ဇနီးဖြစ်သူ ပဲရစ်မြို့မှာ မပျော်ရွှင်တာကြောင့် စပိန်ကိုပြန်ဖို့ဆန္ဒရှိနေတဲ့ မက်ဆီ

PSG အသင်းက အာဂျင်တီးနားနာမည်ကျော်ကစားသမားမက်ဆီရဲ့ဇနီးဖြစ်သူ

အန်တိုနယ်လာဟာ ပဲရစ်မြို့မှာနေရတာ မပျော်မရွှင်ဖြစ်နေတာကြောင့်

စပိန်ကိုပြန်ဖို့ဆန္ဒရှိနေတဲ့အတွက် အကျိုးဆက်အနေနဲ့

မက်ဆီဟာ အသင်းဟောင်းဘာစီလိုနာဆီ မထင်မှတ်ဘဲ

ပြန်လည်ပြောင်းရွှေ့ဖို့ရှိနေပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကာလမှ

ဆယ်စုနှစ်တစ်ကျော်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ရုတ်တရက်လမ်းခွဲပြီးတော့

PSG အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ရာသီဝက်ကာလမှာပဲ

အသင်းဟောင်းကို ပြန်ရောက်မယ့်အရိပ်အယောင်တွေဖြစ်နေတာပါ။

အန်တိုနယ်လာဟာ ပဲရစ်မြို့မှာနေရတာ အဆင်မပြေဖြစ်နေတာကြောင့်

ဘာစီလိုနာမြို့ကိုပြန်ဖို့အတွက် မက်ဆီကို ဖိအားပေးတိုက်တွန်းနေတယ်လို့

El Nacional သတင်းစာကဖော်ပြခဲ့ပါတယ်။

အန်တိုနယ်လာနဲ့ သား(၃)ယောက်ဖြစ်သူ သီယာဂို၊ မက်တေယို၊ စီရိုတို့ဟာ

ပဲရစ်မြို့မှာအသိအကျွမ်းမရှိဘဲနဲ့နေထိုင်နေရတဲ့အတွက်

ဘာစီလိုနာမှာရှိတဲ့ သူတို့ သူငယ်ချင်းမိတ်ဆွေတွေကို

လွမ်းဆွတ်သတိရနေပြီး ပိုဆိုးတာက ပဲရစ်မြို့ရာသီဥတုအခြေအနေက

ဘာစီလိုနာမှာလို နေလို့ထိုင်လို့ကောင်းတဲ့အနေအထားမရှိတာပါပဲ။

ဒါ့အပြင် မက်ဆီဟာ PSG အသင်းကစားသမားဘဝမှာ

ဒဏ်ရာပြဿနာ၊ ကိုဗစ်ကူးစက်ခံရတာတွေအပါအဝင် အခြေအနေမျိုးစုံကြောင့်

ရုန်းကန်နေရပြီး အခုအချိန်အထိ ပြင်သစ်လီဂူးမှာ(၁)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

မက်ဆီရဲ့စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိဖြစ်ပေမယ့်

ဘာစီလိုနာအသင်းက သူ့, သူငယ်ချင်းနှစ်ဦးဖြစ်တဲ့

နည်းပြဇာဗီနဲ့ နောက်ခံလူအဲလ်ဗတ်စ်တို့က မက်ဆီကို

ဘာစီလိုနာအသင်းဆီပြန်ရောက်ဖို့ ကြိုးစားသွားမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

zawgyi

ဇနီးျဖစ္သူ ပဲရစ္ၿမိဳ႕မွာ မေပ်ာ္႐ႊင္တာေၾကာင့္ စပိန္ကိုျပန္ဖို႔ဆႏၵရွိေနတဲ့ မက္ဆီ

PSG အသင္းက အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမားမက္ဆီရဲ႕ဇနီးျဖစ္သူ

အန္တိုနယ္လာဟာ ပဲရစ္ၿမိဳ႕မွာေနရတာ မေပ်ာ္မ႐ႊင္ျဖစ္ေနတာေၾကာင့္

စပိန္ကိုျပန္ဖို႔ဆႏၵရွိေနတဲ့အတြက္ အက်ိဳးဆက္အေနနဲ႔

မက္ဆီဟာ အသင္းေဟာင္းဘာစီလိုနာဆီ မထင္မွတ္ဘဲ

ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ရွိေနပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီကာလမွ

ဆယ္စုႏွစ္တစ္ေက်ာ္ကစားခဲ့တဲ့ ဘာစီလိုနာအသင္းနဲ႔႐ုတ္တရက္လမ္းခြဲၿပီးေတာ့

PSG အသင္းကိုေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ ရာသီဝက္ကာလမွာပဲ

အသင္းေဟာင္းကို ျပန္ေရာက္မယ့္အရိပ္အေယာင္ေတြျဖစ္ေနတာပါ။

အန္တိုနယ္လာဟာ ပဲရစ္ၿမိဳ႕မွာေနရတာ အဆင္မေျပျဖစ္ေနတာေၾကာင့္

ဘာစီလိုနာၿမိဳ႕ကိုျပန္ဖို႔အတြက္ မက္ဆီကို ဖိအားေပးတိုက္တြန္းေနတယ္လို႔

El Nacional သတင္းစာကေဖာ္ျပခဲ့ပါတယ္။

အန္တိုနယ္လာနဲ႔ သား(၃)ေယာက္ျဖစ္သူ သီယာဂို၊ မက္ေတယို၊ စီ႐ိုတို႔ဟာ

ပဲရစ္ၿမိဳ႕မွာအသိအကြၽမ္းမရွိဘဲနဲ႔ေနထိုင္ေနရတဲ့အတြက္

ဘာစီလိုနာမွာရွိတဲ့ သူတို႔ သူငယ္ခ်င္းမိတ္ေဆြေတြကို

လြမ္းဆြတ္သတိရေနၿပီး ပိုဆိုးတာက ပဲရစ္ၿမိဳ႕ရာသီဥတုအေျခအေနက

ဘာစီလိုနာမွာလို ေနလို႔ထိုင္လို႔ေကာင္းတဲ့အေနအထားမရွိတာပါပဲ။

ဒါ့အျပင္ မက္ဆီဟာ PSG အသင္းကစားသမားဘဝမွာ

ဒဏ္ရာျပႆနာ၊ ကိုဗစ္ကူးစက္ခံရတာေတြအပါအဝင္ အေျခအေနမ်ိဳးစုံေၾကာင့္

႐ုန္းကန္ေနရၿပီး အခုအခ်ိန္အထိ ျပင္သစ္လီဂူးမွာ(၁)ဂိုးသာသြင္းယူႏိုင္ခဲ့ပါတယ္။

မက္ဆီရဲ႕စာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္အထိျဖစ္ေပမယ့္

ဘာစီလိုနာအသင္းက သူ႔, သူငယ္ခ်င္းႏွစ္ဦးျဖစ္တဲ့

နည္းျပဇာဗီနဲ႔ ေနာက္ခံလူအဲလ္ဗတ္စ္တို႔က မက္ဆီကို

ဘာစီလိုနာအသင္းဆီျပန္ေရာက္ဖို႔ ႀကိဳးစားသြားမယ္ဆိုၿပီး သတင္းေတြထြက္ေနပါတယ္။