MMA တိုက်ခိုက်ရေးပြိုင်ပွဲဝင်တွေထက် ပိုပြီးချမ်းသာကြွယ်ဝတဲ့ Ring Girl

MMA ကိုယ်ခံပညာပေါင်းစုံတိုက်စုံပြိုင်ပွဲျတွေမှာသာမက

တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ ကြိုးဝိုင်းပတ် ဆိုင်းဘုတ်ကိုင် (Ring girls) တွေအဖြစ်

လုပ်ကိုင်နေကြသူတွေကို လျော့တွက်လို့မရဘဲ

အချို့ဆိုရင် MMA တိုက်ခိုက်ရေးသမားတွေထက်တောင်

ဝင်ငွေပိုကောင်းပြီး ချမ်းသာကြွယ်ဝသူတွေ ဖြစ်နေကြပါတယ်။

အာရီယန်နီ ဆီလက်စ်တီလို့အမည်ရတဲ့ Ring girl ကလည်း

အချို့သော MMA တိုက်ခိုက်ရေးသမားတွေထက်တောင်

ပိုပြီးဝင်ငွေကောင်းတဲ့ ချမ်းသာကြွယ်ဝသူဖြစ်နေပါတယ်။

၂၀၁၉ ကစလို့ MMA ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ္ပြိုင်ခဲ့တဲ့

ဟဲဗီးဝိတ်ချန်ပီဟောင်း ဂါနီဆိုရင် ပြီးခဲ့တဲ့ စနေနေ့က ဖရန့်စစ်နန်နူးကို ရှုံးပြီး

ချန်ပီယံခါးပတ် လက် မလွတ်ရမီအချိန်အထိ ၁၀ ပွဲယှဥ္ပြိုင်ပြီး

ရာနှုန်းပြည့် အနိုင်ရခဲ့သူပါ။

တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာ သွေးသံရဲရဲ ထိုးသတ်ယှဥ္ပြိုင်နေရသလို

