့တာပါ။

ဘိုင်လစ်ခ်ရဲ့ဂိုးအတွက် လူကျွံဘောဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှုရှိခဲ့ပေမယ့်

နည်းပြ ဝိန်းရူနီအပါအဝင် ဒါဘီတစ်သင်းလုံးအကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။

ဒီဂိုးကို overhead kickနဲ့သွင်းခဲ့တဲ့ ဘိုင်လစ်ခ်ဟာသူ့အားထုတ်မှုကြောင့်

ဒဏ်ရာရခဲ့သလို ရူနီကလည်းအဖိုးတန်တစ်မှတ်အတွက်

အရမ်းကိုအောင်ပွဲခံခဲ့တာကြောင့် ဒါဘီရဲ့အားထုတ်မှုက

ချီးကျူးစရာဖြစ်နေပါတယ်။

ဒါဘီအတွင်နောက်ဆုံးမိနစ် ဂိုးတွေသွင်းယူနေတာဟာအခုက

ပထမဆုံးအကြိမ်မဟုတ်လို့ နည်းပြကြီးရူနီက မန်ယူမှာသူရခဲ့တဲ့

သူရဲနီစိတ်ဓာတ်ကို ဒါဘီအသင်းဆီကူးစက်အောင်

လုပ်ထားနိုင်ပြီလို့လည်းဆိုကြပါတယ်။

ဒါကြောင့်တစ်ချို့ကလည်း မန်ယူဟာ နောက်ဆုံးမိနစ်ဂိုးတွေကြောင့်

Fergie Time လို့အများကလက်ခံခဲ့ကြတဲ့အထိဖြစ်ခဲ့သေးလို့

ဒါဘီအတွက်တော့ ရူနီရဲ့အချိန်တွေ(Rooney Time) လို့ဆိုရမလောက်အောင်

ဖြစ်နေတယ်လို့ ပြောနေကြပါတယ်။

အခုပွဲသရေကျခဲ့လို့ ဒါဘီဟာအဆင့် ၂၁ နေရာ(တန်းဆင်းဇုန်ပြင်ပ)က

ရီဒင်းနဲ့ ၇ မှတ်သာကွာဟတော့လို့ တန်းမဆင်းရရေးဆိုတဲ့

ဖြစ်နိုင်လုနီးပါးမျှော်လင့်ချက်က ဖြစ်နိုင်ဖွယ်ရာရှိနေပြီလို့လည်း ဆိုကြပါတယ်။

လက်ရှိမှာဒါဘီအသင်းဟာ ပိုင်ရှင်သစ်ရရှိရေးနဲ့

ကလပ်ရဲ့အကြွေးပြဿနာဖြေရှင်းဖို့အတွက် ဘောလုံးလိဂ်အဖွဲ့ချုပ်ရဲ့

တစ်လ အချိန်ထပ်ပေးခြင်းကိုရရှိထားတာကြောင့်

သူတို့ရဲ့ကွင်းပြင်ပပြဿနာတွေပြေလည်စေဖို့

ပိုပြီးအချိန်ရရှိထားတယ်လို့လည်း သိရပါတယ်။

zawgyi

overhead kick နဲ႔အဖိုးတန္ေခ်ပဂိုးကိုရယူေပးႏိုင္ခဲ့တဲ့ ဝိန္း႐ူနီရဲ႕ဒါဘီေကာင္တီ

ဝိန္း႐ူနီကိုင္တြယ္ေနတဲ့ ဒါဘီအသင္းဟာမေန႔ညက ဘာမင္ဂမ္နဲ႔ယွဥ္ၿပိဳင္ခဲ့ရာမွာ

ေခ်ပဂိုးေတြးကိုပြဲခ်ိန္ေႏွာင္းပိုင္းက်မွသြင္းယူၿပီး ၂-၂ သေရက်ခဲ့လို႔

သူတို႔အတြက္အဖိုးတန္တစ္မွတ္ရရွိသြားပါတယ္။

ဧည့္သည္ဘာမင္ဂမ္ဟာ ပြဲခ်ိန္ ၈၇ မိနစ္အထိ ၂ ဂိုးအသာနဲ႔ဦးေဆာင္ခဲ့ေပမယ့္

