Open ကြီးဖြစ်နေတဲ့ သူ့ကို မပေးဘဲ ကန်ခဲ့တဲ့ ဖာနန်ဒက်စ်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယမန်နေ့ညက

ဝက်ဖို့ဒ်နဲ့ စိတ်ပျက်ဖွယ် ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ
ဂိုးသွင်းဖို့ အလွတ်ကြီးဖြစ်နေတဲ့ သူ့ကို ဘောလုံးပေး
မကစားခဲ့တဲ့ အသင်းဖော်ကွင်းလယ်လူ
ဘရူနိုဖာနန်ဒက်စ်ရဲ့လုပ်ရပ်ကြောင့်
အလွန်အမင်း ပေါက်ကွဲသွားပုံရပါတယ်။

ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ
အခွင့်အရေးကြီးကြီးမားမား မရခဲ့ပေမယ့်
ပထမပိုင်းမှာတော့ အပိုင်အခွင့်အရေးတွေ
ဖန်တီးနိုင်ခဲ့ပြီး အသင်းသားတွေရဲ့
အံ့အားသင့်ဖွယ် ဖြုန်းတီးမှုတွေကြောင့်

အသင်းလည်း အဖိုးတန်နိုင်ပွဲ ပျောက်ဆုံးခဲ့ရပါတယ်။


အထူးသဖြင့် ပွဲချိန် ၁၂ မိနစ်မှာ
ယူနိုက်တက်အသင်း အပိုင်အခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး

ဖာနန်ဒက်စ်က အီလန်ဂါနဲ့ ရော်နယ်ဒိုတို့ရဲ့
တွဲလုံးကနေ ဂိုးသမားနဲ့ တစ်ယောက်ချင်း
ကန်သွင်းခွင့်ရခဲ့ပါတယ်။
သူကန်သွင်းခွင့်ရတဲ့အနေအထားက
ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးများတယ်ဆိုပေမယ့်

သူ့ဘေးမှာ ရော်နယ်ဒိုဆီသာ ပေးလိုက်ရင်
ရော်နယ်ဒိုအနေနဲ့ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ
အသာလေး ကန်သွင်းလိုက်ရုံပါပဲ။

ဒါပေမဲ့ ဖာနန်ဒက်စ်က သူ့ညာဘက်မှာ
ရှိနေတဲ့ ရော်နယ်ဒိုကို ပေးမနေဘဲ
သူ့ဘာဘာသူ ကန်သွင်းလိုက်ရာမှာ
ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာ
လက်စွမ်းပြကာကွယ် ပုတ်ထုတ်သွားပါတယ်။

ရော်နယ်ဒိုလည်း ပေါက်ကွဲသွားပြီး
သူ့ရဲ့အမူအရာတွေက ဘယ်လောက်အထိ
ပေါက်ကွဲနေလဲဆိုတာ အထင်အရှားဖော်ပြနေပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ
နောက်ဆုံး ၇ပွဲမှာ ၁ဂိုးပဲ သွင်းယူထားနိုင်ပြီး

ပွဲအစ ၅မိနစ်မှာလည်း အပိုင်အခွင့်အရေးရခဲ့ပေမယ့်
သူ့ရဲ့ကန်သွင်းချက် တိုင်ထိထွက်သွားလု့ိ နစ်နာခဲ့ရပါတယ်။


ဖာနန်ဒက်စ်ဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ တစ်ပွဲလုံး

ဂိုးပေါက်ကန်သွင်းချက် ၈ကြိမ်အထိ ရှိခဲ့ပေမယ့်
တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘဲ ယူနိုက်တက်အနေနဲ့
အဆင့် ၄ နေရာမှာ ဆက်လက်ရပ်တည်နေတာ
မှန်ပေမယ့် အဆင့် ၅ နေရာက အာဆင်နယ်နဲ့
၃ပွဲပို၊ ၂ မှတ်ပဲ အသာထားရပါတယ်။