
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း OneLove လတ်ပတ်ကိုဝတ်ဆင်ကစားမယ့် အသင်းခေါင်းဆောင်တွေဟာ ပွဲမစတင်ခင်မှာ အဝါကတ်ပြသခံရဖို့ရှိနေပါတယ်။





အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း၊ ဂျာမနီရဲ့နူအာနဲ့ ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့အပါအဝင် ဥရောပ ၉ နိုင်ငံဟာ ကာတာမှာ လူအခွင့်အရေးဆိုင်ရာကိုပံ့ပိုးပေးတဲ့ LGBTQ+





အသိုင်းအဝိုင်းကိုထောက်ခံတဲ့အနေနဲ့ OneLove လတ်ပတ်ဝတ်ဆင်သွားဖို့ရှိနေပါတယ်။ လိ-င်တူဆက်ဆံခြင်းဟာ ကာတာနိုင်ငံရဲ့ ရာဇသတ်ကြီးပုဒ်မ ၂၉၆ အရ ထောင်ဒဏ် ၇ နှစ်အထိ
ချမှတ်နိုင်တဲ့ပြစ်မှုတစ်ခုအဖြစ်ရှိနေပါတယ်။ ဂျာမနီသတင်းစာ Bild ရဲ့ဖော်ပြချက်အရ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ OneLove လက်ပတ်ဝတ်ဆင်ဖို့ရှိတဲ့ ဂိုးသမားနူအာအတွက်ပြစ်ဒဏ်နဲ့
ပတ်သတ်လို့စိုးရိမ်နေပြီး ဂျပန်နဲ့အုပ်စုအဖွင့်ပွဲမှာ သတိထားအကဲဖြတ်သွားဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ ဖီဖာရဲ့လက်ရှိစည်းမျဉ်းကတော့ ဒီလိုပါ “ဖီဖာလက်အောက်က





ပြိုင်ပွဲဝင်တွေဟာ တရားဝင်ပေးအပ်ထားတဲ့အဝတ်အစားနဲ့ ဖီဖာအမှတ်တံဆိပ်အပါအဝင် တရားဝင် အသုံးအဆောင်ပစ္စည်းတွေကိုသာအသုံးပြုရမယ်” လို့ စည်းမျဉ်းချမှတ်ထားတာဖြစ်တယ်။
အခြားတစ်ဖက်မှာတော့ ဂျာမနီဂိုးသမားနူအာက ဂျပန်နဲ့အဖွင့်ပွဲမှာ OneLove လက်ပတ်ကိုဂုဏ်ယူစွာဝတ်ဆင်သွားမယ်လို့အသိပေးထားပါတယ်။ “အကျိုးဆက်ကို ကျွန်တော်တို့မကြောက်ပါဘူး။





ဒီလတ်ပတ်ရဲ့ပါဝါကို အနောက်ဥရောပရဲ့တခြားနိုင်ငံတွေကပါယူဆောင်လာမှာပါ။ ငါတို့တစ်ဦးတည်းမဟုတ်ပေမဲ့ အတူကြေညာချက်ထုတ်နိုင်တာကောင်းပါတယ်။
ကျွန်တော်တို့နောက်မှာ ဂျာမနီအက်ဖ်အေနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ရှိပါတယ်” လို့ ပြီးခဲ့တဲ့ စနေနေ့မှာ နူအာကဖွင့်ဟထားပါတယ်။





(Zawgyi)
OneLove လတ္ပတ္ဝတ္ဆင္တဲ့ အသင္းေခါင္းေဆာင္ေတြကို ပြဲမစခင္မွာအဝါကတ္ျပသသြားဖို႔ရွိေန





၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္း OneLove လတ္ပတ္ကိုဝတ္ဆင္ကစားမယ့္ အသင္းေခါင္းေဆာင္ေတြဟာ ပြဲမစတင္ခင္မွာ အဝါကတ္ျပသခံရဖို႔ရွိေနပါတယ္။
အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္း၊ ဂ်ာမနီရဲ႕ႏူအာနဲ႔ ေဝးလ္ေတာင္ပံကစားသမားဂါရတ္ေဘးလ္တို႔အပါအဝင္ ဥေရာပ ၉ ႏိုင္ငံဟာ ကာတာမွာ လူအခြင့္အေရးဆိုင္ရာကိုပံ့ပိုးေပးတဲ့ LGBTQ+
အသိုင္းအဝိုင္းကိုေထာက္ခံတဲ့အေနနဲ႔ OneLove လတ္ပတ္ဝတ္ဆင္သြားဖို႔ရွိေနပါတယ္။ လိင္တူဆက္ဆံျခင္းဟာ ကာတာႏိုင္ငံရဲ႕ ရာဇသတ္ႀကီးပုဒ္မ ၂၉၆ အရ ေထာင္ဒဏ္ ၅ႏွစ္အထိခ်မွတ္ႏိုင္တဲ့ျပစ္မႈတစ္ခုအျဖစ္ရွိေနပါတယ္။





ဂ်ာမနီသတင္းစာ Bild ရဲ႕ေဖာ္ျပခ်က္အရ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ OneLove လက္ပတ္ဝတ္ဆင္ဖို႔ရွိတဲ့ ဂိုးသမားႏူအာအတြက္ျပစ္ဒဏ္နဲ႔ပတ္သတ္လို႔စိုးရိမ္ေနၿပီး ဂ်ပန္နဲ႔အုပ္စုအဖြင့္ပြဲမွာ
သတိထားအကဲျဖတ္သြားဖို႔ျပင္ဆင္ေနတယ္လို႔သိရပါတယ္။ ဖီဖာရဲ႕လက္ရွိစည္းမ်ဥ္းကေတာ့ ဒီလိုပါ “ဖီဖာလက္ေအာက္ကၿပိဳင္ပြဲဝင္ေတြဟာ တရားဝင္ေပးအပ္ထားတဲ့အဝတ္အစားနဲ႔





ဖီဖာအမွတ္တံဆိပ္အပါအဝင္ တရားဝင္အသုံးအေဆာင္ပစၥည္းေတြကိုသာအသုံးျပဳရမယ္” လို႔ စည္းမ်ဥ္းခ်မွတ္ထားတာျဖစ္တယ္။ အျခားတစ္ဖက္မွာေတာ့ ဂ်ာမနီဂိုးသမားႏူအာက ဂ်ပန္နဲ႔အဖြင့္ပြဲမွာ
OneLove လက္ပတ္ကိုဂုဏ္ယူစြာဝတ္ဆင္သြားမယ္လို႔အသိေပးထားပါတယ္။ “အက်ိဳးဆက္ကို ကြၽန္ေတာ္တို႔မေၾကာက္ပါဘူး။ ဒီလတ္ပတ္ရဲ႕ပါဝါကို အေနာက္ဥေရာပရဲ႕တျခားႏိုင္ငံေတြကပါယူေဆာင္လာမွာပါ။
ငါတို႔တစ္ဦးတည္းမဟုတ္ေပမဲ့ အတူေၾကညာခ်က္ထုတ္ႏိုင္တာေကာင္းပါတယ္။ ကြၽန္ေတာ္တို႔ေနာက္မွာ ဂ်ာမနီအက္ဖ္ေအနဲ႔ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ရွိပါတယ္” လို႔





ၿပီးခဲ့တဲ့ စေနေန႔မွာ ႏူအာကဖြင့္ဟထားပါတယ္။