
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကင်မရွန်း
နိုင်ငံအတွက် အကြမ်းဖက်အပြုအမူတွေမြင့်တက်နေတာကြောင့် ပြိုင်ပွဲလာ
ရောက်ယှဉ်ပြိုင်ကြမယ့် ပရီးမီးယားလိဂ်နာမည်ကျော်ကစားသမားတွေရဲ့
အသက်အန္တရာယ်လုံခြုံရေးက စိတ်ချရတဲ့အနေအထားမှာမရှိဘူးလို့
လူအခွင့်အရေးလှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အာဖရိကတိုက်ရဲ့နိုင်ငံပေါင်း (၂၄)နိုင်ငံပါဝင်
ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လာမယ့်နှစ်၊ ဇန်နဝါရီ(၉)ရက်မှာ စတင်ကျင်းပမှာ
ဖြစ်ပေမယ့် ကိုဗစ်ရောဂါတွေရော၊ အကြမ်းဖက်မှုတွေကြောင့် အဲဒီပြိုင်ပွဲကို
ရွှေ့ဆိုင်းဖို့ တောင်းဆိုသံတွေထွက်ပေါ်နေပါတယ်။ အဲဒီပြိုင်ပွဲမှာ ပရီးမီး
ယားလိဂ်ပြိုင်ပွဲက ပါတေး၊ ပီပီ၊ အယ်လ်နန်နီ၊ မန်ဒီ၊ ဇာဟာ၊ မာရက်ဇ်၊
ဆာလာ၊ မာနေးနဲ့နာဘီကီတာတို့အပါအဝင် ကစားသမားအယောက်(၄၀)
လောက်ပါဝင်ယှဉ်ပြိုင်မှာပါ။ ကင်မရွန်းနိုင်ငံအတွင်း စာသင်ခန်းထဲဗုံးပေါက်
ကွဲတာ၊ တက္ကဆီပေါ်မှာ ဗုံးပေါက်တာအပါအဝင် လုံခြုံရေးမတည်မငြိမ်
ဖြစ်နေတာကြောင့် ပြိုင်ပွဲအတွက် Promotion ဆင်းခဲ့တုန်းက Mascot
(လာဘ်ကောင်)တောင် ကျည်ကာအကျႌဝတ်ဆင်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်
အပြည့်နဲ့ Promote လုပ်ခဲ့ရပါတယ်။ ဒီလို အဖက်ဖက်က အခြေအနေ
ဆိုးတွေနဲ့ရင်ဆိုင်နေရတာကြောင့် မီဒီယာတွေနဲ့ လူအခွင့်အရေးကာကွယ်
သူတွေက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့အတွက် တာဝန်ရှိ
သူတွေကို ဖိအားပေးတောင်းဆိုနေကြတာဖြစ်ပါတယ်။
အခုတစ်ပတ်အတွင်းမှာပဲ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဥက္ကဌ
Patrice Motsepe ဟာ ကင်မရွန်းနိုင်ငံသမ္မတဖြစ်သူပေါလ်ဘိုင်ယာနဲ့
ဆုံတွေ့ခဲ့ပြီး ပြိုင်ပွဲကို သတ်မှတ်ထားတဲ့အတိုင်းကျင်းပဖို့ သဘောတူညီခဲ့ပါတယ်။
အဲဒါကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ပုံမှန်အတိုင်းကျင်းပမယ်ဆိုရင်တော့
ပရီးမီးယားလိဂ်ကစားသမားတွေအနေနဲ့ ကိုယ့်လုံခြုံရေးကို ကိုယ့်ဘာသာ
တာဝန်ယူရမယ့်အနေအထားရှိနေပါပြီ။
Zawgyi
Mascot ေတာင္ က်ည္ကာအက်ႌ၀တ္ခဲ့ရတဲ့ ကင္မ႐ြန္းရဲ႕ လုံၿခဳံေရးေျခေန
အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ ကင္မ႐ြန္း
ႏိုင္ငံအတြက္ အၾကမ္းဖက္အျပဳအမူေတြျမင့္တက္ေနတာေၾကာင့္ ၿပိဳင္ပြဲလာ
ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကစားသမားေတြရဲ႕
အသက္အႏၲရာယ္လုံၿခဳံေရးက စိတ္ခ်ရတဲ့အေနအထားမွာမရွိဘူးလို႔
လူအခြင့္အေရးလႈပ္ရွားသူေတြက သတိေပးေနၾကပါတယ္။ အာဖရိက
ႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို အာဖရိကတိုက္ရဲ႕ႏိုင္ငံေပါင္း (၂၄)ႏိုင္ငံပါဝင္
ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး လာမယ့္ႏွစ္၊ ဇန္နဝါရီ(၉)ရက္မွာ စတင္က်င္းပမွာ
ျဖစ္ေပမယ့္ ကိုဗစ္ေရာဂါေတြေရာ၊ အၾကမ္းဖက္မႈေတြေၾကာင့္ အဲဒီၿပိဳင္ပြဲကို
ေ႐ႊ႕ဆိုင္းဖို႔ ေတာင္းဆိုသံေတြထြက္ေပၚေနပါတယ္။ အဲဒီၿပိဳင္ပြဲမွာ ပရီးမီး
ယားလိဂ္ၿပိဳင္ပြဲက ပါေတး၊ ပီပီ၊ အယ္လ္နန္နီ၊ မန္ဒီ၊ ဇာဟာ၊ မာရက္ဇ္၊
ဆာလာ၊ မာေနးနဲ႔နာဘီကီတာတို႔အပါအဝင္ ကစားသမားအေယာက္(၄၀)
ေလာက္ပါဝင္ယွဥ္ၿပိဳင္မွာပါ။ ကင္မ႐ြန္းႏိုင္ငံအတြင္း စာသင္ခန္းထဲဗုံးေပါက္
ကြဲတာ၊ တကၠဆီေပၚမွာ ဗုံးေပါက္တာအပါအဝင္ လုံၿခဳံေရးမတည္မၿငိမ္
ျဖစ္ေနတာေၾကာင့္ ၿပိဳင္ပြဲအတြက္ Promotion ဆင္းခဲ့တုန္းက Mascot
(လာဘ္ေကာင္)ေတာင္ က်ည္ကာအက်ႌဝတ္ဆင္ခဲ့ရၿပီး ရဲတပ္ဖြဲ႕ဝင္
အျပည့္နဲ႔ Promote လုပ္ခဲ့ရပါတယ္။ ဒီလို အဖက္ဖက္က အေျခအေန
ဆိုးေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ မီဒီယာေတြနဲ႔ လူအခြင့္အေရးကာကြယ္
သူေတြက အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို ေ႐ႊ႕ဆိုင္းဖို႔အတြက္ တာဝန္ရွိ
သူေတြကို ဖိအားေပးေတာင္းဆိုေနၾကတာျဖစ္ပါတယ္။ အခုတစ္ပတ္
အတြင္းမွာပဲ အာဖရိကေဘာလုံးအဖြဲ႕ခ်ဳပ္(CAF)ဥကၠဌ Patrice Motsepe
ဟာ ကင္မ႐ြန္းႏိုင္ငံသမၼတျဖစ္သူေပါလ္ဘိုင္ယာနဲ႔ဆုံေတြ႕ခဲ့ၿပီး ၿပိဳင္ပြဲကို
သတ္မွတ္ထားတဲ့အတိုင္းက်င္းပဖို႔ သေဘာတူညီခဲ့ပါတယ္။ အဲဒါေၾကာင့္
အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲကို ပုံမွန္အတိုင္းက်င္းပမယ္ဆိုရင္ေတာ့
ပရီးမီးယားလိဂ္ကစားသမားေတြအေနနဲ႔ ကိုယ့္လုံၿခဳံေရးကို ကိုယ့္ဘာသာ
တာဝန္ယူရမယ့္အေနအထားရွိေနပါၿပီ။