
ဗီလာနဲ့ကစားရမယ့်ပွဲအတွက် မန်ယူအသင်းရဲ့လူစာရင်းမှာ မာရှယ်ပါဝင်ဖို့
ငြင်းဆန်ခဲ့တယ်လို့ နည်းပြရန်းနစ်ခ်ရဲ့ပြောကြားမှု ကို
ကစားသမားကပြန်ပြီးငြင်းလိုက်တဲ့အတွက်
ဘယ်သူ့ကိုယုံရမှန်းမသိအောင်ဖြစ်နေရပြီလို့ ဆိုနေကြပါတယ်။
မာရှယ်ဟာ အခုဆောင်းရာသီဈေးကွက်ထဲမှာ
မန်ယူကနေထွက်ခွာလိုနေသူဖြစ်ပြီး
ဆီဗီလာကခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။
ဗီလာနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ မန်ယူဟာပွဲထွက်လူစာရင်း ၁၁ ယောက်အပြင်
အရန်စာရင်းမှာဂိုးသမား ၂ ဦးအပါအဝင် ကစား သမားစုစုပေါင်း
၉ ဦးအထိရှိရမှာဖြစ်ပေမယ့် ၈ ဦးသာရှိခဲ့တာပါ။
ပွဲအပြီးမှာ ဒါနဲ့ပတ်သက်လို့ မေးမြန်းမှုကို ရန်းနစ်ခ်က
” သူက အသင်းလူစာရင်းမှာမပါချင်ဘူးတဲ့။
ပုံမှန်အတိုင်းဆိုသူပါရမှာလေ။ ဒါပေမယ့်မပါချင်ဘူးဆိုမှတော့
ကျွန်တော်တို့ကလည်းသူ့ကို မခေါ်လာရုံဘဲပေါ့” လို့ ပြောသွားပါတယ်။
မန်ယူဟာ ဗီလာနဲ့ပွဲလူစာရင်းမှာ ဒဏ်ရာမသက်သာသေးတဲ့
စီရော်နယ်ဒိုနဲ့ ပြဿနာ အချို့ရှိနေတဲ့ မာရှယ် တို့ကိုလည်း
ချန်လှပ်ထားခဲ့ရလို့ ရန်းနစ်ခ်ဘက်က ဒီလိုပြောကြားမှုဟာ
တော်တော်လေးကို လှုပ်ခတ်သွားခဲ့တာပါ။
အခုလိုရန်းနစ်ခ်ကပြောခဲ့ပေမယ့် အဲဒီပြင်သစ်ကစားသမားကတော့
ဆိုရှယ်မီဒီယာထက်မှာပို့စ်တစ်ခုတင်ကာ
သူမပါလိုဘူးဆို တာမဟုတ်ကြောင်း ရှင်းပြခဲ့ပြန်ပါတယ်။
သူ့အင်စတာဂရမ်ကနေ မာရှယ်က” မန်ယူအတွက်ကစားပေးဖို့ကို
ဘယ်တုန်းကမှ ငြင်းပယ်ခဲ့ခြင်းမရှိပါဘူး။
ဒီကိုရောက်နေတဲ့ ၇ နှစ်အတွင်းမှာလည်းကလပ်နဲ့ ပရိသတ်တွေကို
ဘယ်တုန်းကမှ မလေးမစား မလုပ် ခဲ့ဘူးသလို
ဘယ်တော့မှလည်းလုပ်မှာမဟုတ်ပါဘူး” လို့ဆိုခဲ့တာပါ။
ဆီဗီလာဟာ မာရှယ်ကိုအငှားခေါ်ယူလိုပေမယ့်
မန်ယူဘက် ကတောင်းဆိုမှုဖြစ်တဲ့ ကစားသမားရဲ့
တစ်ပတ်လစာပေါင် ၁၃၀၀၀၀ ကိုသူတို့ဘက်က
တစ်ဝက်သာပေးဖို့နဲ့ အငှားခေါ်ယူကြေး လိုချင်တယ် ဆိုတဲ့အချက်တွေကို
အဲဒီစပိန်ကလပ်ဘက်က လက်မခံလို့ အခြေအနေက
တိုးတက်မှုမရှိဘဲဖြစ်နေတာပါ။
မာရှယ် ဟာဒီရာသီပရီးမီးယားလိဂ်မှာ မန်ယူအတွက် ၇ ပွဲသာကစားရသေးပြီး
သူနောက်ဆုံးကစားခဲ့တာက ဒီဇင်ဘာ ၂ က အာဆင် နယ်ကို
၃-၂ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ၂ မိနစ်သာလူစားဝင်ခဲ့ရမှုဖြစ်ပါတယ်။
zawgyi
