
လီဗာပူးအမျိုးသမီးအသင်းမှာ ကစားနေတဲ့ နယူးဇီလန်လက်ရွေးစင်နောက်ခံလူ
မီကေလာမိုးရ် ကတော့ ထူးခြားပြီးပြည့်စုံတဲ့ OG ဟတ်ထရစ်သွင်းနိုင်ခဲ့လို့
မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ခံနေရပါတယ်။
မနေ့ညနေပိုင်းက အမေရိကန်နိုင်ငံမှာ ကစားခဲ့တဲ့ She Believe Cup ပြိုင်ပွဲမှာ
အမေရိကန်အမျိုးသမီးအသင်းက နယူးဇီလန်အမျိုးသမီးအသင်းကို ၅-ဝနဲ့ အနိုင်ရခဲ့ပါတယ်။
အဲ့ဒိပွဲအစ ၅ မိနစ်မှာပဲ အမေရိကန်အသင်းက ဆိုဖီယာစမစ်ရဲ့ ဖြတ်တင်ဘောကို
နယူးဇီလန်နောက်ခံလူ မီကေလာမိုးရ်က ညာခြေနဲ့ဖျက်ထုတ်ဖို့ကြိုးစားရာမှာ
နယူးဇီလန်ဂိုးထဲကို ဝင်သွားခဲ့ပါတယ်။ နောက်တစ်မိနစ်အကြာမှာပဲ မီကေလာမိုးရ်ရဲ့
ခေါင်းတိုက်မှုကနေ နယူးဇီလန်ဂိုးထဲကို ဝင်သွားပြီး အမေရိကန်က ၂-၀ နဲ့ဦးဆောင်ခဲ့ပါတယ်။
ဒါနဲ့တင် မပြီးသေးဘဲ ပွဲချိန် ၃၆ မိနစ်မှာတော့ မီကေလာမိုးရ်ရဲ့ ဘယ်ခြေကန်ချက်ကနေ
နယူးဇီလန်တို့ ဂိုးထပ်ပေးခဲ့ရပြန်ပါတယ်။ ပြီးပြည့်စုံတဲ့ ညာခြေ၊ ခေါင်း၊ ဘယ်ခြေနဲ့
OG ဟတ်ထရစ်သွင်းလိုက်ပြီးနောက်မှာတော့ နယူးဇီလန်နည်းပြလည်း မခံစားနိုင်တော့ဘဲ
ပထမပိုင်းမပြီးခင် ပွဲချိန် မိနစ် ၄၀ မှာပဲ မီကေလာမိုးရ်ကို လူစားလဲခဲ့လိုက်ရပါတယ်။
မီကေလာမိုးရ်ဟာ ၂၅ နှစ်သာရှိသေးပြီး လီဗာပူးအမျိုးသမီးအသင်းမှာ ၂၀၂၀ ကတည်းက
ကစားနေသူပါ။ လီဗာပူးအတွက် ၁၅ ပွဲကစားပြီး ၂ ဂိုးသွင်းပေးထားပါတယ်။ သူဟာ
ဒီလိုပြီးပြည့်စုံတဲ့ OG ဟတ်ထရစ်ကို ပထမပိုင်းမှာပဲ သွင်းခဲ့တာဖြစ်ပြီး မီဒီယာတွေနဲ့
လူမှုကွန်ရက်အသုံးပြုသူတွေအကြားမှာတော့ ထူးခြားတဲ့သတင်းအဖြစ်
တင်ဆက်၊ ဖြန့်ဝေမှုတွေ များနေပါတယ်။
Zawgyi
OG ဟက္ထရစ္နဲ႔ လီဗာပူးကစားသမား
လီဗာပူးအမ်ိဳးသမီးအသင္းမွာ ကစားေနတဲ့ နယူးဇီလန္လက္ေ႐ြးစင္ေနာက္ခံလူ
မီေကလာမိုးရ္ ကေတာ့ ထူးျခားၿပီးျပည့္စုံတဲ့ OG ဟတ္ထရစ္သြင္းႏိုင္ခဲ့လို႔
မီဒီယာေတြရဲ႕ အာ႐ုံစိုက္မႈကို ခံေနရပါတယ္။
မေန႔ညေနပိုင္းက အေမရိကန္ႏိုင္ငံမွာ ကစားခဲ့တဲ့ She Believe Cup ၿပိဳင္ပြဲမွာ
အေမရိကန္အမ်ိဳးသမီးအသင္းက နယူးဇီလန္အမ်ိဳးသမီးအသင္းကို ၅-ဝနဲ႔ အႏိုင္ရခဲ့ပါတယ္။
အဲ့ဒိပြဲအစ ၅ မိနစ္မွာပဲ အေမရိကန္အသင္းက ဆိုဖီယာစမစ္ရဲ႕ ျဖတ္တင္ေဘာကို
နယူးဇီလန္ေနာက္ခံလူ မီေကလာမိုးရ္က ညာေျခနဲ႔ဖ်က္ထုတ္ဖို႔ႀကိဳးစားရာမွာ
နယူးဇီလန္ဂိုးထဲကို ဝင္သြားခဲ့ပါတယ္။ ေနာက္တစ္မိနစ္အၾကာမွာပဲ မီေကလာမိုးရ္ရဲ႕
ေခါင္းတိုက္မႈကေန နယူးဇီလန္ဂိုးထဲကို ဝင္သြားၿပီး အေမရိကန္က ၂-၀ နဲ႔ဦးေဆာင္ခဲ့ပါတယ္။
ဒါနဲ႔တင္ မၿပီးေသးဘဲ ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ မီေကလာမိုးရ္ရဲ႕ ဘယ္ေျခကန္ခ်က္ကေန
နယူးဇီလန္တို႔ ဂိုးထပ္ေပးခဲ့ရျပန္ပါတယ္။ ၿပီးျပည့္စုံတဲ့ ညာေျခ၊ ေခါင္း၊ ဘယ္ေျခနဲ႔
OG ဟတ္ထရစ္သြင္းလိုက္ၿပီးေနာက္မွာေတာ့ နယူးဇီလန္နည္းျပလည္း မခံစားႏိုင္ေတာ့ဘဲ
ပထမပိုင္းမၿပီးခင္ ပြဲခ်ိန္ မိနစ္ ၄၀ မွာပဲ မီေကလာမိုးရ္ကို လူစားလဲခဲ့လိုက္ရပါတယ္။
မီေကလာမိုးရ္ဟာ ၂၅ ႏွစ္သာရွိေသးၿပီး လီဗာပူးအမ်ိဳးသမီးအသင္းမွာ ၂၀၂၀ ကတည္းက
ကစားေနသူပါ။ လီဗာပူးအတြက္ ၁၅ ပြဲကစားၿပီး ၂ ဂိုးသြင္းေပးထားပါတယ္။ သူဟာ
ဒီလိုၿပီးျပည့္စုံတဲ့ OG ဟတ္ထရစ္ကို ပထမပိုင္းမွာပဲ သြင္းခဲ့တာျဖစ္ၿပီး မီဒီယာေတြနဲ႔
လူမႈကြန္ရက္အသုံးျပဳသူေတြအၾကားမွာေတာ့ ထူးျခားတဲ့သတင္းအျဖစ္
တင္ဆက္၊ ျဖန႔္ေဝမႈေတြ မ်ားေနပါတယ္။