
ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ်တူချယ်က မန်စီးတီးနဲ့ပွဲမှာ
တိုက်စစ်မှူး လူကာကူရဲ့ကစားပုံဟာလုံးဝကျေနပ်စရာမရှိဘူး လို့ ပြောလိုက်ပါတယ်။
ဒီပွဲမှာမန်စီးတီးဟာ ကွင်းလယ်လူဒီဘရိုင်းနား
ရဲ့လှပတဲ့ကန်ချက်ကြောင့် ၁-၀ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါ တယ်။
ဒါကြောင့်လည်းချဲလ်ဆီးဟာ ထိပ်ဆုံးကဦးဆောင်နေတဲ့
မန်စီးတီးနဲ့ ၁၃ မှတ်အထိကွာဟသွားပြီဖြစ်လို့ ပရီးမီးယားလိဂ်
ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ကလည်း
လုံးဝကိုမဖြစ်နိုင်သလောက်နီးပါး ဖြစ်သွားရပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးရဲ့စံချိန်တင်ပြောင်း ရွှေ့ကြေးရှင်ဖြစ်တဲ့
လူကာကူ ဟာအခွင့်အရေးကောင်းကို အသုံးမချနိုင်ခဲ့တဲ့အပြင်
ဘာဖိအားမှမရှိဘဲနဲ့လည်း ဘောလုံး ကိုအလွယ်တကူ
ဆုံးရှုံးပစ်ခဲ့တာတွေကြောင့် တူချယ်ကဒေါသထွက်နေတာပါ။
ဒုတိယပိုင်းအစမှာ အပိုင်ကန်ချက်ကို လူကာကူ အသုံးမချနိုင်ခဲ့ချိန်မှာ
တူချယ်ဟာသူ့ခေါင်းကို တွင်တွင်ရမ်းနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ပေါင် ၉၈ သန်းနဲ့ အင်တာမီလန် ကနေပြောင်းလာတဲ့
လူကာကူ ဟာမကြာသေးခင်က သူ့ရဲ့အင်တာဗျူးတစ်ခုမှာ
တူချယ်ရဲ့နည်းစနစ် ကိုဝေဖန်ခဲ့လို့ လီဗာပူးနဲ့ပွဲ
လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသေးတာပါ။ တူချယ်ဟာဒီပွဲမှာ
သူ့ရဲ့တိုက်စစ်ကစားသမားအားလုံးကို မကျေနပ်ပေမယ့်
လူကာကူ ကိုဘဲအဓိကထားပြီးဝေဖန်မှုတွေပြုလုပ် သွားခဲ့တာပါ။
တူချယ်က” သူဟာအလွယ်တကူဖြစ်နေတဲ့အချိန်နဲ့
ဘာဖိအားမှမရှိတဲ့အချိန်တွေမှာလည်း ဘောလုံးကိုဆုံးရှုံးခဲ့ တာအများကြီးပါ။
အခွင့်အရေးကောင်းလည်းရခဲ့ပါသေးတယ်။
ကျွန်တော်တို့ကသူ့ကိုတာဝန်ကျေစေချင်သလို
သူကအသင်းရဲ့အစိတ်အပိုင်းဖြစ်လို့ တစ်ခါတလေမှာသူ့ဘက်ကလည်းပိုပြီး
အလုပ်အကျွေးပြုဖို့လိုပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့အနေနဲ့