အခက်မသင့်ရင် အသတ်ဆုံးရှုံးသွားနိုင်ပေမယ့်

သူရဲ့ ချမ်းသာကြွယ်ဝမှုဟာ အာရီယန်နီဆီလက်စ်တီကို မမီပါဘူး။

ဂါနီဟာ ဒေါ်လာ ၁ သန်းလောက်ချမ်းသာကြွယ်ဝတယ်လို့ ခန့်မှန်းထားကြပြီး

ဆီလက်စ်တီကတော့ သူ့ထက် အနည်းဆုံး ၄ ဆ ချမ်းသာပြီး

ဒေါ်လာ ၄ သန်းလောက်ကြွယ်ဝနေပြီလို့လည်း မီဒီယာတွေက ခန့်မှန်းကြပါတယ်။

MMA တိုက်ခိုက်ရေးပြိုင်ပွဲဝင်အဖြစ်ကနေ

ဟောလိဝုဒ်သရုပ်ဆောင်ဘဝကို ကူးပြောင်းသွားခဲ့တဲ့

ရွန်ဒါရမ်းဆေးကလည်း ဆီလက်စ်တီနဲ့ ပတ်သက်ပြီး

ပြိုင်ပွဲဝင်တွေရတဲ့ငွေကြေးထက် Ring Girl တွေကိုပေးရတဲ့ငွေက

ပိုများတယ်လို့ ၂၀၁၅ ခုနှစ်အတွင်းက ဝေဖန်ခဲ့ဖူးပြီး ပွဲဆူခဲ့ဖူးပါသေးတယ်။

Ring Girl ဆိုပေမယ့် ဆီလက်စ်တီရဲ့ အသက်က

မငယ်တော့ဘဲ ၃၆ နှစ်တောင် ရှိနေပါပြီ။

Ring Girl လောကကို ၂၀၀၆ ခုနှစ်က စတင်ဝင်ရောက်လာတာဖြစ်ပြီး

ပွဲဦးထွက်နှစ်မှာပဲ ၂၀၀၆ ခုနှစ်ရဲ့ တစ်နှစ်တာ Ring Girl ဆုကိုရခဲ့ပါတယ်။

သူမရဲ့ Ring Girl သက်တမ်းတစ်လျောက် တစ်နှစ်တာ Ring Girl ဆုကို

၈ ကြိမ်အထိ ရရှိခဲ့ပြီး Ring Girl ကြေးကလည်း

တစ်နှစ်ကို ဒေါ်လာ ၁ သန်းလောက် ရနေတယ်လို့ ဆိုပါတယ်။

ဆီလက်စ်တီဟာ Ring Girl အဖြစ်ဝင်ငွေကောင်းနေတာမှန်ပေမယ့်

သူမပိုမိုချမ်းသာလာတာကလည်း ကားရုပ်သံအစီအစဥ္ Overhaulin တင်ဆက်သူ၊

မဂ္ဂဇင်းမျက်နှာဖုံးမော်ဒယ် အစရှိတဲ့အလုပ်တွေကိုပါ

လုပ်ကိုင်ခဲ့ရာမှာ ပိုပြီးအောင်မြင်သွားခဲ့တာကတော့

ကာလသားတွေအကြိုက် Play Boy မဂ္ဂဇင်းရဲ့ မော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့တာပါပဲ။

၂၀၁၀ နိုဝင်ဘာလထုတ် Play Boy မဂ္ဂဇင်းမှာ ဆီလက်စ်တီဟာ

ကိုယ်လုံးတီးပုံနဲ့ သရုပ်ဆောင်ရိုက်ကူးပေးခဲ့ပြီး

အဲ့ဒိ နိုဝင်ဘာလထုတ် မဂ္ဂဇင်းကလည်း ၂၀၁၀ ခုနှစ်ရဲ့

အရောင်းရဆုံး Play Boy မဂ္ဂဇင်းတောင် ဖြစ်ခဲ့တာပါ။

Ring Girl လောကမှာသာမက မော်ဒယ်အဖြစ်ပါအောင်မြင်နေလို့လည်း

သူမနဲ့အတူ ချစ်ကြိုးသွယ်လိုသူက မနည်းလှပါသလို

ဆီလက်စ်တီကိုယ်တိုင်ကလည်း နာမည်ကြီး၊

ရေလျှံသူတွေနဲ့ တွဲဖို့ကို ဝန်မလေးပါဘူး။

ဒါပေမယ့်နောက်ဆုံးမှာတော့ တေလာကင်းနဲ့ အတည်တွဲခဲ့ပြီး

သူမတို့ ၂ ယောက်ရဲ့ ပထမဆုံး ရင်သွေးလေးဖြစ်တဲ့

သားဖြစ်သူ ရိုင်ယန်ဘက်ခမ်ကင်းကို ၂၀၂၀ အောက်တိုဘာလအတွင်းမှာ

ဖွားမြင်ခဲ့သလို မီးဖွားပြီးနောက် ၃ လသာ အနားယူခဲ့ကာ

Ring Gril လောကထဲမှာ ပြန်လည်လှုပ်ရှားနေပါပြီ။

ဖိလစ်ပိုင်နိုင်ငံသားဖခင်၊ မက္ကဆီကိုသူ မိခင်တို့ကမွေးဖွားလာခဲ့ပြီး

အမေရိကန်မှာ မွေးခဲ့တဲ့ ဆီလက်စတီဟာ ကပြားသွေးတွေ

ရောစပ်ထားသူမို့ တစ်မျိုးလှပနေသလို အသက် ၃၆ နှစ်အရွယ်ရှိနေတာတောင်

Ring Girls လောကမှာ အောင်မြင်မှုတည်ဆောက်ထားနိုင်ပြီး

MMA တိုက်ခိုက်ရေးပြိုင်ပွဲဝင်တွေထက် ပိုပြီးချမ်းသာကြွယ်ဝနေတာကတော့

ချီးကျူးစရာ ကောင်းနေပါတယ်။

zawgyi

MMA တိုက္ခိုက္ေရးၿပိဳင္ပြဲဝင္ေတြထက္ ပိုၿပီးခ်မ္းသာႂကြယ္ဝတဲ့ Ring Girl

MMA ကိုယ္ခံပညာေပါင္းစုံတိုက္စုံၿပိဳင္ပြဲ်ေတြမွာသာမက

တိုက္ခိုက္ေရးၿပိဳင္ပြဲေတြမွာ ႀကိဳးဝိုင္းပတ္ ဆိုင္းဘုတ္ကိုင္ (Ring girls) ေတြအျဖစ္

