‘No More Red’ အစီအစဉ်ကို လူတွေပိုပြီးတော့သတိပြုလာနိုင်အောင် အာဆင်နယ် campaign ပြုလုပ်

အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ‘No More Red’ အစီအစဉ်ကို

လူတွေပိုပြီးတော့သတိပြုလာနိုင်အောင် နော်တင်ဟမ်ဖောရက်စ်နဲ့ကစားမယ့်

FA ဖလားတတိယအဆင့်ပွဲမှာ ထူးထူးခြားခြားအဖြစ်

ပုံမှန်ဝတ်ဆင်နေတဲ့ အနီနဲ့အဖြူ နှစ်ရောင်စပ်ဂျာစီကို

ဝတ်ဆင်မှာမဟုတ်ဘဲ အဖြူရောင်ဂျာစီကိုသာ ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းက လန်ဒန်မြို့တွင်းမှာ လူငယ်လေးတွေ အန္တရာယ်မရှိဘဲ

လုံလုံခြုံခြုံသွားလာနိုင်ဖို့၊ လူငယ်တွေအချင်းချင်းဖြစ်တဲ့ ရန်ပွဲကနေ

ဓားနဲ့ထိုးအသတ်ခံရတဲ့အဖြစ်အပျက်တွေ နောက်ထပ်မဖြစ်ပေါ်လာဖို့အတွက်

Adidas ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ ‘No More Red’ ဆိုတဲ့နာမည်နဲ့

campaign ပြုလုပ်နေတာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ

ဝတ်ဆင်ကစားမယ့် အာဆင်နယ်အသင်းဂျာစီက အဲဒီတစ်ပွဲတည်းအတွက်

ရည်ရွယ်ထားတာဖြစ်ပြီး ပရိသတ်တွေဆီရောင်းချတာမျိုးပြုလုပ်သွားမှာမဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်က လန်ဒန်မြို့မှာ ဆယ်ကျော်သက်လူငယ်အယောက်(၃၀)အထိ

အသတ်ခံခဲ့ရပြီး ဒါက အဆိုးရွားဆုံးမှတ်တမ်းဖြစ်သလို

သေဆုံးခဲ့သူအများစုက ဓားနဲ့အထိုးခံခဲ့ရတာပါ။ ၂၀၂၀၊ ဇွန်လကနေ ၂၀၂၁ ဇွန်လအထိ

လန်ဒန်မြို့အတွင်း ဓားထိုးမှုဖြစ်ခဲ့တဲ့ဖြစ်ရပ်ပေါင်း(၁၀,၀၀၀)ကျော်အထိရှိခဲ့ပြီး

ဆယ်ကျော်လူငယ်အချင်းချင်း ရန်ဖြစ်တာကနေ

လက်လွန်ခြေလွန်ဖြစ်ခဲ့ရတာတွေလည်းပါဝင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဂန္ထဝင်တိုက်စစ်မှူးအီယန်ရိုက်က “လူငယ်လေးတွေဟာ

လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ခွင့်ရှိဖို့လိုအပ်ပါတယ်။

အဲဒီအတွက် လုံခြုံတဲ့ပတ်ဝန်းကျင်ရှိဖို့၊ အကြမ်းဖက်မှုတွေကို

စိုးရိမ်စရာမရှိတဲ့အနေအထားဖြစ်ဖို့တော့ လိုတာပေ့ါ။

လန်ဒန်မြို့အတွင်း လူငယ်တွေအချင်းချင်းရန်ပွဲတွေဖြစ်လာတာကို

တဖြည်းဖြည်းအသားကျလာတာကနေ အသက်တွေ

ဆုံးရှုံးရတဲ့အထိဖြစ်ရတာမျိုး ကျွန်တော်တို့ လက်သင့်ခံလို့မရပါဘူး။

လူငယ်လေးတွေအတွက် ပိုကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်လာအောင်

ကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့

ဖန်တီးပေးရမှာပဲဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

‘No More Red’ အစီအစဥ္ကို လူေတြပိုၿပီးေတာ့သတိျပဳလာႏိုင္ေအာင္ အာဆင္နယ္ campaign ျပဳလုပ္

အာဆင္နယ္အသင္းဟာ သူတို႔ရဲ႕ ‘No More Red’ အစီအစဥ္ကို

လူေတြပိုၿပီးေတာ့သတိျပဳလာႏိုင္ေအာင္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ကစားမယ့္

