No Messi, No Party နဲ့ အရှက်ရဖွယ်ဂိုးပြတ်အရေးနိမ့်သွားတဲ့ ပီအက်စ်ဂျီ

ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးနောက် အာရုံစိုက်စရာဆိုလို့

ပြည်တွင်းပြိုင်ပွဲတွေပဲရှိတော့တဲ့ ပီအက်စ်ဂျီဟာ
ယနေ့ညနေပိုင်းမှာတော့ မိုနာကိုအသင်းကို
၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ နည်းပြပိုချက်တီနိုလည်း
ဖိအားတွေနဲ့ ပိုမိုရင်ဆိုင်သွားခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ဒုတိယနေရာက မာဆေးလ်ကို

တစ်ပွဲပို ၁၅ မှတ်အထိ ဖြတ်ထားနိုင်ဆဲဖြစ်လို့
အမှတ်ပေးချန်ပီယံပြန်ဖြစ်ဖို့ အခြေအနေ
အကောင်းဆုံးဖြစ်နေဆဲဖြစ်ပေမယ့် မိုနာကိုအသင်းကို
ဂိုးပြတ်အရေးနိမ့်ခဲ့ရတာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ဘော်ဒိုးကို အနိုင်ရခဲ့တဲ့ပွဲမှာ အိမ်ရှင်ပီအက်စ်ဂျီပရိသတ်တွေရဲ့

လှောင်ပြောင်အော်ဟစ်ခြင်း ခံခဲ့ရတဲ့ မက်ဆီ မပါနိုင်တဲ့ဒီပွဲမှာတော့
ပီအက်စ်ဂျီတိုက်စစ်က အတော်လေးသေနေခဲ့ပြီး
ပထမပိုင်းမှာဆိုရင် ပင်နယ်တီဧရိယာထဲကနေ
ဂိုးပေါက်ကန်သွင်းချက်က ၂ကြိမ်ပဲရှိခဲ့တဲ့အထိ
တိုက်စစ်ပိုင်းက ရုန်းကန်ခဲ့ရပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီဟာ ၂၀၁၉ ဧပြီလနောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် လီဂူး-၁ မှာ
အဝေးကွင်း ၃ပွဲဆက် အရေးနိမ့်ခဲ့ရပြီး
နန့်တက်စ်ကို ၃-၁၊ နိုက်စ်ကို ၁-ဝ၊ အခု
မိုနာကိုအသင်းကို ၃-၀ ဂိုးရလဒ်တွေနဲ့ အသီးသီးအရေးနိမ့်ခဲ့ရတာပါ။

ပြောရရင် ပီအက်စ်ဂျီဟာ ပြိုင်ပွဲစုံအဝေးကွင်း ၄ပွဲဆက်
အရေးနိမ့်ခဲ့ရတာဖြစ်ပြီး အဲဒီ ၃ပွဲနဲ့အတူ
ချန်ပီယံလိဂ် ၁၆သင်းအဆင့်(ဒု-အကျော့)မှာ
ရီးရဲလ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီက ဒီပွဲအတွက် ပြင်ဆင်ချိန်
တစ်ပတ်လုံးရချိန်မှာ မိုနာကိုကတော့
ပြင်ဆင်ချိန် ၃ ရက်ပဲ ရခဲ့ပေမယ့် အိမ်ရှင်အသင်းက
စိတ်ဓာတ်အပြည့်နဲ့ ကစားသွားခဲ့ပြီး

ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် အသင်းကြီးကို
ဂိုးပြတ်အနိုင်ကစားသွားတာဖြစ်ပါတယ်။

မက်ဆီဟာ နေမကောင်းဖြစ်နေလို့ ၃ရက်ဆက်
ဆေးကုသမှုခံယူခဲ့ရတာကြောင့် မိုနာကိုနဲ့ပွဲကို
လွဲချော်ခဲ့ရတာဖြစ်ပြီး ဒီညကစားမယ့်
ရီးရဲလ်နဲ့ ဘာစီလိုနာတို့ရဲ့ အယ်လ်ကလက်စီကိုပွဲကို
လာရောက်အားပေးကြည့်ရှုမှာဖြစ်ပါတယ်။

Zawgyi

No Messi, No Party နဲ႔ အရွက္ရဖြယ္ဂိုးျပတ္အေရးနိမ့္သြားတဲ့ ပီအက္စ္ဂ်ီ
ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီးေနာက္ အာရုံစုိက္စရာဆုိလုိ႔

