ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမား ကော်နာဂါလာဂါ ဟာ
ဒီရာသီမှာခြေစွမ်းပြနေတာကြောင့် ဥရောပမှာထိပ်သီးအသင်း တွေရဲ့
အာရုံစိုက်ခြင်းကို ခံလာရကြောင်းသိရပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့
ဂါလာဂါ ဟာဒီရာသီပရီးမီးယားလိဂ်မှာ ပဲ လေ့စ်အတွက် ၁၈ ပွဲကစားပြီး
၆ ဂိုးသွင်းယူထားကာ ၃ ဂိုးဖန်တီးပေးထားသူပါ။ ဒါကြောင့်လည်းသူဟာ
အင်္ဂလန်လက်ရွေးစင် အသင်းမှာပါရွေးချယ်ခံခဲ့ပါတယ်။
သူဟာ ချဲလ်ဆီးအသင်းကနေ ပဲလေ့စ်ဆီအငှားလာရောက်ကစားနေတာဖြစ်ပြီး
သူ့ရဲ့တိုးတက် လွန်းတဲ့ခြေစွမ်းကြောင့် ချဲလ်ဆီးကအခုဇန်နဝါရီဈေးကွက်ထဲမှာ
ပြန်ခေါ်လိုနေပေမယ့် သူတို့သဘောတူညီထားတဲ့ ပွဲအရေအ တွက်ထက်
ကျော်လွန်ကစားထားပြီးဖြစ်လို့ ရာသီကုန်မှသာပြန်ခေါ်နိုင်မှာဖြစ်ပါတယ်။
ပိုပြီးအံ့အားသင့်စရာကောင်းတာက ကမ္ဘာကျော်တွေစုဝေးနေတဲ့ ပီအက်စ်ဂျီအသင်းက
ဂါလာဂါကို ပေါင်သန်း ၅၀ နဲ့ခေါ်ယူဖို့စိတ်ဝင်စားနေတာပါဘဲ။
ပီအက်စ်ဂျီအ သင်းနည်းပြ ပိုချက်တီနိုဟာ ပရီးမီးယားလိဂ်မှာ
ဂါလာဂါခြေစွမ်းပြနေတာကို သဘောကျပြီးကွင်းလယ်အင်အားဖြည့်တင်းဖို့အ တွက်
ခေါ်ယူဖို့ကြံစည်နေတာဖြစ်ပါတယ်။ ဂါလာဂါ ဘယ်လောက်အထိ
နာမည်ကျော်နေသလဲဆိုရင် စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ မာကာ က
ထုတ်ပြန်ခဲ့တဲ့ ၂၀၂၂ အ တွက်စောင့်ကြည့်ရမယ့်အံ့အားသင့်စရာလူငယ် ၁၁ ဦး
( Marca’s wonderkids to watch for 2022)စာရင်းမှာသူပါဝင်နေတာပါ ဘဲ။
အဲဒီသတင်းစာက ဂါလာဂါ ဟာခြေစွမ်းလည်းကောင်းပြီး နည်းစနစ်ပိုင်းမှာလည်း
အလိုက်အထိုက်ကစားနိုင်သူဖြစ်လို့ ချဲလ် ဆီးအသင်းရဲ့ရတနာတစ်ပါးလို့တောင်
တင်စားခဲ့တာပါ။ ဒါ့အပြင် မာကာသတင်းစာက ဂါလာဂါ ကို
မန်စီးတီးအသင်းဆီရောက် သွားတဲ့ ဂရီလစ်ရှ် လိုဖြစ်လာမယ့်သူလို့နှိုင်းယှဥ်ခဲ့တာပါ။
ဂရီလစ်ရှ်ဟာ အက်စ်တွန်ဗီလာကနေ မန်စီးတီးကိုပြောင်းသွားပြီး
အင်္ဂလိပ်ကစားသမားတွေထဲမှာ တန်ကြေးအမြင့်ဆုံးသူလည်းဖြစ်ခဲ့တာပါ။
မာကာက ဖော်ပြခဲ့တဲ့လူငယ် ၁၁ ဦးစာရင်းကတော့ ဂိုးသမားနေရာမှာ
ဂါဗင်ဘာဇူနူ(ပို့စ်မောက်/အိုင်ယာလန်)၊ နောက်တန်းမှာ လစ်ဗရာမန်တို
(ဆောက်သမ်တန်/အင်္ဂလန်)၊ ကိုင်ကီ ဖာနန်ဒက်စ်(ဆန်းတို့စ်/ ဘရာဇီး)၊
ဂွန်ကာလိုအီနာစီယို( စပို့တင်းလစ္စဘွန်း/ ပေါ်တူဂီ)၊ အေရွန်ဟစ်ကီ
( လိုလော့ဂ်နာ/ စကော့ တလန်)၊ အလယ်တန်းမှာ
အရယ်လီယန်ချူအာမန်နီ( မိုနာကို/ပြင်သစ်)၊
ဖလိုရီယန်ဝါ့ဇ်(လေဗာကူဆင်/ဂျာမနီ)၊ ဂါလာဂါ(ခရစ္စ တယ်ပဲလေ့စ်/အင်္ဂလန်)၊
တိုက်စစ်မှာ နိုနီမာဒူကီ(ပီအက်စ်ဗီ/ အင်္ဂလန်)၊ ကာမယ်ဒင်းဆူလေမန်နာ(ရန်းနစ်/ ဂါနာ)၊
ဂျူလီယန် အယ်လ်ဗာရက်ဇ်(ရေးဗားပလိတ်/ အာဂျင်တီးနား) တို့ဖြစ်ပါတယ်။
zawgyi
Marca’s wonderkids to watch for 2022 စာရင်းမှာ ပါဝင်တဲ့ ပဲလေ့စ်က ဂါလာဂါ