ပိုကောင်းတဲ့ တိုက်စစ်ဆင်မှုရှိသင့်ခဲ့တာပါ။
တိုက်စစ်ပြန်ဆင်ရတဲ့အကြိမ်ပေါင်း ၈ ကြိမ်ကနေ ၉ ကြိမ်အထိ ရခဲ့ပေမယ့်
ဂိုးဧရိယာထဲမှာဘောလုံးတစ်ချက်မှ မထိနိုင်ခဲ့ဘူး။
ကစားပုံချိန်သားမကိုက်ခဲ့သလို တည်ငြိမ်မှုလည်းမရှိခဲ့ဘူး။
ကျွန်တော်တို့သာပိုကောင်းအောင် ကစားနိုင်ခဲ့ရင်
အခွင့်အရေးလည်းပိုရခဲ့မှာပါ” လို့ပြောသွားပါတယ်။
ဒီပွဲမှာလူကာကူ ရဲ့အခိုက်အတန့်ကောင်းကပွဲချိန် ၄၇ မိနစ်မှာရောက်လာခဲ့တာဖြစ်ပြီး
ကိုဗာဆစ်က လူကာကူ ကိုဖန်တီးမှုပြုလုပ် ခဲ့သေးပေမယ့်
ဒီဘယ်လ်ဂျီယံသားရဲ့ကန်ချက်ကို အီဒါဆန် ကာကွယ်သွားနိုင်တာဘဲဖြစ်ပါတယ်။
ဒီကန်ချက်ဟာဂိုးရခဲ့သင့်လို့ ချဲလ်ဆီးအတွက်
အပြောင်းအလဲဖြစ်နိုင်မယ့်အခြေအနေတစ်ရပ်က
သူ့ကြောင့်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။
အသက် ၂၈ နှစ် ရှိတဲ့ လူကာကူဟာချဲလ်ဆီးအတွက်
နောက်ဆုံး ၁၈ ပွဲမှာ ၄ ဂိုးသာသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။
zawgyi
အခြင့္အေရးေကာင္းကို အသုံးမခ်ႏိုင္ခဲ့တဲ့အျပင္ ေဘာလုံးကိုအလြယ္တကူဆုံးရႈံးပစ္ခဲ့တာေတြေၾကာင့္ လူကာကူကို တူခ်ယ္ ေဒါသထြက္ေန
ခ်ဲလ္ဆီးအသင္းနည္းျပ ေသာမတ္စ္တူခ်ယ္က မန္စီးတီးနဲ႔ပြဲမွာ
တိုက္စစ္မႉး လူကာကူရဲ႕ကစားပုံဟာလုံးဝေက်နပ္စရာမရွိဘူး လို႔ ေျပာလိုက္ပါတယ္။
ဒီပြဲမွာမန္စီးတီးဟာ ကြင္းလယ္လူဒီဘ႐ိုင္းနား
ရဲ႕လွပတဲ့ကန္ခ်က္ေၾကာင့္ ၁-၀ နဲ႔အႏိုင္ရရွိခဲ့တာျဖစ္ပါ တယ္။
ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့
မန္စီးတီးနဲ႔ ၁၃ မွတ္အထိကြာဟသြားၿပီျဖစ္လို႔ ပရီးမီးယားလိဂ္
ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ကလည္း
လုံးဝကိုမျဖစ္ႏိုင္သေလာက္နီးပါး ျဖစ္သြားရပါတယ္။
ဒီပြဲမွာ ခ်ဲလ္ဆီးရဲ႕စံခ်ိန္တင္ေျပာင္း ေ႐ႊ႕ေၾကးရွင္ျဖစ္တဲ့
လူကာကူ ဟာအခြင့္အေရးေကာင္းကို အသုံးမခ်ႏိုင္ခဲ့တဲ့အျပင္
ဘာဖိအားမွမရွိဘဲနဲ႔လည္း ေဘာလုံး ကိုအလြယ္တကူ
ဆုံးရႈံးပစ္ခဲ့တာေတြေၾကာင့္ တူခ်ယ္ကေဒါသထြက္ေနတာပါ။
