Man Of The Match ဆု အကြိမ်အများဆုံးရခဲ့တဲ့ကစားသမားများ

နိုင်ငံတကာပွဲစဉ်တွေ ပြန်လည်စတင်မှာဖြစ်တာကြောင့် ဒီတစ်ပတ်မှာတော့

လိဂ်ပြိုင်ပွဲတွေအကုန်လုံး ခဏရပ်နားမှာဖြစ်ပြီး လာမယ့်နိုဝင်ဘာ(၂၀)မှ

ပြန်ကစားကြမှာဖြစ်ပါတယ်။

အခုလက်ရှိအချိန်အထိ ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာ နာမည်ကျော်

ကစားသမားတွေထဲက တချို့ကတော့ ပုံမှန်အတိုင်းခြေစွမ်းပြကစားနိုင်ကြပေမယ့်

ရုန်းကန်နေရတဲ့သူတွေလည်းရှိပါတယ်။ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရတဲ့သူတွေထဲမှာ

အထင်ရှားဆုံးကPSG အသင်းရဲ့အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီပဲဖြစ်ပြီး

ပြင်သစ်လီဂူးပွဲစဉ်(၅)ပွဲကစားပြီးချိန်မှာ တစ်ဂိုးမှမသွင်းနိုင်သေးပါဘူး။

မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ရာသီမှာ

Man Of The Match ဆုကို (၂၂)ကြိမ်အထိရရှိခဲ့ပြီး ဘောလုံးသမားဘဝ

တစ်လျှောက် စုစုပေါင်း(၂၃၄)ကြိမ်နဲ့အကြိမ်အများဆုံးရရှိခဲ့သူအဖြစ်

စံချိန်တင်ထားပေမယ့် ပြင်သစ်လီဂူးမှာတော့ Man Of The Match တစ်ခါမှ

မရသေးတာက အံ့အားသင့်စရာပါပဲ။ သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုတောင်

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဒီရာသီပရီးမီးယားလိဂ်မှာ

Man Of The Match ဆု နှစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။

ဒီရာသီ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာ Man Of The Match ဆုကို

အကြိမ်အများဆုံးရရှိခဲ့တာက ရီးယဲလ်အသင်းတိုက်စစ်မှူးဘန်ဇီမာပဲဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုမရှိတော့ကတည်းက ရီးယဲလ်အသင်းတိုက်စစ်ကို အဓိက

ဦးဆောင်နေတဲ့ ဘန်ဇီမာဟာ ဒီရာသီလာလီဂါ(၁၁)ပွဲကစားပြီးချိန်မှာ

(၁၀)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၇)ကြိမ်အထိပြုလုပ်ထားပြီး Man Of The Match

ဆုကို (၅)ကြိမ်အထိရယူနိုင်ခဲ့တာပါ။

ဘန်ဇီမာလိုပဲ Man Of The Match ဆုကို (၅)ကြိမ်ရယူနိုင်ခဲ့တာက ရိုးမား

အသင်းခေါင်းဆောင်ပယ်လီဂရီနီပါပဲ။ ကွင်းလယ်နေရာစုံမှာကစားနိုင်သလို

တိုက်စစ်အားသန်တဲ့ကစားသမားဖြစ်သူ ပယ်လီဂရီနီဟာ စီးရီးအေ(၁၁)ပွဲကစား၊

(၅)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားပါတယ်။

လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့

တိုက်စစ်ကစားသမားဆာလာကတော့ Man Of The Match ဆုကို (၄)ကြိမ်ရရှိခဲ့ပြီး

ဆာလာဟာ ပရီးမီးယားလိဂ်(၁၁)ပွဲမှာ (၁၀)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၆)ကြိမ်

ပြုလုပ်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အာဖရိက,ကစားသမားတွေထဲမှာ

သွင်းဂိုးအများဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လိဂ်မှာ မက်ဆီရုန်းကန်နေရပေမယ့် မောင့်ပယ်လီယာကွင်းလယ်တိုက်စစ်ကစားသမား

ဆာဗာနီယာက ခြေစွမ်းပြကစားနေပြီး Man Of The Match ဆုကို (၄)ကြိမ်အထိ

ရရှိခဲ့တာကြောင့် မက်ဆီထက် ပိုကောင်းတဲ့စွမ်းဆောင်ရည်ပြနေတယ်လို့ဆိုရမှာပါ။

သူနဲ့အတူ ဘီလ်ဘာအိုကွင်းလယ်လူမူနီယန်ကလည်း Man Of The Match ဆု

(၄)ကြိမ်နဲ့ ဒီရာသီ ဥရောပထိပ်တန်းလိဂ်တွေမှာ Man Of The Match

အကြိမ်အများဆုံးရခဲ့တဲ့ကစားသမားစာရင်းမှာတစ်ဦးအပါအဝင်အဖြစ်ရပ်တည်နေပါတယ်။

Zawgyi

Man Of The Match ဆု အႀကိမ္အမ်ားဆုံးရခဲ့တဲ့ကစားသမားမ်ား

ႏိုင္ငံတကာပြဲစဥ္ေတြ ျပန္လည္စတင္မွာျဖစ္တာေၾကာင့္ ဒီတစ္ပတ္မွာေတာ့

လိဂ္ၿပိဳင္ပြဲေတြအကုန္လုံး ခဏရပ္နားမွာျဖစ္ၿပီး လာမယ့္ႏိုဝင္ဘာ(၂၀)မွ

ျပန္ကစားၾကမွာျဖစ္ပါတယ္။

အခုလက္ရွိအခ်ိန္အထိ ဥေရာပထိပ္သီးလိဂ္ၿပိဳင္ပြဲေတြမွာ နာမည္ေက်ာ္

ကစားသမားေတြထဲက တခ်ိဳ႕ကေတာ့ ပုံမွန္အတိုင္းေျခစြမ္းျပကစားႏိုင္ၾကေပမယ့္

႐ုန္းကန္ေနရတဲ့သူေတြလည္းရွိပါတယ္။ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔႐ုန္းကန္ေနရတဲ့သူေတြထဲမွာ