ျပည္တြင္းၿပိဳင္ပဲြေတြပဲရွိေတာ့တဲ့ ပီအက္စ္ဂ်ီဟာ
ယေန႔ညေနပိုင္းမွာေတာ့ မိုနာကိုအသင္းကို
၃-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့လို႔ နည္းျပပိုခ်က္တီႏိုလည္း
ဖိအားေတြနဲ႔ ပိုမိုရင္ဆိုင္သြားခဲ့ရပါတယ္။
ပီအက္စ္ဂ်ီဟာ ဒုတိယေနရာက မာေဆးလ္ကို

တစ္ပြဲပို ၁၅ မွတ္အထိ ျဖတ္ထားႏိုင္ဆဲျဖစ္လုိ႔
အမွတ္ေပးခ်န္ပီယံျပန္ျဖစ္ဖို႔ အေျခအေန
အေကာင္းဆုံးျဖစ္ေနဆဲျဖစ္ေပမယ့္ မိုနာကိုအသင္းကို
ဂိုးျပတ္အေရးနိ္မ့္ခဲ့ရတာကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။
ေဘာ္ဒိုးကို အႏိုင္ရခဲ့တဲ့ပြဲမွာ အိမ္ရွင္ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕

ေလွာင္ေျပာင္ေအာ္ဟစ္ျခင္း ခံခဲ့ရတဲ့ မက္ဆီ မပါႏုိင္တဲ့ဒီပြဲမွာေတာ့
ပီအက္စ္ဂ်ီတုိက္စစ္က အေတာ္ေလးေသေနခဲ့ၿပီး
ပထမပိုင္းမွာဆုိရင္ ပင္နယ္တီဧရိယာထဲကေန
ဂိုးေပါက္ကန္သြင္းခ်က္က ၂ႀကိမ္ပဲရွိခဲ့တဲ့အထိ
တုိက္စစ္ပိုင္းက ရုန္းကန္ခဲ့ရပါတယ္။

ဒါ့အျပင္ ပီအက္စ္ဂ်ီဟာ ၂၀၁၉ ဧၿပီလေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ လီဂူး-၁ မွာ
အေ၀းကြင္း ၃ပြဲဆက္ အေရးနိမ့္ခဲ့ရၿပီး
နန္႔တက္စ္ကို ၃-၁၊ ႏုိက္စ္ကို ၁-၀၊ အခု
မိုနာကိုအသင္းကို ၃-၀ ဂိုးရလဒ္ေတြနဲ႔ အသီးသီးအေရးနိမ့္ခဲ့ရတာပါ။

ေျပာရရင္ ပီအက္စ္ဂ်ီဟာ ၿပိဳင္ပြဲစုံအေ၀းကြင္း ၄ပြဲဆက္
အေရးနိမ့္ခဲ့ရတာျဖစ္ၿပီး အဲဒီ ၃ပြဲနဲ႔အတူ
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္(ဒု-အေက်ာ့)မွာ
ရီးရဲလ္ကို ၃-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ပီအက္စ္ဂ်ီက ဒီပြဲအတြက္ ျပင္ဆင္ခ်ိန္
တစ္ပတ္လုံးရခ်ိန္မွာ မိုနာကိုကေတာ့
ျပင္ဆင္ခ်ိန္ ၃ ရက္ပဲ ရခဲ့ေပမယ့္ အိမ္ရွင္အသင္းက
စိတ္ဓာတ္အျပည့္နဲ႔ ကစားသြားခဲ့ပီး

ဥေရာပ၀င္ခြင့္ေမွ်ာ္လင့္ခ်က္အတြက္ အသင္းႀကီးကို
ဂိုးျပတ္အႏိုင္ကစားသြားတာျဖစ္ပါတယ္။

မက္ဆီဟာ ေနမေကာင္းျဖစ္ေနလုိ႔ ၃ရက္ဆက္
ေဆးကုသမႈခံယူခဲ့ရတာေၾကာင့္ မုိနာကိုနဲ႔ပြဲကို
လြဲေခ်ာ္ခဲ့ရတာျဖစ္ၿပီး ဒီညကစားမယ့္
ရီးရဲလ္နဲ႔ ဘာစီလုိနာတုိ႔ရဲ႕ အယ္လ္ကလက္စီကိုပြဲကို
လာေရာက္အားေပးၾကည့္ရႈမွာျဖစ္ပါတယ္။