ဒုတိယပိုင္းအစမွာ အပိုင္ကန္ခ်က္ကို လူကာကူ အသုံးမခ်ႏိုင္ခဲ့ခ်ိန္မွာ
တူခ်ယ္ဟာသူ႔ေခါင္းကို တြင္တြင္ရမ္းေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။
ေပါင္ ၉၈ သန္းနဲ႔ အင္တာမီလန္ ကေနေျပာင္းလာတဲ့
လူကာကူ ဟာမၾကာေသးခင္က သူ႔ရဲ႕အင္တာဗ်ဴးတစ္ခုမွာ
တူခ်ယ္ရဲ႕နည္းစနစ္ ကိုေဝဖန္ခဲ့လို႔ လီဗာပူးနဲ႔ပြဲ
လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရေသးတာပါ။ တူခ်ယ္ဟာဒီပြဲမွာ
သူ႔ရဲ႕တိုက္စစ္ကစားသမားအားလုံးကို မေက်နပ္ေပမယ့္
လူကာကူ ကိုဘဲအဓိကထားၿပီးေဝဖန္မႈေတြျပဳလုပ္ သြားခဲ့တာပါ။
တူခ်ယ္က” သူဟာအလြယ္တကူျဖစ္ေနတဲ့အခ်ိန္နဲ႔
ဘာဖိအားမွမရွိတဲ့အခ်ိန္ေတြမွာလည္း ေဘာလုံးကိုဆုံးရႈံးခဲ့ တာအမ်ားႀကီးပါ။
အခြင့္အေရးေကာင္းလည္းရခဲ့ပါေသးတယ္။
ကြၽန္ေတာ္တို႔ကသူ႔ကိုတာဝန္ေက်ေစခ်င္သလို
သူကအသင္းရဲ႕အစိတ္အပိုင္းျဖစ္လို႔ တစ္ခါတေလမွာသူ႔ဘက္ကလည္းပိုၿပီး
အလုပ္အေကြၽးျပဳဖို႔လိုပါတယ္။ ပထမပိုင္းမွာဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔
ပိုေကာင္းတဲ့ တိုက္စစ္ဆင္မႈရွိသင့္ခဲ့တာပါ။
တိုက္စစ္ျပန္ဆင္ရတဲ့အႀကိမ္ေပါင္း ၈ ႀကိမ္ကေန ၉ ႀကိမ္အထိ ရခဲ့ေပမယ့္
ဂိုးဧရိယာထဲမွာေဘာလုံးတစ္ခ်က္မွ မထိႏိုင္ခဲ့ဘူး။
ကစားပုံခ်ိန္သားမကိုက္ခဲ့သလို တည္ၿငိမ္မႈလည္းမရွိခဲ့ဘူး။
ကြၽန္ေတာ္တို႔သာပိုေကာင္းေအာင္ ကစားႏိုင္ခဲ့ရင္
အခြင့္အေရးလည္းပိုရခဲ့မွာပါ” လို႔ေျပာသြားပါတယ္။
ဒီပြဲမွာလူကာကူ ရဲ႕အခိုက္အတန႔္ေကာင္းကပြဲခ်ိန္ ၄၇ မိနစ္မွာေရာက္လာခဲ့တာျဖစ္ၿပီး
ကိုဗာဆစ္က လူကာကူ ကိုဖန္တီးမႈျပဳလုပ္ ခဲ့ေသးေပမယ့္
ဒီဘယ္လ္ဂ်ီယံသားရဲ႕ကန္ခ်က္ကို အီဒါဆန္ ကာကြယ္သြားႏိုင္တာဘဲျဖစ္ပါတယ္။
ဒီကန္ခ်က္ဟာဂိုးရခဲ့သင့္လို႔ ခ်ဲလ္ဆီးအတြက္
အေျပာင္းအလဲျဖစ္ႏိုင္မယ့္အေျခအေနတစ္ရပ္က
သူ႔ေၾကာင့္ဆုံးရႈံးသြားခဲ့ရတာျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္ ရွိတဲ့ လူကာကူဟာခ်ဲလ္ဆီးအတြက္
ေနာက္ဆုံး ၁၈ ပြဲမွာ ၄ ဂိုးသာသြင္းႏိုင္ခဲ့သူျဖစ္ပါတယ္။