၈၇ မိနစ္နဲ႔ ၉၆ မိနစ္တို႔မွာ ေခ်ပဂိုးေတြသြင္းယူခဲ့တာပါ။

ဒါဘီအတြက္ပထမဆုံးေခ်ပဂိုးကို ၈၇ မိနစ္မွာ လုခ္ပလန္ဂီက သြင္းယူခဲ့တာပါ။

နာက်င္အခ်ိန္ပိုမွာ ဒါဘီဟာေခ်ပဂိုးထပ္ရဖို႔ႀကိဳးစားခဲ့ေပမယ့္ မရခဲ့လို႔ဒီအတိုင္း

ပြဲၿပီးေတာ့မယ္လို႔ထင္ေနတုန္းမွာ ခရစၥတီယန္ဘိုင္လစ္ခ္က ၉၆ မိနစ္မွာ

တြန္ေလာရန႔္စ္ရဲ႕ တည္ကန္ေဘာေပးပို႔မႈကေနတစ္ဆင့္

overhead kick နဲ႔အဖိုးတန္ေခ်ပဂိုးကိုရယူေပးႏိုင္ခဲ့တာပါ။

ဘိုင္လစ္ခ္ရဲ႕ဂိုးအတြက္ လူကြၽံေဘာျဖစ္တယ္ဆိုတဲ့ အျငင္းပြားမႈရွိခဲ့ေပမယ့္

နည္းျပ ဝိန္း႐ူနီအပါအဝင္ ဒါဘီတစ္သင္းလုံးအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ၾကပါတယ္။

ဒီဂိုးကို overhead kickနဲ႔သြင္းခဲ့တဲ့ ဘိုင္လစ္ခ္ဟာသူ႔အားထုတ္မႈေၾကာင့္

ဒဏ္ရာရခဲ့သလို ႐ူနီကလည္းအဖိုးတန္တစ္မွတ္အတြက္

အရမ္းကိုေအာင္ပြဲခံခဲ့တာေၾကာင့္ ဒါဘီရဲ႕အားထုတ္မႈက

ခ်ီးက်ဴးစရာျဖစ္ေနပါတယ္။

ဒါဘီအတြင္ေနာက္ဆုံးမိနစ္ ဂိုးေတြသြင္းယူေနတာဟာအခုက

ပထမဆုံးအႀကိမ္မဟုတ္လို႔ နည္းျပႀကီး႐ူနီက မန္ယူမွာသူရခဲ့တဲ့

သူရဲနီစိတ္ဓာတ္ကို ဒါဘီအသင္းဆီကူးစက္ေအာင္

လုပ္ထားႏိုင္ၿပီလို႔လည္းဆိုၾကပါတယ္။ ဒါေၾကာင့္တစ္ခ်ိဳ႕ကလည္း

မန္ယူဟာ ေနာက္ဆုံးမိနစ္ဂိုးေတြေၾကာင့္ Fergie Time လို႔

အမ်ားကလက္ခံခဲ့ၾကတဲ့အထိျဖစ္ခဲ့ေသးလို႔ ဒါဘီအတြက္ေတာ့

႐ူနီရဲ႕အခ်ိန္ေတြ(Rooney Time) လို႔ဆိုရမေလာက္ေအာင္

ျဖစ္ေနတယ္လို႔ ေျပာေနၾကပါတယ္။

အခုပြဲသေရက်ခဲ့လို႔ ဒါဘီဟာအဆင့္ ၂၁ ေနရာ(တန္းဆင္းဇုန္ျပင္ပ)က

ရီဒင္းနဲ႔ ၇ မွတ္သာကြာဟေတာ့လို႔ တန္းမဆင္းရေရးဆိုတဲ့

ျဖစ္ႏိုင္လုနီးပါးေမွ်ာ္လင့္ခ်က္က ျဖစ္ႏိုင္ဖြယ္ရာရွိေနၿပီလို႔လည္း ဆိုၾကပါတယ္။

လက္ရွိမွာဒါဘီအသင္းဟာ ပိုင္ရွင္သစ္ရရွိေရးနဲ႔

ကလပ္ရဲ႕အေႂကြးျပႆနာေျဖရွင္းဖို႔အတြက္ ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္ရဲ႕

တစ္လ အခ်ိန္ထပ္ေပးျခင္းကိုရရွိထားတာေၾကာင့္

သူတို႔ရဲ႕ကြင္းျပင္ပျပႆနာေတြေျပလည္ေစဖို႔

ပိုၿပီးအခ်ိန္ရရွိထားတယ္လို႔လည္း သိရပါတယ္။