Merry Christmas #FamilyFirst လို့ဆိုလိုက်တဲ့ အူဘာမီယန်း

အသင်းခေါင်းဆောင်အဖြစ် ဖယ်ရှားခံရပြီးနောက်

တိုက်စစ်မှူးအူဘာမီယန်းဟာ အင်စတာဂရမ်တွင် ပထမဆုံးအကြိမ်

ခရစ္စမတ်ပုံတစ်ပုံ တင်ပြီး စာရေးသား ထုတ်ဖော်ခဲ့ပါတယ်။

အူဘာမီယန်းက ခရစ္စမတ်ကာလတွင် မိသားစုနဲ့အတူ တွဲရိုက်ထားတဲ့

ဓာတ်ပုံအပြင် စာသားပါရေးသားခဲ့ပြီး သူ့ရဲ့ ရေးသားချက်တွင်

မကြာသေးခင်က အသင်းထံ ပြန်လာတဲ့ နောက်ကျမှုမျိုးကို

တောင်းပန်သွားခြင်း မရှိသေးပါဘူး။ Merry Christmas #FamilyFirst ဟု

စာရေးသားခဲ့ပြီး မိသားစုက ပထမဦးစားပေးဆိုသည့်သဘောဖြင့် တင်ထားခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်းမပါဝင်ချိန်တွင် အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်၊

ဝက်စ်ဟမ်း၊ လိဒ်စ်ယူနိုက်တက်၊ ဆန်းဒါးလန်းပွဲစဉ်အားလုံးကို

အနိုင်ကစားထားနိုင်ခဲ့ပြီး ရလဒ်တွေ ကောင်းနေခဲ့ပါတယ်။

လက်ရှိတွင် အာဆင်နယ်အသင်းတိုက်စစ်မှာ လာကာဇက်တီ၊မာတီနယ်လီ၊

အမ်ခီတီယာ၊ ဆာကာတို့ ခြေစွမ်းပြနေတာကြောင့် အူဘာမီယန်းအတွက်

ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာနေတာ ဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာ က နောဝှစ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ

အူဘာမီယန်း အပေါ် အာဏာရှင် ဆန်ဆန် ကိုင်တွယ် နေတာမျိုး လုံးဝ မရှိကြောင်း

ဖြေရှင်းလိုက်ပြီး သူ့အနေနဲ့ ကစားသမားတွေဆီက လေးစားမှု နဲ့

အသင်းအတွက် ပေးဆပ် ကစားလိုစိတ်ကိုပဲ အလို ရှိတာ ဖြစ်ကြောင်း ဆိုပါတယ် ။

” ကျွန်တော်ရဲ့ ဩဇာ အာဏာ တည်မြဲဖို့ အတွက် အာဏာရှင် ဆန်ဆန်

အကြင်နာ ကင်းမဲ့စွာ လုပ်ဆောင်မှုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။

အူဘာမီယန်း အပေါ် အာဏာရှင် ဆန်ဆန် ဆက်ဆံတာမျိုး

လုံးဝမရှိဘူးလို့ အခိုင်အမာ ပြောချင်ပါတယ် ။ ”