FA ဖလားတတိယအဆင့္ပြဲမွာ ထူးထူးျခားျခားအျဖစ္

ပုံမွန္ဝတ္ဆင္ေနတဲ့ အနီနဲ႔အျဖဴ ႏွစ္ေရာင္စပ္ဂ်ာစီကို

ဝတ္ဆင္မွာမဟုတ္ဘဲ အျဖဴေရာင္ဂ်ာစီကိုသာ ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းက လန္ဒန္ၿမိဳ႕တြင္းမွာ လူငယ္ေလးေတြ အႏၲရာယ္မရွိဘဲ

လုံလုံၿခဳံၿခဳံသြားလာႏိုင္ဖို႔၊ လူငယ္ေတြအခ်င္းခ်င္းျဖစ္တဲ့ ရန္ပြဲကေန

ဓားနဲ႔ထိုးအသတ္ခံရတဲ့အျဖစ္အပ်က္ေတြ ေနာက္ထပ္မျဖစ္ေပၚလာဖို႔အတြက္

Adidas ကုမၸဏီနဲ႔ပူးေပါင္းၿပီးေတာ့ ‘No More Red’ ဆိုတဲ့နာမည္နဲ႔

campaign ျပဳလုပ္ေနတာျဖစ္ပါတယ္။ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ

ဝတ္ဆင္ကစားမယ့္ အာဆင္နယ္အသင္းဂ်ာစီက အဲဒီတစ္ပြဲတည္းအတြက္

ရည္႐ြယ္ထားတာျဖစ္ၿပီး ပရိသတ္ေတြဆီေရာင္းခ်တာမ်ိဳးျပဳလုပ္သြားမွာမဟုတ္ပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က လန္ဒန္ၿမိဳ႕မွာ ဆယ္ေက်ာ္သက္လူငယ္အေယာက္(၃၀)အထိ

အသတ္ခံခဲ့ရၿပီး ဒါက အဆိုး႐ြားဆုံးမွတ္တမ္းျဖစ္သလို

ေသဆုံးခဲ့သူအမ်ားစုက ဓားနဲ႔အထိုးခံခဲ့ရတာပါ။ ၂၀၂၀၊ ဇြန္လကေန ၂၀၂၁ ဇြန္လအထိ

လန္ဒန္ၿမိဳ႕အတြင္း ဓားထိုးမႈျဖစ္ခဲ့တဲ့ျဖစ္ရပ္ေပါင္း(၁၀,၀၀၀)ေက်ာ္အထိရွိခဲ့ၿပီး

ဆယ္ေက်ာ္လူငယ္အခ်င္းခ်င္း ရန္ျဖစ္တာကေန

လက္လြန္ေျခလြန္ျဖစ္ခဲ့ရတာေတြလည္းပါဝင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဂႏၴဝင္တိုက္စစ္မႉးအီယန္႐ိုက္က “လူငယ္ေလးေတြဟာ

လြတ္လြတ္လပ္လပ္ရပ္တည္ႏိုင္ခြင့္ရွိဖို႔လိုအပ္ပါတယ္။

အဲဒီအတြက္ လုံၿခဳံတဲ့ပတ္ဝန္းက်င္ရွိဖို႔၊ အၾကမ္းဖက္မႈေတြကို

စိုးရိမ္စရာမရွိတဲ့အေနအထားျဖစ္ဖို႔ေတာ့ လိုတာေပ့ါ။

လန္ဒန္ၿမိဳ႕အတြင္း လူငယ္ေတြအခ်င္းခ်င္းရန္ပြဲေတြျဖစ္လာတာကို

တျဖည္းျဖည္းအသားက်လာတာကေန အသက္ေတြ

ဆုံးရႈံးရတဲ့အထိျဖစ္ရတာမ်ိဳး ကြၽန္ေတာ္တို႔ လက္သင့္ခံလို႔မရပါဘူး။

လူငယ္ေလးေတြအတြက္ ပိုေကာင္းတဲ့ပတ္ဝန္းက်င္ျဖစ္လာေအာင္

ကြၽန္ေတာ္တို႔အားလုံးစုေပါင္းၿပီးေတာ့

ဖန္တီးေပးရမွာပဲျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။