ဘယ္သူ႔ကိုယုံလို႔ ယုံရမွန္းမသိေအာင္ျဖစ္ေနရၿပီ
ဗီလာနဲ႔ကစားရမယ့္ပြဲအတြက္ မန္ယူအသင္းရဲ႕လူစာရင္းမွာ မာရွယ္ပါဝင္ဖို႔
ျငင္းဆန္ခဲ့တယ္လို႔ နည္းျပရန္းနစ္ခ္ရဲ႕ေျပာၾကားမႈ ကို
ကစားသမားကျပန္ၿပီးျငင္းလိုက္တဲ့အတြက္
ဘယ္သူ႔ကိုယုံရမွန္းမသိေအာင္ျဖစ္ေနရၿပီလို႔ ဆိုေနၾကပါတယ္။
မာရွယ္ဟာ အခုေဆာင္းရာသီေဈးကြက္ထဲမွာ
မန္ယူကေနထြက္ခြာလိုေနသူျဖစ္ၿပီး
ဆီဗီလာကေခၚယူဖို႔စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။
ဗီလာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ မန္ယူဟာပြဲထြက္လူစာရင္း ၁၁ ေယာက္အျပင္
အရန္စာရင္းမွာဂိုးသမား ၂ ဦးအပါအဝင္ ကစား သမားစုစုေပါင္း
၉ ဦးအထိရွိရမွာျဖစ္ေပမယ့္ ၈ ဦးသာရွိခဲ့တာပါ။
ပြဲအၿပီးမွာ ဒါနဲ႔ပတ္သက္လို႔ ေမးျမန္းမႈကို ရန္းနစ္ခ္က
” သူက အသင္းလူစာရင္းမွာမပါခ်င္ဘူးတဲ့။
ပုံမွန္အတိုင္းဆိုသူပါရမွာေလ။ ဒါေပမယ့္မပါခ်င္ဘူးဆိုမွေတာ့
ကြၽန္ေတာ္တို႔ကလည္းသူ႔ကို မေခၚလာ႐ုံဘဲေပါ့” လို႔ ေျပာသြားပါတယ္။
မန္ယူဟာ ဗီလာနဲ႔ပြဲလူစာရင္းမွာ ဒဏ္ရာမသက္သာေသးတဲ့
စီေရာ္နယ္ဒိုနဲ႔ ျပႆနာ အခ်ိဳ႕ရွိေနတဲ့ မာရွယ္ တို႔ကိုလည္း
ခ်န္လွပ္ထားခဲ့ရလို႔ ရန္းနစ္ခ္ဘက္က ဒီလိုေျပာၾကားမႈဟာ
ေတာ္ေတာ္ေလးကို လႈပ္ခတ္သြားခဲ့တာပါ။
အခုလိုရန္းနစ္ခ္ကေျပာခဲ့ေပမယ့္ အဲဒီျပင္သစ္ကစားသမားကေတာ့
ဆိုရွယ္မီဒီယာထက္မွာပို႔စ္တစ္ခုတင္ကာ
သူမပါလိုဘူးဆို တာမဟုတ္ေၾကာင္း ရွင္းျပခဲ့ျပန္ပါတယ္။
သူ႔အင္စတာဂရမ္ကေန မာရွယ္က” မန္ယူအတြက္ကစားေပးဖို႔ကို
ဘယ္တုန္းကမွ ျငင္းပယ္ခဲ့ျခင္းမရွိပါဘူး။
ဒီကိုေရာက္ေနတဲ့ ၇ ႏွစ္အတြင္းမွာလည္းကလပ္နဲ႔ ပရိသတ္ေတြကို
ဘယ္တုန္းကမွ မေလးမစား မလုပ္ ခဲ့ဘူးသလို
ဘယ္ေတာ့မွလည္းလုပ္မွာမဟုတ္ပါဘူး” လို႔ဆိုခဲ့တာပါ။
ဆီဗီလာဟာ မာရွယ္ကိုအငွားေခၚယူလိုေပမယ့္
မန္ယူဘက္ ကေတာင္းဆိုမႈျဖစ္တဲ့ ကစားသမားရဲ႕
တစ္ပတ္လစာေပါင္ ၁၃၀၀၀၀ ကိုသူတို႔ဘက္က
တစ္ဝက္သာေပးဖို႔နဲ႔ အငွားေခၚယူေၾကး လိုခ်င္တယ္ ဆိုတဲ့အခ်က္ေတြကို
အဲဒီစပိန္ကလပ္ဘက္က လက္မခံလို႔ အေျခအေနက
တိုးတက္မႈမရွိဘဲျဖစ္ေနတာပါ။
မာရွယ္ ဟာဒီရာသီပရီးမီးယားလိဂ္မွာ မန္ယူအတြက္ ၇ ပြဲသာကစားရေသးၿပီး
သူေနာက္ဆုံးကစားခဲ့တာက ဒီဇင္ဘာ ၂ က အာဆင္ နယ္ကို
၃-၂ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ ၂ မိနစ္သာလူစားဝင္ခဲ့ရမႈျဖစ္ပါတယ္။