” ကျွန်တော် ကစားသမားတွေဆီက တောင်းဆိုတာ တစ်ခုပဲ ရှိပါတယ် ။

အသင်း အပေါ် လေးစားမှု အပြည့်ထားဖို့ နဲ့ ပေးဆပ် ကစားလိုစိတ် အပြည့် ရှိဖို့ပါ ။

ဒါပါပဲ ၊ အာဆင်နယ် လို အသင်းတစ်သင်းရဲ့အဆင့်အတန်းမှာ ကျွန်တော့်ဘက်က

ဒီလို တောင်းဆိုမှုလေးတောင် မရနိုင်ရင် ကိုယ့်အထုပ် ကိုယ်ဆွဲပြီး

တခြား တစ်နေရာကို ထွက်သွားမိမှာပါ ။ ”လို့ ပြောပါတယ်။

zawgyi

Merry Christmas #FamilyFirst လို႔ဆိုလိုက္တဲ့ အူဘာမီယန္း

အသင္းေခါင္းေဆာင္အျဖစ္ ဖယ္ရွားခံရၿပီးေနာက္

တိုက္စစ္မႉးအူဘာမီယန္းဟာ အင္စတာဂရမ္တြင္ ပထမဆုံးအႀကိမ္

ခရစၥမတ္ပုံတစ္ပုံ တင္ၿပီး စာေရးသား ထုတ္ေဖာ္ခဲ့ပါတယ္။

အူဘာမီယန္းက ခရစၥမတ္ကာလတြင္ မိသားစုနဲ႔အတူ တြဲ႐ိုက္ထားတဲ့

ဓာတ္ပုံအျပင္ စာသားပါေရးသားခဲ့ၿပီး သူ႔ရဲ႕ ေရးသားခ်က္တြင္

မၾကာေသးခင္က အသင္းထံ ျပန္လာတဲ့ ေနာက္က်မႈမ်ိဳးကို

ေတာင္းပန္သြားျခင္း မရွိေသးပါဘူး။ Merry Christmas #FamilyFirst ဟု

စာေရးသားခဲ့ၿပီး မိသားစုက ပထမဦးစားေပးဆိုသည့္သေဘာျဖင့္ တင္ထားခဲ့တာျဖစ္ပါတယ္။

အူဘာမီယန္းမပါဝင္ခ်ိန္တြင္ အာဆင္နယ္အသင္းဟာ ေဆာက္သမ္တန္၊

ဝက္စ္ဟမ္း၊ လိဒ္စ္ယူႏိုက္တက္၊ ဆန္းဒါးလန္းပြဲစဥ္အားလုံးကို

အႏိုင္ကစားထားႏိုင္ခဲ့ၿပီး ရလဒ္ေတြ ေကာင္းေနခဲ့ပါတယ္။

လက္ရွိတြင္ အာဆင္နယ္အသင္းတိုက္စစ္မွာ လာကာဇက္တီ၊မာတီနယ္လီ၊

အမ္ခီတီယာ၊ ဆာကာတို႔ ေျခစြမ္းျပေနတာေၾကာင့္ အူဘာမီယန္းအတြက္

ၿပိဳင္ဆိုင္မႈေတြ ျပင္းထန္လာေနတာ ျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာ က ေနာဝွစ္ နဲ႔ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ

အူဘာမီယန္း အေပၚ အာဏာရွင္ ဆန္ဆန္ ကိုင္တြယ္ ေနတာမ်ိဳး လုံးဝ မရွိေၾကာင္း

ေျဖရွင္းလိုက္ၿပီး သူ႔အေနနဲ႔ ကစားသမားေတြဆီက ေလးစားမႈ နဲ႔

အသင္းအတြက္ ေပးဆပ္ ကစားလိုစိတ္ကိုပဲ အလို ရွိတာ ျဖစ္ေၾကာင္း ဆိုပါတယ္ ။

” ကြၽန္ေတာ္ရဲ႕ ဩဇာ အာဏာ တည္ၿမဲဖို႔ အတြက္ အာဏာရွင္ ဆန္ဆန္

အၾကင္နာ ကင္းမဲ့စြာ လုပ္ေဆာင္မႈမ်ိဳး ဘယ္ေတာ့မွ လုပ္မွာ မဟုတ္ပါဘူး။

အူဘာမီယန္း အေပၚ အာဏာရွင္ ဆန္ဆန္ ဆက္ဆံတာမ်ိဳး

လုံးဝမရွိဘူးလို႔ အခိုင္အမာ ေျပာခ်င္ပါတယ္ ။ ”

” ကြၽန္ေတာ္ ကစားသမားေတြဆီက ေတာင္းဆိုတာ တစ္ခုပဲ ရွိပါတယ္ ။

အသင္း အေပၚ ေလးစားမႈ အျပည့္ထားဖို႔ နဲ႔ ေပးဆပ္ ကစားလိုစိတ္ အျပည့္ ရွိဖို႔ပါ ။

ဒါပါပဲ ၊ အာဆင္နယ္ လို အသင္းတစ္သင္းရဲ႕အဆင့္အတန္းမွာ ကြၽန္ေတာ့္ဘက္က

ဒီလို ေတာင္းဆိုမႈေလးေတာင္ မရႏိုင္ရင္ ကိုယ့္အထုပ္ ကိုယ္ဆြဲၿပီး

တျခား တစ္ေနရာကို ထြက္သြားမိမွာပါ ။ ”လို႔ ေျပာပါတယ္။