အထင္ရွားဆုံးကPSG အသင္းရဲ႕အာဂ်င္တီးနားနာမည္ေက်ာ္ကစားသမား မက္ဆီပဲျဖစ္ၿပီး

ျပင္သစ္လီဂူးပြဲစဥ္(၅)ပြဲကစားၿပီးခ်ိန္မွာ တစ္ဂိုးမွမသြင္းႏိုင္ေသးပါဘူး။

မက္ဆီဟာ ဘာစီလိုနာအသင္းအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ရာသီမွာ

Man Of The Match ဆုကို (၂၂)ႀကိမ္အထိရရွိခဲ့ၿပီး ေဘာလုံးသမားဘဝ

တစ္ေလွ်ာက္ စုစုေပါင္း(၂၃၄)ႀကိမ္နဲ႔အႀကိမ္အမ်ားဆုံးရရွိခဲ့သူအျဖစ္

စံခ်ိန္တင္ထားေပမယ့္ ျပင္သစ္လီဂူးမွာေတာ့ Man Of The Match တစ္ခါမွ

မရေသးတာက အံ့အားသင့္စရာပါပဲ။ သူ႔ရဲ႕အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုေတာင္

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔အတူ ဒီရာသီပရီးမီးယားလိဂ္မွာ

Man Of The Match ဆု ႏွစ္ႀကိမ္ရယူႏိုင္ခဲ့ပါတယ္။

ဒီရာသီ ဥေရာပထိပ္တန္းလိဂ္ၿပိဳင္ပြဲေတြမွာ Man Of The Match ဆုကို

အႀကိမ္အမ်ားဆုံးရရွိခဲ့တာက ရီးယဲလ္အသင္းတိုက္စစ္မႉးဘန္ဇီမာပဲျဖစ္ပါတယ္။

စီေရာ္နယ္လ္ဒိုမရွိေတာ့ကတည္းက ရီးယဲလ္အသင္းတိုက္စစ္ကို အဓိက

ဦးေဆာင္ေနတဲ့ ဘန္ဇီမာဟာ ဒီရာသီလာလီဂါ(၁၁)ပြဲကစားၿပီးခ်ိန္မွာ

(၁၀)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၇)ႀကိမ္အထိျပဳလုပ္ထားၿပီး Man Of The Match

ဆုကို (၅)ႀကိမ္အထိရယူႏိုင္ခဲ့တာပါ။

ဘန္ဇီမာလိုပဲ Man Of The Match ဆုကို (၅)ႀကိမ္ရယူႏိုင္ခဲ့တာက ႐ိုးမား

အသင္းေခါင္းေဆာင္ပယ္လီဂရီနီပါပဲ။ ကြင္းလယ္ေနရာစုံမွာကစားႏိုင္သလို

တိုက္စစ္အားသန္တဲ့ကစားသမားျဖစ္သူ ပယ္လီဂရီနီဟာ စီးရီးေအ(၁၁)ပြဲကစား၊

(၅)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၂)ႀကိမ္ျပဳလုပ္ထားပါတယ္။

လီဗာပူးလ္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့

တိုက္စစ္ကစားသမားဆာလာကေတာ့ Man Of The Match ဆုကို (၄)ႀကိမ္ရရွိခဲ့ၿပီး

ဆာလာဟာ ပရီးမီးယားလိဂ္(၁၁)ပြဲမွာ (၁၀)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၆)ႀကိမ္

ျပဳလုပ္ခဲ့တဲ့အျပင္ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ အာဖရိက,ကစားသမားေတြထဲမွာ

သြင္းဂိုးအမ်ားဆုံးအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္လိဂ္မွာ မက္ဆီ႐ုန္းကန္ေနရေပမယ့္ ေမာင့္ပယ္လီယာကြင္းလယ္တိုက္စစ္ကစားသမား

ဆာဗာနီယာက ေျခစြမ္းျပကစားေနၿပီး Man Of The Match ဆုကို (၄)ႀကိမ္အထိ

ရရွိခဲ့တာေၾကာင့္ မက္ဆီထက္ ပိုေကာင္းတဲ့စြမ္းေဆာင္ရည္ျပေနတယ္လို႔ဆိုရမွာပါ။

သူနဲ႔အတူ ဘီလ္ဘာအိုကြင္းလယ္လူမူနီယန္ကလည္း Man Of The Match ဆု

(၄)ႀကိမ္နဲ႔ ဒီရာသီ ဥေရာပထိပ္တန္းလိဂ္ေတြမွာ Man Of The Match

အႀကိမ္အမ်ားဆုံးရခဲ့တဲ့ကစားသမားစာရင္းမွာတစ္ဦးအပါအဝင္အျဖစ္ရပ္တည္ေနပါတယ္။