လုပ္ကိုင္ေနၾကသူေတြကို ေလ်ာ့တြက္လို႔မရဘဲ

အခ်ိဳ႕ဆိုရင္ MMA တိုက္ခိုက္ေရးသမားေတြထက္ေတာင္

ဝင္ေငြပိုေကာင္းၿပီး ခ်မ္းသာႂကြယ္ဝသူေတြ ျဖစ္ေနၾကပါတယ္။

အာရီယန္နီ ဆီလက္စ္တီလို႔အမည္ရတဲ့ Ring girl ကလည္း

အခ်ိဳ႕ေသာ MMA တိုက္ခိုက္ေရးသမားေတြထက္ေတာင္

ပိုၿပီးဝင္ေငြေကာင္းတဲ့ ခ်မ္းသာႂကြယ္ဝသူျဖစ္ေနပါတယ္။

၂၀၁၉ ကစလို႔ MMA ၿပိဳင္ပြဲေတြမွာ ပါဝင္ယွၪၸျိုင္ခဲ့တဲ့

ဟဲဗီးဝိတ္ခ်န္ပီေဟာင္း ဂါနီဆိုရင္ ၿပီးခဲ့တဲ့ စေနေန႔က ဖရန္႔စစ္နန္ႏူးကို ရႈံးၿပီး

ခ်န္ပီယံခါးပတ္ လက္ မလြတ္ရမီအခ်ိန္အထိ ၁၀ ပြဲယွၪၸျိုင္ၿပီး

ရာႏႈန္းျပည့္ အႏိုင္ရခဲ့သူပါ။

တိုက္ခိုက္ေရးၿပိဳင္ပြဲေတြမွာ ေသြးသံရဲရဲ ထိုးသတ္ယွၪၸျိုင္ေနရသလို

အခက္မသင့္ရင္ အသတ္ဆုံးရႈံးသြားႏိုင္ေပမယ့္

သူရဲ႕ ခ်မ္းသာႂကြယ္ဝမႈဟာ အာရီယန္နီဆီလက္စ္တီကို မမီပါဘူး။

ဂါနီဟာ ေဒၚလာ ၁ သန္းေလာက္ခ်မ္းသာႂကြယ္ဝတယ္လို႔ ခန္႔မွန္းထားၾကၿပီး

ဆီလက္စ္တီကေတာ့ သူ႔ထက္ အနည္းဆုံး ၄ ဆ ခ်မ္းသာၿပီး

ေဒၚလာ ၄ သန္းေလာက္ႂကြယ္ဝေနၿပီလို႔လည္း မီဒီယာေတြက ခန္႔မွန္းၾကပါတယ္။

MMA တိုက္ခိုက္ေရးၿပိဳင္ပြဲဝင္အျဖစ္ကေန

ေဟာလိဝုဒ္သ႐ုပ္ေဆာင္ဘဝကို ကူးေျပာင္းသြားခဲ့တဲ့

႐ြန္ဒါရမ္းေဆးကလည္း ဆီလက္စ္တီနဲ႔ ပတ္သက္ၿပီး

ၿပိဳင္ပြဲဝင္ေတြရတဲ့ေငြေၾကးထက္ Ring Girl ေတြကိုေပးရတဲ့ေငြက

ပိုမ်ားတယ္လို႔ ၂၀၁၅ ခုႏွစ္အတြင္းက ေဝဖန္ခဲ့ဖူးၿပီး ပြဲဆူခဲ့ဖူးပါေသးတယ္။

Ring Girl ဆိုေပမယ့္ ဆီလက္စ္တီရဲ႕ အသက္က

မငယ္ေတာ့ဘဲ ၃၆ ႏွစ္ေတာင္ ရွိေနပါၿပီ။

Ring Girl ေလာကကို ၂၀၀၆ ခုႏွစ္က စတင္ဝင္ေရာက္လာတာျဖစ္ၿပီး

ပြဲဦးထြက္ႏွစ္မွာပဲ ၂၀၀၆ ခုႏွစ္ရဲ႕ တစ္ႏွစ္တာ Ring Girl ဆုကိုရခဲ့ပါတယ္။

သူမရဲ႕ Ring Girl သက္တမ္းတစ္ေလ်ာက္ တစ္ႏွစ္တာ Ring Girl ဆုကို

