ရော်နယ်ဒိုဟာ အယ်လ်နက်ဆာကိုပြောင်းရွှေ့လာခြင်းနဲ့အတူ ကမ္ဘာ့လုပ်ခလစာအမြင့်ဆုံး
ဖြစ်လာခဲ့ပေမယ့် ၂၀၁၇ ခုနှစ်မှာ ဆော်ဒီဆက်သွယ်ရေးကုမ္ပဏီတစ်ခုကပေးဆောင်ခဲ့ရတဲ့
ဝန်ဆောင်မှုတွေထက်တော့ အများကြီးဈေးသက်သာနေတယ်လို့ sportbible ကဖော်ပြလိုက်ပါတယ်။
အထူးသဖြင့်တော့ ရော်နယ်ဒိုဟာ ဈေးကွက်ချဲ့ထွင်မှုလိုဖြစ်ခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ
ဘောလုံးနဲ့ပက်သတ်လို့အမြင်သစ်တွေရရှိခဲ့တာဖြစ်တယ်။ GOAT တစ်ယောက်ဟာ
အယ်လ်နက်ဆာမှာ တစ်နေ့ကို ပေါင် ၅၁၄၀၀၀ နဲ့ တစ်နာရီကို ပေါင် ၂၁၄၀၀ ရရှိနေတာဖြစ်တယ်။
Der Spiegel ဂျာနယ်လစ်တွေဖြစ်တဲ့ ဘက်ရှ်မန်းနဲ့ ဝူလ်ဇင်ဂါတို့ဖော်ပြခဲ့တဲ့ Football Leaks
စာအုပ်မှာတော့ ကမ္ဘာ့အကျော်အကြားဆုံးလူတစ်ဦးကိုငှားရမ်းခ ဘယ်လောက်ကုန်ကျသလဲဆိုတာကို
အသေးစိတ်ဖော်ပြထားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဆော်ဒီဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့
Mobily ဟာ ရော်နယ်ဒိုရဲ့ အိုင်ယာလန်ပုံရိပ်အခွင့်အရေးကုမ္ပဏီ Multisports & Image Management နဲ့
စာချုပ်ချုပ်ဆိုခဲ့တာပါ။ သဘောတူညီချက်အရ ၄ နာရီခွဲသာအချိန်ယူပြီး ပေါ်တူဂီစူပါစတားကို
ဓာတ်ပုံရိုက်ကူးခြင်း၊ လက်မှတ်ထိုးအင်္ကျီ ၅ ထည်နဲ့ ဆိုရှယ်မီဒီယာဝန်ဆောင်မှုနှစ်ခုအတွက်
ပို့စ်တစ်ခုကို ပေါင် ၁.၆ သန်းအထိအသုံးပြုခဲ့ရပါတယ်။ တနည်းအားဖြင့်တော့ ရော်နယ်ဒိုအပေါ်
အယ်လ်နက်ဆာအသင်းပေးချေနေတဲ့ တစ်ရက်လုပ်ခလစာဟာ Mobily ဘက်က ၄ နာရီခွဲ
ဝန်ဆောင်မှုတွေထက်တော့ အများကြီးဈေးသက်သာနေတာဖြစ်တယ်။ Mobily ရဲ့ပုံရိပ်ထုတ်ဝေမှုဟာ
အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာသာ ကန့်သတ်ထားတာကြောင့် ဒေသတွင်းလောက်သာ
ဖြစ်တယ်လို့ဆိုနိုင်ပေမယ့် အကျော်ကြားဆုံးလူတစ်ယောက်ကို နာရီပိုင်းငှားရမ်းဖို့အတွက်
အသုံးပြုခဲ့ရတဲ့ငွေကြေးကြောက်စရာကောင်းအောင်များပြားနေခဲ့တာပါ။
zawgyi
Mobily ရဲ့ ရော်နယ်ဒိုအပေါ် ၄ နာရီခွဲငှားရမ်းခက အယ်လ်နက်ဆာအသင်းပေးချေနေတဲ့ တစ်ရက်လုပ်ခလစာထက် ပိုများခဲ့