၈ ႀကိမ္အထိ ရရွိခဲ့ၿပီး Ring Girl ေၾကးကလည္း

တစ္ႏွစ္ကို ေဒၚလာ ၁ သန္းေလာက္ ရေနတယ္လို႔ ဆိုပါတယ္။

ဆီလက္စ္တီဟာ Ring Girl အျဖစ္ဝင္ေငြေကာင္းေနတာမွန္ေပမယ့္

သူမပိုမိုခ်မ္းသာလာတာကလည္း ကား႐ုပ္သံအစီအစၪ္ Overhaulin တင္ဆက္သူ၊

မဂၢဇင္းမ်က္ႏွာဖုံးေမာ္ဒယ္ အစရွိတဲ့အလုပ္ေတြကိုပါ

လုပ္ကိုင္ခဲ့ရာမွာ ပိုၿပီးေအာင္ျမင္သြားခဲ့တာကေတာ့

ကာလသားေတြအႀကိဳက္ Play Boy မဂၢဇင္းရဲ႕ ေမာ္ဒယ္အျဖစ္ သ႐ုပ္ေဆာင္ခဲ့တာပါပဲ။

၂၀၁၀ ႏိုဝင္ဘာလထုတ္ Play Boy မဂၢဇင္းမွာ ဆီလက္စ္တီဟာ

ကိုယ္လုံးတီးပုံနဲ႔ သ႐ုပ္ေဆာင္႐ိုက္ကူးေပးခဲ့ၿပီး

အဲ့ဒိ ႏိုဝင္ဘာလထုတ္ မဂၢဇင္းကလည္း ၂၀၁၀ ခုႏွစ္ရဲ႕

အေရာင္းရဆုံး Play Boy မဂၢဇင္းေတာင္ ျဖစ္ခဲ့တာပါ။

Ring Girl ေလာကမွာသာမက ေမာ္ဒယ္အျဖစ္ပါေအာင္ျမင္ေနလို႔လည္း

သူမနဲ႔အတူ ခ်စ္ႀကိဳးသြယ္လိုသူက မနည္းလွပါသလို

ဆီလက္စ္တီကိုယ္တိုင္ကလည္း နာမည္ႀကီး၊

ေရလွ်ံသူေတြနဲ႔ တြဲဖို႔ကို ဝန္မေလးပါဘူး။

ဒါေပမယ့္ေနာက္ဆုံးမွာေတာ့ ေတလာကင္းနဲ႔ အတည္တြဲခဲ့ၿပီး

သူမတို႔ ၂ ေယာက္ရဲ႕ ပထမဆုံး ရင္ေသြးေလးျဖစ္တဲ့

သားျဖစ္သူ ႐ိုင္ယန္ဘက္ခမ္ကင္းကို ၂၀၂၀ ေအာက္တိုဘာလအတြင္းမွာ

ဖြားျမင္ခဲ့သလို မီးဖြားၿပီးေနာက္ ၃ လသာ အနားယူခဲ့ကာ

Ring Gril ေလာကထဲမွာ ျပန္လည္လႈပ္ရွားေနပါၿပီ။

ဖိလစ္ပိုင္ႏိုင္ငံသားဖခင္၊ မကၠဆီကိုသူ မိခင္တို႔ကေမြးဖြားလာခဲ့ၿပီး

အေမရိကန္မွာ ေမြးခဲ့တဲ့ ဆီလက္စတီဟာ ကျပားေသြးေတြ

ေရာစပ္ထားသူမို႔ တစ္မ်ိဳးလွပေနသလို အသက္ ၃၆ ႏွစ္အ႐ြယ္ရွိေနတာေတာင္

Ring Girls ေလာကမွာ ေအာင္ျမင္မႈတည္ေဆာက္ထားႏိုင္ၿပီး

MMA တိုက္ခိုက္ေရးၿပိဳင္ပြဲဝင္ေတြထက္ ပိုၿပီးခ်မ္းသာႂကြယ္ဝေနတာကေတာ့

ခ်ီးက်ဴးစရာ ေကာင္းေနပါတယ္။